သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ
ဒီလူနာ အပေါ် ဘယ်သူတာဝန်ရှိသလဲ။ ကြောက်ချီးပါပြီး ရွာလူကြီးကို ကင်းသမားနဲ့ အတူ ကင်းစောင့်ခိုင်းတယ် ပြီးတော့ ပြန်ပြီးသေနတ်နဲ့ ပစ်တယ်။ ကံကောင်းထောက်မပြီး သေကံမရောက် ဆေးရုံရောက်သွားဒါကို လည်းဘာမှ ငွေမထောက်ပံဘူး ဆိုဒါ လူမဆန်လွန်းတဲ့ နအဖ စစ်တပ်တွေရဲ့လုပ်ရပ်တွေပဲ။ ဦးကျော်လှဟာဒီသတင်းမှာ ဘာလူမျိုးလည်းလို့ ဖေါ်ပြမထားပေမယ့် ကရင်သတင်းစဉ်မှာ ကရင်လူမျိုးလို့  ဖေါ်ပြထားပါတယ်. ဒါဟာ ကရင်မှန်ရင် ဖြစ်ချင်ရာဖြစ် သေချင်သေပေ့စေ ဆိုတဲ့ အနဖ စစ်တပ် ရဲ့ လုပ်ရပ်တွေဖြစ်ကြောင်းဆိုဒါ ဒီသတင်းက သက်သေခံနေပါတယ်။ အဲဒီဒေသမှာ နအဖ နဲ့ အတူ တွဲလုပ်ရှားနေတဲ့ ဒီကေဘီအေ ဆိုဒါတွေ ကရင်အမျိုးသားအတွက်လုပ်နေတယ်ဆိုဒါမှန်ရင် ဒါတွေကို ဘာမှ ၀င်မပြောကြဘူးလါး. နအဖ ကရင်လူမျိုးကိုလုပ်သမျှ မင်းတို့ ဒီလိုပဲ ကြည့်ကြမလား. အပြောမဟုတ်ပဲ ဒီလိုနေရာမျိုးမှာ အမျိုးကို ချစ်ကြောင်း တစ်ခါလောက် သက်သေ ပြကြပါအုံး။။။
Kaowao အောက်တိုဘာ ၁၊၂၀၀၉။
ကန်ချနပူရီ(အောက်တိုဘာ-၁)။ ။ ပေါင်အရိုးကျိုးသေနတ်ဒဏ်ရာရရှိခဲ့သော ဘုရားသုံးဆူမြို့နယ်ခွဲ၊ မဲဇလီရွာရယကအဖွဲ့ဝင် ဦကျော်လှ အသက်(၃၄)နှစ်မှာ ထိုင်းဆေးရုံတစ်ရုံတွင် ဆေးကုသစရိတ်ပေးရန် ငွေမရှိသဖြင့် အလွန်အခက်ကြုံနေရကြောင်း ကောင်းဝါသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ရပ်တွင် ပြောကြားခဲ့သည်။
ကန်ချနပူရီခရိုင်၊ ဖဟွန်ဆေးရုံ၌ ဆေးကုသခံ နေရသောမယ်ဇလီရွာမှ ဦးကျော်လှ
လောလောဆယ်တွင် အသက်စိုးရိမ်ရသည့်အခြေအနေမရှိသော်လည်း ၄င်းရရှိထားသော ဒဏ်ရာများအနက် ဘယ်ဖက်ပေါင်ရိုးကြိုးသည့် ဒဏ်ရာပြီးဆုံးတိုင်အောင်ဆက်လက်ကုသရန် ထိုင်းဘတ်ငွေ ငါးသောင်းခန့် စရိတ်ကုန်ကျမည်ဟု ၄င်းတက်ရောက်ကုသခံနေသော “ဖဟွန်” ဆေးရုံမှ ဆရာဝန်ကခန့်မှန်းထားသည်ဟု ဆိုသည်။ မြန်မာငွေအားဖြင့် ၁၆ သိန်းကျော်ခန့်ကုန်ကျမည် တွက်ဆနိုင်သည်။
“ဆေးကုဖို့ ဗမာစစ်တပ်က ကျနော့်မိန်းမကို ငွေကျပ်တစ်သောင်းခွဲပေးမယ်လို့ ပြောထားတာပဲ၊ ရမရတော့ မသိဘူး၊ အခုကျနော်မှာ ဘာငွေမှမရှိဘူး၊ ကျနော်တစ်ယောက်ထဲဘဲ နေနေရတယ်၊ ကျနော့်ကုသိုလ်ကံပဲ၊ ဘာမှမပြောချင်တော့ပါဘူ့းဗျာ” ဟု ၄င်းက ကံတရားကိုပုံချ ပြောဆိုပါသည်။
ဆေးကုသရန် သက်ဆိုင်ရာမြန်မာစစ်အရာရှိပေးမည်ဆိုသည့် မြန်မာငွေကျပ်တစ်သောင်းခွဲမှာလည်း ထိုင်းငွေအားဖြင့် ဘတ်ငါးရာပင် မရှိဟုဆိုပါသည်။ ယနေ့အထိ ဦးကျော်လှဆေးကုသမှု ကုန်ကျစရိတ်မှာ ဘတ်နှစ်သောင်းရှစ်ထောင်တန်ဖိုးရှိသွားပြီဟု ဆိုပါသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်၊ နံနံက်စောစောတွင် မယ်ဇလီရွာဥက္ကဌအိမ်၌ စစ်အစိုးရတပ်ဖွဲ့စစ်ကြောင်းအတွက် အစောင့်အကူအိပ်ပေးခဲ့ရပြီး စစ်အစိုးရတပ်ဖွဲ့ ခမရ ၃၅၆ စစ်ကြောင်းမှ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဦးကျော်လှဇနီးဖြစ်သူ နန်းပို့ပို့မှာ ၂ လအရွယ်ရင်ခွင်ပိုက်သမီးတစ်ဦးအပါအဝင် စုစုပေါင်းသားသမီး ၄ ယောက်နှင့်အတူ မဲဇလီရွာ၌နေထိုင်လျှက်ရှိပြီး အဆက်အသွယ်ပြုလုပ်နိုင်ရန် မိမိလက်ဝယ်တွင် ငွေကြေးတစ်ပြားတစ်ချပ်မှ မရှိဟုဆိုပါသည်။ ဒဏ်ရာရရှိခဲ့စဉ် နယ်စပ်သို့ လိုက်လံပို့ဆောင်ခဲ့သောဆွေမျိုး အသိမိတ်ဆွေများသည်လည်း နယ်စပ်အထိသာ လာရောက်ခွင့်ရှိကြသည်။
ခမရ ၃၅၆ စစ်ကြောင်းသည် တစ်လနီးပါးခန့်စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်များကျဆုံးမှု များပြားခဲ့ခြင်း၊ ဒဏ်ရာအများအပြား ရရှိခဲ့ခြင်းတို့ကြောင့် အထက်ဗျူဟာမှ နောက်တန်းသို့ လွယ်လွယ်နှင့်မပြန်စေခြင်း၊ ဆုံးရှုံးခဲ့မှုများအတွက် အစားထိုးရရှိနိုင်ရန် ဤဒေသတဝိုက်တွင် ဆက်လက်လှုပ်ရှားနေကြရဦးမည်ဟု စစ်ရေးစောင့်ကြည့်သူများက အကဲခတ်ပြောဆိုနေကြသည်။
No comments:
Post a Comment