ondragstart="return false" onselectstart="return false"

Wednesday, January 6, 2010

နှစ်သစ်ကူး သ၀ဏ်လွှာ

စာဖတ်ပုရိတ်သတ်များအတွက် အီးမေးမှတဆင့် လက်ခံရရှိသော နှစ်သစ်ကူး သ၀ဏ်လွှာ တစောင်ကိုတင်ဆက်ပေးလိုက်ပါတယ်...

နှစ်သစ်ကူး သ၀ဏ်လွှာ

ပြည်သူလူထုအပေါင်းတို့ ခင်ဗျား -

နှစ်သစ်၂၀၁၀ ခုနှစ်မှာ ပြည်သူလူထုအပေါင်း အားသစ်အင်သစ် အမြင်သစ်တွေနဲ့ ဘ၀ရုန်းကန်မှုတွေကို ရင်ဆိုင်နိုင်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ အဓိကရင်ဆိုင်ရမှာက နိုင်ငံရေး ပြဿနာဖြစ်တဲ့ ဗိုလ်သန်းရွှေတို့ကျေညာထားတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ ဆိုလို့ငါတို့ နဲ့ မသက်ဆိုင်ဘူးလို့လဲ မထင်လိုက်ပါနဲ့ဦး။ နိုင်ငံရေး ပြဿနာက အာဏာကိစ္စ ကို ရောက် သွားမယ်။ဒီအာဏာကို ကျွန်တော်တို့ အလေးဂရုမပြုရင် ကျွန်တော်တို့ပြည်သူ့ လက်ထဲမှာ မရှိဘဲ စစ်ဗိုလ်ချုပ် တွေလက်ထဲမှာ ဆက်ရောက်နေလိမ့်မယ်။ ဒီလိုသာဆိုရင် ဒီနေ့ကျွန်တော်တို့ဒုက္ခတွေရောက်နေကြရတာတွေဟာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ ဘူး။ စစ်ဗိုလ်ချုပ်ဆိုတာ စစ်သားတွေမဟုတ်ဘူး လက်တဆုပ်စာ လူစုနည်းနည်းလေး သူတို့က ဖိနှိပ်ရက်စက်မှုတွေနဲ့ ကျွန်တော်တို့ ပြည်သူ၅၄သန်းကို နေ့စဉ်ဓူဝ နည်းမျိုး စုံနဲ့ ဒုက္ခပေး နေတာ။ ဒီတော့အာဏာကိစ္စဖြစ်တဲ့ နိုင်ငံရေးကို ဘေးဖယ်ထားလို့မရဘူး။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးကို ချုပ်ချယ်ဟန့်တားနေတာဟာ ဒီစစ်အာဏာရှင် စနစ်ဘဲ။ ဒီကိစ္စ အတွက် အလေးအနက်ထား ပါဝင်တိုက်ပွဲဝင်ဖြေရှင်းကြရမယ်။

လာမည့်ဒီရွေးကောက်ပွဲကလဲအစချီကထည်းက ကောင်းခဲ့တာမဟုတ်ပါဘူး။ နှစ် ပေါင်း များစွာ အချိန်ဆွဲရေးဆွဲပြီး သန်းရွှေနောက်လိုက်တစုက လွဲလို့မည်သူကမှ မ ထောက်ခံခဲ့တဲ့ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ လုပ်မှာပါ။ ဥပဒေကို အတည် ပြုပုံ ဟာ သူတို့ဘယ်လောက် ပြည်သူကို စော်ကားတော့မယ်ဆိုတာကို နိမိတ်ပြနေခဲ့ပါပြီ။ အခုလဲ ၂၀၀၉ သာကုန်သွားတယ် ရွေးကောက်ပွဲက ဘယ်မှာနေမှန်း မသိသေးဘူး။ လူထု ကို အမှောင်တိုက်ထဲ သွင်းထားတာပါ။ သူတို့ရဲ့လက်ပါးစေ တွေကတော့ ကြိတ်ကြံနေကြ တယ်။ ကြိုတင်ပြင်ဆင်နေကြတော့တယ်။ လွတ်လပ်တယ်။ တရားမျှတယ်ဆိုတာကို ဘေးချိတ် ပွင်းလင်းမှုတောင်မရှိတဲ့ လိမ်စင်ရွေးကောက်ပွဲဟာ ဘယ်လိုမှ ပြည်သူ့အတွက် ဖြစ်မှာ မဟုတ်တာသေချာပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဒီရွေးကောက်ပွဲကို အပြတ်ဆန့်ကျင် သွားမှာပါ။
စစ်အာဏာရှင်တွေ ဆီက အခွင့်အလမ်းတွေ မျှော်လင့်ရင်း စစ်အာဏာရှင်တွေနဲ့ ပလူးးပြီး ပြည်သူကိုဂုတ်ခွစီး အမြတ်ထုတ်ချင်သူ တွေက ဗိုလ်သန်းရွှေရဲ့ရွေးကောက် ပွဲထဲဝင်ပြီး သူတို့လမ်းသူတို့လျှောက်ကြ ပါလိမ့်မယ်။
ဒီနေ့ ကျွန်တော်တို့တိုင်းပြည်အခြေအနေက ပြိုကွဲနေပါပြီ။ သံဃာတွေကအစ ဆုတောင်းဆန္ဒပြ ချီတက်ပွဲ တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့လို့ အမျိုးသားရေး စိတ်ဓါတ် လဲ ပျောက်ပျက်သွား ပါပြီ။ အရပ်ထဲမှာ ရော စစ်တပ်ထဲမှာ ပါဆင်းရဲချမ်းသာကွာဟမှုကြီး မားနေလို့ လူမှုဆက်ဆံ ရေး တွေလဲကျိုးပျက်နေသလို ချစားမှု၊ အကျင့်ပျက်၊ ဘ၀ပျက်မှု တွေဟာ ကြောက်ခမန်း လိလိ ပါဘဲ။“စေ့စပ်” အဖွဲ့တွေရဲ့ နအဖအပေါ်အာခံမှုတွေကတိုင်း ပြည် ပြိုကွဲနေတာကို ဘွားဘွားပေါ်လာနေပါတယ်။
ဒီလိုအခြေအနေမှာ “ စစ်တပ်သာပြိုကွဲရင် ပိုဆိုးမယ်။” ဆိုတဲ့ အမြင်ကလဲပေါ်လာ သေးတယ်။ ဒါက “စစ်အာဏာရှင်နအဖမှ တပါးတခြား ကိုးကွယ်ရာ မရှိ” ဆိုတဲ့ သူတွေ ပါဘဲ။ သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ အမြီးစားဘက်၊ ခေါင်းစားဘက် လက်ပါစေ လက် ဝေခံ တွေပါ။ စစ်အာဏာရှင်တွေအတွက် ပြည်သူကို မှိုင်းတိုက်လိုက်တာ ပါ။နအ ဖ စစ်အာဏာရှင် ကို ပြုတ်အောင် ဖြုတ်နိုင်သူဟာ တိုင်းပြည်ကိုလဲ အုပ်ချုပ်နိုင် ထိန်းသိမ်း နိုင်ပါလိမ့်မယ်။ အခက်အခဲဆုံး စစ်အာဏာရှင်ကိုတောင် ဖြိုချနိုင်မှတော့ တခြားပြဿနာ တွေက အသေး အမွှား ပေါ့။
ဒီနေ့သန်းရွှေတို့ ကျင်သုံးနေတဲ့ စံနစ်ဟာ စစ်ဘုရင်စံနစ်ပါ။ ဒီနေ့ကမ္ဘာပတ် အရင်းရှင် ခေတ်ရဲ့နောက်က မိုင် ၁၀၀၀၀ လောက်အဝေးမှာ ကျန်နေပါပြီ။ ဒါပေမဲ့အမြတ် ထုတ် သွေးစုတ်လိုတဲ့ အရင်းရှင်တွေက ကြမ်းကြမ်းရမ်းရမ်း အမြတ်များများ ထုတ်ပေး နိုင်တဲ့ စစ်ဘုရင် စံနစ် ကိုတနည်းတဖုံနဲ့အားပေးနေပါလိမ့်ဦးမယ်။ဒီတော့သန်းရွှေစစ်ဘုရင် အောက် ကကျွန် တော် တို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ သဃံဇာတတွေအမြတ်ထုတ်ဖို့ လောက်မြင်တဲ့ အရင်း ရှင် တွေ ဆီက အကူအညီနဲ့ ကျွန်တော်တို့ တောင့်တတဲ့ ဒီမိုက ရေစီဆိုတာကို ရနိုင် မှာမ ဟုတ်ဘူး။ သူတို့ကိုမျှော်လင့်အားကိုးနေလို့က မိုးကြီး စုတ်စုတ် ချုပ်ယုံသာ ရှိမှာပါ။ ကျွန် တော်တို့ မှာ ကိုယ့်တော်လှန်ရေး ကိုယ်ဘဲလုပ်ရမှာပါ။
တော်လှန်ရေးကိုဘာမှန်းမသိတဲ့သူကပြောသေးတယ်။“တော်လှန်ရေးလုပ်တာကြာ ပြီ ဘာမှ မဖြစ်လာဘူး။” တဲ့။ အင်္ဂလိပ်တွေ၊ ဂျပန်တွေကို တော်လှန်ခဲ့တာကို သတိမရ သလို၊ဒီနေ့ စစ်အာဏာရှင်စံနစ်တော်လှန်ရေးကို မြန်မာပြည်မှာ ဘယ်တုန်းက ပီပီပြင်ပြင် လုပ် ဘူးလဲ ဆိုတာကော သူစဉ်းစားမိရဲ့လား မပြောတတ်။ အခုဆိုရင် “တော်လှန်ရေး” ဆို တဲ့ စကားတောင် မပြောဝံ့သူတွေက အသပြာထုပ်ြေဲကာင့်ရှေ့တန်းနေရာတွေမှာ ယူနေပြီး တော်လှန်ရေး ဆန့် ကျင်ရေးတွေ လုပ်နေတာကို မမြင်ချင်တဆုံး။ တော်လှန်ရေး မပြောနဲ့ နိုင်ငံရေးတောင် မရှိဘူး။
တော်လှန်ရေးဆိုတာ ပေးဆပ်ရတဲ့ အခြေအနေအချိန်အခါမျိုးမှာ ဘယ်လို ဖြီးပြီး ဘယ်လိုဝါး မယ်။ ဘယ်လိုအကွက်နဲ့ ဘယ်လို အမြတ်မျက်မျက် ရမယ်။ ငါ့လူမျိုး ၊ငါ့ဂိုဏ်း ၊ ငါ့အုပ်စု လောက်အတွက်တွေးပြီး လုပ်ခဲ့ကြ။ လုပ်နေကြတာကို နက်နက်နဲနဲစီစစ် ကြည့် ရင် သိနိုင် ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဖိနှိပ်ခံ ပြည်သူအားလုံးက ဖိနှိပ်ခံလူ တန်း စားအားလုံး အတွက် ပီသတဲ့တော်လှန်ရေး၊ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး ဦးတည် ချက် ကို ပြတ် ပြတ် သားသားလုပ်ဆောင်ရပါမယ်။ တပါတည်းမှာ ဘဲ အချောင်သမား ၀ါဒတိုက်ဖျက်ရေး ဟာ လဲ ဒီနေ့လို အခြေအနေမှာ မရှိမဖြစ်လိုအပ်နေပါတယ်။
စစ်အာဏာရှင်စံနစ်ဟာ ရွေးကောက်ပွဲပြီးရင် ၀တ်ရုံပြောင်းပြီး ပြည်သူတွေကိုလှည့် စားပါတော့မယ်။ ရွေးကောက်ပွဲနဲ့ အပြကောင်းမည့်အစိုးရအရည်ခြုံ ရင်း စစ်အာဏာရှင် စံနစ်သက်ဆိုးရှည် အောင် လုပ်နေမှာပါ။ ဒီအချိန်မှာ “စုန်တိုက်” “ဆန်တိုက်” သမားတွေ၊ “ပူးတိုက်၊ခွါတိုက် ” သမား တွေပေါ်မယ်။ ဘယ်လိုဘဲတိုက်တိုက် စစ်အာဏာရှင်ကို ထိ ရောက်တဲ့ တိုက်ခိုက် မှုတွေကိုသာ ပြည်သူက အားကိုးပါလိမ့်မယ်။ ပြတ်သားတဲ့ တိုက် ပွဲကဘဲ ထိ ရောက်နိုင်ပါတယ်။
ပြည်သူတွေဟာ ဘက်ပေါင်းစုံက စစ်အာဏာရှင် အဖိအနှိပ် ၊အကွပ်အညှပ်ကို ခံနေရပါတယ်။ ဆင်းရဲတွင်းနက်သထက်နက်ပြီး သူများနိုင်ငံတွေမှာအောက်တန်းကျ လွန်း စွာနဲ့ ကျွန်ခံ၊ အသတ်ခံ ရှာဖွေစားသောက်နေရပါတယ်။ စစ်အာဏာရှင်စံနစ်ကြောင့်ပါဘဲ။ စစ်အာဏာရှင်စံနစ် ရှိနေသ၍ ပြည်သူတွေ အသက်ရှုဝ စရာလမ်းမရှိပါ။ ဒီစနစ်ကို တော် လှန်ရေးကဘဲ အမြစ် က နုတ် နိုင်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာ တော်လှန်ရေး ပါဘဲ။ စေ့စပ်ရေးတွေ၊ပေးအယူတွေနဲ့မရနိုင်ဘူး၊။နှစ်တွေကြာပြီးအချိန်ကုန်ယုံဘဲရှိခဲ့တယ်မဟုတ် လား။
ဒီနေ့ကျွန်တော်တို့ ဆင်နွဲနေရတဲ့ တော်လှန်ရေးဟာ အမျိုးသားလွတ်မြောက်ရေး မဟုတ်ဘူး။ အဖိနှိပ်ခံ လူတန်းစားလွတ်မြောက်ရေးဖြစ်ပါတယ်။သဘာဝအတိုင်းဘဲလူတန်း စားတိုက်ပွဲအကြောင်းကို မရင်းနှီးသေးတာ၊ အမျိုးသားရေး ဦးခွံထဲက မထွက်နိုင်သေးတဲ့ အမြင်တွေကို ကျော်ပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက စစ်အာဏာရှင်လက် တဆုပ်စာကို ၀ိုင်းဝန်းပြီး “ ပြည်သူ့စစ်ပွဲ မီးပင်လယ် ” နည်းနဲ့ တိုက်ခိုက် ချေမှုန်း ရမှာဖြစ် ပါတယ်။ စစ်အာဏာရှင်သာမက မည်သို့သော ဖိနှိပ်သူပင်ဖြစ်စေ ပြည်သူ တွေရဲ့ ဒီတိုက် ပွဲက အောင်ပွဲသရဖူကို ရနိုင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေသာ စွဲမြဲခိုင်မာစွာလုပ် တတ် ဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနှင့်ဒေသအလိုက် လွတ်မြောက်ရေး ကော်မီတီ (လမက)များဖွဲ့ခါ ပြည်သူ့စစ်ပွဲကို စတင်ဖေါ်ဆောင် နေပါ တယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ တွေဝေစရာမရှိ ။ကိုယ့်အလုပ် ကိုယ်လုပ်။ သူ့အလုပ်သူလုပ်ဘဲ။ နတ်ကရာကျီးမော့စရာမလိုပါ။ ကြားဘူးတဲ့ စကား အရ ဆိုရင်“ဒုက္ခသည်ဆိုသည်မှာ ခြေထောက်နှင့် မဲပေးသူများဖြစ်သည်”တဲ့။ ဒီလိုဆိုရင် ကျွန် တော်တို့မှာ စစ်အာဏာရှင် နအဖကို ဆန့်ကျင်မဲပေးသူ ဘယ်လောက်ရ နေပြီလဲဆို တာ တွက်ပြရမလိုဖြစ်သွားပြီ။
ကျွန်တော်တို့ ဘ၀တွေ ဆင်းရဲပြီးအင်မတန်အောက်တန်းနောက်တန်းကျနေတာ ဟာစစ်အာဏာရှင်စနစ်ကြောင့်ဘဲ။ အရင့်အရင်က မိဘဖိုးဖွါးတွေ သူ့ခေတ်နဲ့သူ ကိုလိုနီစံ နစ်ဆန့် ကျင်ရေး၊ ဖက်စစ်ဆန့်ကျင်ရေးတွေ တာဝန်ကျေကျေလုပ်ခဲ့သလို ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်က “စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး”ဖြစ်တယ်။ဒီတာဝန်ကို ဦးလည်မ သုန် လုပ်ဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာ နေမ၀င်အင်္ဂလိပ်အင်ပါယာကိုတိုက် ခဲ့အောင်မြင်ခဲ့တယ်။နေမျိုးနွယ်ဂျပန်ဖက်ဆစ်ကိုလဲအနိုင်တိုက်ခဲ့တယ်။ဒီနေ့နဖစစ်အာဏာ ရှင်တွေဟာ နိုင်ငံခြားကလာတဲ့ အားကြီးတဲ့ သူတွေမဟုတ်သလို ကျွန်တော် ပြည်သူ တွေ ကျွေးမွေးလို့သာကြီးပြင်းလာခဲ့တာဖြစ်တော့ ဒဏ်ခတ်ရမည့်နည်းဟာ ပြည်သူ့လက်ထဲမှာ ဘဲ ရှိပါတယ်။ စစ်အာဏာရှင်တွေဟာ သူ့ အပြစ်နဲ့သူပြဿနာနဲ့ရှုတ်နေတယ်။ ဟိန်ဟန် သာရှိ ပေမဲ့ အတွင်းမှာ ပြိုကျနေတယ်။ ပြည်သူတွေက အင်အားစိုက်ပြီးတကယ်ဖြုတ် ချရင် ပြုတ်မှာဘဲ။ဒါမှသာ ကျွန်တော်တို့ ပြည်သူတွေ လူသား ပီပီသသ ဂုဏ်ရှိရှိ အေး အေးချမ်း ချမ်း ကမ္ဘာမှာ နေနိုင် ပါလိမ့်မယ်။
ပြည်သူလူထုကို ဒီစာအဆုံးအသတ်မှီ ဝေမျှချင်တဲ့ စကားတခုက “စစ်ထက် ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်းဖြစ်သည်။”တဲ့ဒီတော့ ဒုက္ခသုက္ခတွေ ကြားထဲက သေမထူးနေမထူးဖြစ်နေတဲ့ကျွန်တော်တို့တတွေ ဘာမှတွေဝေစရာမလိုပါဘူး။ စစ်အာဏာရှင် စနစ်ကို မစေ့စပ်စတမ်း ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက် ဖြုတ်ချ ဖို့သာ အရေးကြီးကြောင်း နှစ်သစ်မှာ အကြံပြုအားပေးလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
နေရာအနှံ လွတ်မြောက်ရေး ကော်မီတီ ထူထောင်ကြ။
ဘုံရန်သူ စစ်အာဏာရှင် နအဖကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်
အတွင်းရေးမှူးချုပ်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ဇန်နာဝါရီ ၁ ၊ ၂၀၁၀။

ဆက်သွယ်ရန်- ၀၈၉ ၈၃၅၅၃၄၁
email-plfburma@gmail.com

ဆောင်ပုဒ်များ-

စစ်အာဏာကို ပြိုစေလို ၀ိုင်းဝန်းဖြိုဖျက် တယောက်တလက်။
တောရောမြို့ပါ ၀ိုင်းတော်လှန် ဧကန်ပြုတ်ကျ နအဖ။
နေရာတိုင်းမှာ စုစည်းခါ ညီညာဖွဲ့ကြ လမက။
ထချမှ နအဖပြုတ်မည်။

No comments:

Post a Comment