ondragstart="return false" onselectstart="return false"

Wednesday, January 27, 2010

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

သိပ်မကြာသေးတဲ့ အချိန်မှာပင် သတင်းတပုဒ်မှာ နယ်ခြားစောင့်တပ်ကိုလက်မခံလိုတဲ့ ငြိမ်းအဖွဲ့ တွေကို ရင်းရင်းနှီးနှီးပေါင်းပြီး တိုင်းရင်းသား ခေါင်းဆောင်တွေကို လုပ်ကြံသတ်ပစ်ရန် နအဖ စစ်အရာရှိတစ်ဦးက ညွန်ကြားခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။ ကဲမိတ်ဆွေစာဖတ်သူ အပေါင်းတို့  အခုတော့လာပါပြီခင်ဗျား။ ဘယ်သူဘယ်ဝါ လက်ချက်ရယ်လို့  ဘယ်သတင်းဌာနက မပြောသေးပေမယ့်လည်း ဒီလိုယုတ်မာပက်စက်တဲ့ အောက်လမ်းနည်းကို သုံးနေကြလူတွေဟာ ဘယ်သူလဲဆိုဒါ ပြောပြနေစရာ မလိုပဲ အားလုံးသဘောပေါက်မည်လို့ ထင်ပါသည်။ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အတွင်းရေးမှူးချုပ် ပဒိုမန်းရှာကို နအဖ စစ်အစိုးရက လုပ်ကြံပြီး လူသတ်သမားတွေကို သတ်ခိုင်းပြီးသွားပါပြီ။ အခုတော့ ဒုတိယမြောက်လူ အဖြစ် မိုင်းလားတပ်ဖွဲ့ ရဲ့အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် ပါခင်ဗျား။ ကျန်နေသေးတဲ့ တခြားတိုင်းရင်းသားအဖွဲ့  အတွင်းရေးမှူးချူပ်များ၊ ခေါင်းဆောင်ကြီးများ ခင်ဗျား…ပြင်ဆင်ထားကြတော့..နအဖ စစ်အစိုးရဟာ မဟာဗမာဝါက ကို အကောင်အထည်ဖေါ်နေပါသဖြင့် ကျနော်တို့ တိုင်းရင်းသားတွေအပေါ် ဘယ်တော့မှ ရိုးသားမှာ မဟုတ်ဘူးဆိုဒါ အသိပေးပါရစေ။


ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်


မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံသတ်ဖြတ်ခံ ရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

“အခုက ကားတွေ ခရီးတင်ကားတွေ မိုင်းလားနယ်မြေတွေကနေ အပြင်ထွက်ခွင့်မရတော့ဘူး၊ ကျိုင်းတုံ ကနေ၀င်လာရင် တော့ရတယ်။ လူထု လဲ အိမ်ပြင်မထွက်ဖို့ မိုင်းလားအာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်”- အမည်မဖေါ်လိုသူတဦး က ပြောပါသည်။


NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်(အလယ်)၊ အတွင်းရေးမှူး ၂ ဦးနွေဦး

အခြားသတင်းရပ်များက ယနေ့ မနက် ၆း၃၀ နာရီ တွင် ဦးမင်းအိမ် အဖေါ်တယောက် နှင့် အိမ်ရှေ့တွင်လမ်းလျှောက် နေစဉ် သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားသည်ဟု ဆိုပါသည်။

ဦးမင်းအိမ် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ဆိုသည်ကို မိုင်းလားအာဏာပိုင် စုံစမ်းဖေါ်ထုတ် ဆဲဖြစ်သည်။

Type the rest of your post here.

No comments:

Post a Comment