ondragstart="return false" onselectstart="return false"

Sunday, January 17, 2010

ဗုံးဖောက်မှုရဲ့ တကယ့်တရားခံ



ဗုံးပေါက်ကွဲမှု အဓိက တာဝန်ရှိသူ တရားခံ ဗိုလ်ချုပ်ရဲမြင့်

ဖာပွန်ဗုံးပေါက်မှုကို ကေအဲန်ယူက ဖောက်တယ်လို့ နအဖ မီဒီယာတွေက ဆိုပါတယ်။ ဒါကို လိုက်ယုံတဲ့သူ၊ လိုက်ပြီး ထပ်ဆင့် ပြောနေသူတွေကလည်း ပြောနေကြပါတယ်။

ဦးနှောက်များ ရှိတယ်ဆိုရင် စဉ်းစားကြည့်ကြပါဦး။ ကရင်အမျိုးသား အားလုံးရဲ့ နေ့ထူးနေ့မြတ်ကို ကရင်အဖွဲ့အစည်း တခုခုက ဖျက်ဆီးပါ့မလား။

ကေအဲန်ယူက ဒီအလုပ်မျိုးမလုပ်ပါဘူး။ ဒီအလုပ်မျိုးလုပ်တာ နအဖ ဘဲရှိတယ်။ ကမ္ဘာအေးဘုရား ဗုံးပေါက်တာ၊ ဗိုလ်ချုပ်တင်ဦး အိမ် ဗုံးပေါက်တာ၊ ရန်ကုန်မှာ နေရာအနှံ့ ဗုံးပေါက်တာတွေကို တရားခံ မဖော်နိုင်တာတွေကို ပြန်သုံးသပ်ကြည့်ပါ။ နအဖက သူ့ဘာသာသူ ဗုံးခွဲပြီး ဆန့်ကျင်ဘက်လူတွေကို တရားခံ စွပ်စွဲတာ ရိုးနေပါပြီ။

ကရင်နှစ်သစ်ကူးပွဲကို ဗုံးခွဲလို့ ဘယ်သူအကျိုးအမြတ်ရမလဲ။ နအဖကသာ တချက်ခုတ် နှစ်ချက်ပြတ်ပုံစံနဲ့ ဗုံးခွဲတယ်ဆိုတာ ရှင်းနေတာဘဲ။

ဖာပွန်ခရိုင် ကေအဲန်ယူ တာဝန်ရှိသူတယောက်က ခုလိုပြောပါတယ်။ ကျြနော်ကိုယ်တိုင် အောက်ခြေထိ ကွင်းဆင်းပြီး ဗုံးဘယ်သူခွဲတယ်ဆိုတာ စုံစမ်းခဲ့ပါတယ်။ ကျနော်တို့ ကေအဲန်ယူ ကေအဲန်အယ်လ်အေ လက်ချက်မဟုတ်တာတော့ သေချာအောင် စုံစမ်းလို့ ရခဲ့ပါတယ်။ဋ္ဋ လို့ ပြောပါတယ်။

ဖာပွန်တ၀ိုက်မှာ နအဖ တပ်တွေ အများကြီးချထားပါတယ်။ နအဖ ခိုင်းတာလုပ်နေတဲ့ ဒီကေဘီအေတွေလည်း အများကြီး ရှိနေပါတယ်။ ဒီဗုံးခွဲတာက ကရင်လူထုအနေနဲ့ ကေအဲန်ယူကို ဆန့်ကျင်ပြီး နအဖနဲ့ ဒီကေဘီအေ ထိုးစစ်ဆင်ရင် အကူအညီပေးအောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာ ဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ဓါတ်ပုံ- (ကျေးစေတမန် ဘလော့မှကူးယူဖေါ်ပြသည်)

ခုနောက်ထပ် ကေအဲန်ယူက ဖာပွန် – ကမမောင်း လမ်းကို ပိတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဒီလို ဆက်ပြောပါတယ်။ တြကယ်တော့ လမ်းပိတ်တယ် ဆိုတာက သာမန် ပြည်သူတွေအတွက် ဘာမှ ထူးထူးထွေထွေ အခက်အခဲ မရှိနိုင်ပါဘူး။ ပြည်သူတွေ ပုံမှန်သွားလာနိုင်အောင် စီစဉ်ထားပါတယ်။ တကယ်ကတော့ နအဖ နဲ့ ဒီကေဘီအေတို့ အတွက်သာ ရိက္ခာပို့တာတွေ မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။ဋ္ဋ

ဒြါကို နအဖက သူကိုယ်တိုင် ဒီလမ်းကို မထိုးဖောက်နိုင်တော့ လမ်းပြန်ဖွင့်အောင် ကေအဲန်ယူကို ကျပ်သိန်း ၂၀၀ ပေးရမယ်ဆိုပြီး လူထုတွေဆီက ပိုက်ဆံကောက်နေပါတယ်။ ကောက်ပြီးရင် တကယ်လည်း ကေအဲန်ယူကို ပေးမှာမဟုတ်ပါဘူး။ သူတို့အိတ်ထဲဘဲ ထည့်မှာသေချာပါတယ်။ အဲဒီငွေကို ကေအဲန်ယူကလည်း မလိုချင်ပါဘူး။ ကေအဲန်ယူက ငွေအတွက် တိုက်နေတာ မဟုတ်ပါဘူး။ ကေအဲန်ယူတိုက်နေတာက ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့သာ ဖြစ်ပါတယ်ဋ္ဋ လို့ ဆက်ရှင်းပြပါတယ်။

နအဖ အနေနဲ့ ကေအဲန်ယူကို အမြစ်ပြတ်တိုက်ဖို့ ကြိုးပမ်းနေရာမှာ သိက္ခာရှိတဲ့ နည်းလမ်းတွေ မသုံးဘဲ ဘာသာရေး နဲ့ တိုက်ပေးတာ၊ လူကြီးလူကောင်း သဘောတူညီချက်လို့ ပြောတဲ့ အပစ်ရပ်စဲရေး လုပ်ပြီး နအဖတပ်တွေက တဘက်သတ် ဆက်တိုက်နေတာ၊ ထိုင်းနိုင်ငံ ၀န်ကြီးကတဆင့် ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး သိပ်မကြာခင်မှာ ကေအဲန်ယူ တပ်မဟာ ရ ကို အကြီးမားဆုံး ထိုးစစ်ဆင်တာတွေလိုမျိုး ညဏ်နီညဏ်နက်ပေါင်းစုံ သုံးခဲ့ပါတယ်။ သုံးနေဆဲလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဖာပွန်ဗုံးဖောက်ခွဲမှု တကယ့်တရားခံဟာ နအဖသာ ဖြစ်ပါကြောင်း မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန် တတ်သူတိုင်း နားလည်သဘောပေါက်ပါလိမ့်မယ်ဆိုတာ သံသယ ရှိစရာ မလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

ဇွဲကပင် ၀က်ဘ်ဆိုဒ် http://www.zwekabin.org/?p=1274 မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment