ondragstart="return false" onselectstart="return false"

Tuesday, January 19, 2010

စစ်အစိုးရတွင် အကြမ်းဖက်မှုများအတွက် မဟာဗျူဟာရှိ

မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်န၀ါရီ ၁၉၊ ၂၀၁၀

တပ်မတော်အစိုးရ “ပြည်သူ့စစ်မဟာဗျူဟာ” စာအုပ်ကို တင်ရင်းမှူးအဆင့် အရာရှိများထံဖြန့်ဝေထားပြီး ထိုစာအုပ်တွင် ပါဝင်သည့် အချက်များအတိုင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း တနင်္လာနေ့က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အင်တာနက် စာမျက်နှာရှိ ဆောင်းပါးတပုဒ်တွင် ရေးထားသည်။
“၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း တိုက်ခိုက်မှုကြီးသည် ကြိုတင် စီစဉ်ထားသော လူအုပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုလက်စွဲစာအုပ်ထဲတွင် အသေးစိတ် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုခဲ့သည်” ဟု ဆောင်းပါးရှင် ထက်အောင်က ရေးထားသည်။
“ထိုလက်စွဲစာအုပ်တွင် စိတ်ဓာတ် စစ်ဆင်ရေးဗျူဟာများ သုံးပြီးမတည်ငြိမ်မှုများ ဖန်တီးခြင်း၊ ရန်ဘက် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခြင်းတို့ကို ပြည်သူ့စစ်တို့၏ တာဝန်များအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ဖျက်ဆီးခြင်း၊ ရထားလမ်း မိုင်းထောင်ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မီးရှို့ဖျက်ဆီးခြင်း စသည့် စနစ်တကျ စီစဉ် တိုက်ခိုက်နည်းများကို တဦးချင်း သို့မဟုတ် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသည်” ဟုလည်း ရေးသားထားသည်။

ဤအတောအတွင်း အစိုးရကလည်း အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူနိုင်ရန် ဥပဒေ ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
ဥပဒေ မူကြမ်းကို ရေးဆွဲပြီးဖြစ်သောကြောင့် ယခုနှစ်အတွင်း ထိုဥပဒေ ထုတ်ပြန်ဖွယ်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးဖြစ်သော ရဲမှူးကြီးစစ်အေးကို ကိုးကားပြီး ဇန်န၀ါရီ ၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ရေးထားသည်။
“ကေအင်န်ယူအပါအ၀င် ၎င်းနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အေဘီအက်စ်ဒီအက်ဖ် ကဲ့သို့ အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်းများက ပေးအပ်သော သင်တန်းများ၊ ငွေကြေး ထောက်ပံ့ပေးခြင်းများကို အကြမ်းဖက်မှုဟု သတ်မှတ်ထားကြောင်း သိရသည်” ဟု မြန်မာတိုင်း(မ်)တွင် ရေးထားသည်။
ယခုနှစ်အတွင်း ထိုဥပဒေ ထုတ်ပြန်ဖွယ် ရှိကြောင်းကို ရန်ကုန်တွင် ထုတ်ဝေသည့် တခြား ဂျာနယ်များတွင်လည်း ဖော်ပြထားသည်။
သို့သော်လည်း ဒီပဲယင်းဒေသတွင် လူအင်အား ၅၀၀၀ ၀န်းကျင်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခြင်း ကဲ့သို့သော အကြမ်းဖက်မှုများကို ဂျာနယ်များတွင် ဖော်ပြထားခြင်း မရှိပါ။
mizzima သတင်းမှ

No comments:

Post a Comment