ondragstart="return false" onselectstart="return false"

Thursday, January 14, 2010

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

စိတ်ဝင်စားစရာကောင်းသော စိန်လွင်၏ ဆောင်ပါးရှည် အခန်းဆက်ပါခင်ဗျား။

စိန်လွင်
ဇန်နဝါရီ ၁၃ ၊၂၀၁၀။

ထိုင်းဂြိုလ်တုမှ KNU စခန်းများ၊ (ကော့မူးရာ၊ ဝါခသစ်၊ မယ်ထော်တို့အပါအဝင်၊ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ် တလျှောက် အသေးစိတ်ဝင်၊ ထွက်လမ်းကြောင်းတို့) ကိုသက်ဆင်၏ Shin Thaicom ဂြိုလ်တုများမှတဆင့်၊ ကကလှမ်း သို့ပေးရန်၊ သက်ဆင်မှ သဘောတူခဲ့သည်၊

ခင်ညွှန့်မှ ထိုင်းငါးဖမ်းစက်လှေများ၊ တနသာင်္ရီဘက်တွင် ငါးဖမ်းခွင့်၊း ဖမ်းဆီးထားသော ထိုင်းအကျဉ်းသားများ (ရေလုပ်သား) ကိုပြန်လွှတ်ပေးရန်၊ “ဝ” တပ်များကိုဘိန်းနှင့်မူးယစ်ဆေးများထိုင်းဘက်သို့ တင်ပို့မှုရပ်ဆိုင်းရန် ဖိအား ပေးရန်တူခဲ့သည်၊
ထို့နောက်ပိုင်းတွင် ဘန်ကောက်မှ စစ်သံမှူး ဗခက ကျော်ဟန်ကို ကကလှမ်းသို့ ဗမခ အဆင့်ဖြင့် ခင်ညွှန့်မှ ပြန်ခေါ်ခဲ့ သည်၊

မြန်မာသံရုံးစင်ကာပူ ၊ကလည်း ခေတ်အဆက်ဆက် ဘယ်တုန်းကမှ ဘန်ကောက်မြန်မာ သံရုံးကိုအားကျမခံ၊ အကြောမပေးပါ၊

ယခုကောင်စစ်ဝင်ငွေခွန်ကိစ္စများကို လက်ရှိဖြောင်နေသူမှာ ၁၉၉၈ တွင် နယူဇီလန် Univesiy တွင် ELTO program လာတက်ခဲ့သော မန်ဟောက်ထန် (ပထမ အတွင်းဝန်) ဖြစ်ပါသည်၊ သူ့မှာအပါတ်စဉ် စနေနေ့ ညတိုင်းစာရင်းသွင်းပေး ရသူက ဆိုင်ရှင်သံအမတ်ကြီး ဦးဝင်းမြင့်သို့ ရောင်းအားကောင်းရင်ကောင်းသလို။ စင်ကာပူတွင် ချန်ဂီ ထောင်တွင် မြန်မာနိုင်ငံသားများ၊ အကြောင်းမျိုးမျိုးဖြင့် ကျခံလျှက်ရှိသည်၊ အကြောင်း မျိုးမျိုးဖြင့် ခက်ခဲဒုက္ခတွေ့သော မြန်မာတို့ အပေါ် စာနာကူညီမှုမရှိသလောက်နည်းပါးကာ၊ သံရုံးရှေ့သို့ ဆန္ဒပြသူများကို မည်သူမည်ဝါ ခွဲခြားနိုင်ရန်သာ အားတက် သရော လုပ်လေ့ရှိသည်မှာ၊ အသဲနာစရာပါ၊

မြန်မာသံရုံး၊ စင်ကာပူတွင် ဗြဟ္မာ ဦးခေါင်း ၂ ခုလည်းရှိပါသေးသည်၊ ဒေါ်ကြိုင်ကြိုင်၏ သမီးတော် (၂) ပါးဖြစ်သော အေးအေးသစ်ရွှေနှင့် ကြည်ကြည်ရွှေတို့မှာ အလုပ်မဆင်းသော်လည်း၊ လစာကိုသံရုံးခံစားခွင့်ဖြင့် နေပြည်တော် နခဌ မှ အိမ်တော်သို့ မှန်မှန်ပို့ပေးနေရသည်၊ ၄င်းတို့ (၂) ဦးအတွက် ဌားရန်းထားသောအိမ်မှာ သံအမတ်တစ်ဦးကဲ့သို့၊ သို့သော် နေရာမှာ ထိပ်တန်းလျှို့ဝှက်၊ သံအမတ်ကြီးသာလျှင်သိသည်၊ သူတို့စင်ကာပူတွင် ဈေးလာဝယ်လျှင်၊ သံအမတ်ကတော် က အထုတ်လိုက်ဆွဲပေးရသည် အခြေအနေ၊ နောက်တစ်ခု၊ စင်ကာပူသည် ဒီမိုကရေစီ တစ်ခုဖြစ်ပေမည် သန်းရွှေတို့ နယကနှင့် အလွမ်းသင့်တာအမှန်။ ကြည်ကြည်ရွှေ နှင့် အေးအေးသစ်ရွှေတို့ စာရင်းဖွင့်ထားသော ဘဏ်မှာ၊ United Overseas Bank ဖြစ်ပါသည်၊

စင်ကာပူမှာ ST Engineering Ltd သည်၊ အမေရိကန်နိုင်ငံမှ လက်နက်ကုမ္မဏီများထံမှ လက်နက် (အမြောက်၊ ဒုံးစင် များ၊ ပခုံးထမ်းပစ် စတင်ကဒုံး၊ မြေမြှပ်မိုင်း) တို့ကိုမြန်မာစစ်တပ်အတွက် လျှို့ဝှက် ဝယ်/ရောင်း ပြုလုပ်ပေးလျှက်ရှိ သည်၊ ဒါကသန်းရွှေနှင့် လီကွမ်ယူ၊ lee Hsien Loong အတွင်းသိထားသည်ကိစ္စ၊ ၄င်းလက်နက်များကို အမေရိကန် ကုမ္မဏီများမှ မြန်မာနိုင်ငံမှ ဝယ်ယူသည်ကို သိရှိသော်လည်း၊ ၄င်းတို့၏ လက်နက်စွမ်းရည်များ အမှန်တကယ်သိရှိလို သဖြင့်၊ ဆက်လုပ်နေကြခြင်းဖြစ်သည်၊ ၄င်းလက်နက်အသစ်များကို တပ်မ ၂၂။၄၄နှင့် ရတခတို့တွင်တပ်ဆင်ပြီး၊ ကရင် ပြည်နယ်နှင့် ကယားဒေသအချို့ စစ်ဆင်ရေးများတွင် သုံးစွဲသည်၊

Feedback ကို ST Engineering Ltd သို့ ရန်ကုန်ရှိ စင်င်္ကာပူစစ်သံမှူးမှ အသေးစိတ်ရယူ၍၊ Research ပြုလုပ်သည်၊
၎င်းကိစ္စတွင် မြန်မာလက်နက်ကုန်သည်ကြီးတေဇ DSA ၂၇ မှ ပွဲစားပြုလုပ်သည်၊ ၄င်းမှ ST Engineering Ltd မှပေး သော ၁၂% ကော်မရှင်ခအပြင်၊ ST Engineering Ltd အားအပိုစရိတ်များ ပေါင်းထည့်ကာ၊ မြန်မာနိုင်ငံ သို့ရောင်းချ စေသည်၊ သို့သော်တေဇသည် တစ်ယောက်ထဲတော့မဟုတ်၊ နယက ဗိုလ်ချုပ်များကို အားလုံးပြန်လည်ဖြည့်ဆည်းပေး သည်၊

စင်ကာပူရှိ OCBC Bank (Overseas Chinese Banking Cooperation ) တွင်ရှိသော ၄င်းတို့၏ စားရင်းများထဲသို့၊ အား လုံးကို ထည့်ပေးလိုက်ခြင်းဖြစ်သည်၊ ထိုနောက်၊ ရန်ကုန် Sukura Tower ရှိ ဘဏ်ခွဲသို့၊ သက်ဆိုင်သူတို့၏ဇနီး၊ သား သမီးတို့က လာရောက်ထုတ်ယူသွားကြခြင်းပင်ဖြစ်သည်၊ စင်ကာပူတွင် ဗခကများ၏ ဘဏ်စာရင်းများရှိနေသည်၊ ထို့ အပြင် စင်ကာပူစစ်သင်တန်းကျောင်းများတွင် ယခု စစ်ထောက်လှမ်းရေး အရာရှိများကို ၄င်းကုမ္မဏီမှပင် အင်တာနက်မှ သတင်းကန့်သတ်ခြင်း၊ Hack နည်းမျိုးစုံ တို့ပါဝင်သော IT ဘာသာရပ်ကို လေ့ကျင့်ပေးလျှက်ရှိသည်မှာ ၂ဝဝ၅ မှ စတင် ခဲ့သည်မှာ ယခုတိုင်၊

၂ဝဝ၈ မေထဲတွင်၊ မောင်ဝိတ်ကို မူးယစ်ဆေးမှုဖြင့် ဖမ်းသောအခါ၊ မောင်ဝိတ်ဇနီး ယမင်းခင် (ဗခက မြင့်ဆွေ လှမ်းညွှန့် မှူး ယခင်၏တူမ)သည် စင်ကာပူသို့ သွားရောက်ကာ၊ သံအမတ်တော်နှင့် ဈေးဝယ်ထွက်လျှက်ရှိသည်၊

တရားမဝင် မူးယစ်ဆေးဝါး နှင့် တရားဝင် ပြည်ပို့ကုန်
၂ဝဝ၄ အထိ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ကော်မတီဥက္ကဌ ဗမခကျော်သိန်း ဖြစ်ခဲ့ပြီး။ ဝါရှင်တန်ရှိ အောင်လင်းထွဋ် သည်လည်း၊ ထိုရှမ်းပြည်နယ်ဘက်ရှိ ဘိန်းဖျက်ပွဲများတွင် ပါဝင်ပါသည်၊

မြန်မာနိုင်ငံ မူးယစ်ဥပဒေအရ၊ ရောင်း/ဝယ်၊ သုံးစွဲခြင်းမှာ တရားမဝင်ပါ၊
သို့သော်၊ လောစစ်ဟန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးတစ်ခုကုမ္မဏီဖြစ်သော Asia World Yangon Airwayss, Golden aeron ကို ရွှေတြိဂံမှ ဘိန်းဖြင့် ကျောကန်ထားခြင်းဖြစ်သည်၊
ထိုငွေ US Dolloar 2 billions a year သည်သန်းရွှေ၊ မောင်အေး၊ (ယခုရွှေမန်း) တို့ကို Hong Kong မှ F.W.I.F.T တဆင့်၊ Bank Of China (အစိုးရပိုင်) သို့ Euro ဖြင့် စာရင်းလွှဲပြောင်းပေးလျှက်ရှိသည်၊

ကမ္ဘောဒီးယား မြန်မာသံရုံး
၂ဝဝ၃ မေလတွင် ဖနောင်ပင်ရှိ မြန်မာသံရုံးသို့၊ ဒုတိယအတွင်းဝန်အဖြစ်၊ ရောက်ရှိခဲ့ပါသည်၊ ထိုစဉ်က သံအမတ်မှာ ဗမခ စောလှမင်း (ယခုပြင်သစ်နိုင်ငံ) ၊ သံမှူးကြီး ကျော်ညွှန့်မှန် (ယခုငြိမ်) ဒုဝန်ကိုမြင့်ထွန်း (ယခုစင်ကာပူ ၂ဝဝ၉) တို့ဖြစ်ကြသည်၊

ကျွန်တော့်နေရပ်မှာ- #194,63st , Bang Keng Kang 1,Khan Chamcarmon,Phnom Penh ထိုစဉ်က တွဲမိသည်မှာ ၈၈ တုန်းက RIT မှ ကိုအောင်မျိုးမြင့် (စက်မှူး) တို့ဖြစ်ကြသည်၊ ပုံမှန်ရုံးပိုင်းကတော့၊ ကောင်စစ်လုပ်ငန်း (မနလ၊ ဗီဇာ) တို့ဖြစ်သည်၊ နိုင်ငံအတွင်းရှိ၊ ဒီမိုကရေစီ ရေးလှုပ်ရှားသူများသတင်း။

ကျွန်တော့်အား ထိုစဉ်က ဖနောင်ပင်ရှိ Journalism School နောက်သို့လိုက်ပါ စုံစမ်းရန်၊ သံအမတ်ကတာဝန်ပေးသည်၊ လှမ်း၏အဆိုအရ အဆိုပါသင်တန်းကျောင်းသည်၊ UG Cell များမွေးထုတ်သည့် မြေပေါ်မှသင်တန်းကျောင်းဖြစ်ကြောင်း၊ မည်သူများ တက်ရောက်နေသည်နှင့်၊ ထိုင်းနိုင်ငံဘက်မှ နယ်မြေ ပြောင်းလာသည့် ဒီမိုကရေစီလှုပ်ရှားသူများကို စုံစမ်း ရန်နှင့်၊ ဓါတ်ပုံရိုက်ပေးရန် တို့ဖြစ်သည်၊ ကျွန်တော်သည်ကျောင်းဆောာက်ဦကို ဓါတ်ပုံရိုက်ပေးပြီး၊ လောလောဆယ် ကျောင်းပိတ်ထားကြောင်း၊ အတိုချူံး၍ report လုပ်လိုက်သည်၊ သံအမတ်လည်း၊ မယုံတဝက်နှင့်၊ စိတ်လေသွားသည်၊ ပြဿနာက လှမ်းက သူတို့လိုချင်သည့်သတင်းမရကာ၊ ဘန်ကောက်ရှိ၊ စစ်သံရုံးသို့၊ အကြောင်းကြားကာ၊ လှမ်းမှ စစ်သံ တပ်ကြပ်တစ်ဦးကိုဖနောင်ပင်ထဲသို့၊ လျှို့ဝှက်ရောက်ရှိ စုံစမ်းကာ၊ တက်ရောက်နေသော မြန်မာများကိုဓါတ်ပုံနှင့်သတင်း အရ ယူသွားသဖြင့်၊ ကျွန်တော့်အား၊ ထောက်လှမ်းရေးပိုင်းမှ နောက်ကြောင်းအခြေအနေအရ၊ စိတ်မချရဟု ဦးဝင်း အောင်ထံသို့၊ လျှို့ဝှက်ဖုံးဖြင့်ပြန်ခေါ်ရန် အကြောင်းကြား၍ ကျွန်တော့်အား၊ စက်တင်ဘာ ၂ဝဝ၃ ထဲတွင်၊ ရန်ကုန်နိုင်ငံ ခြား ရေးရုံးသို့ ပြောင်းရွှေ့ခံရပြန်သည်၊
၂ဝဝ၄ မတ်လ ကုန်ဝန်းကျင်တွင် ဒေါ်စုအိမ်အား ဖမ်းဆီးပိတ်ဆို့သည် Duty ကို ဌာနအစည်းအဝေးတွင်၊ ဆန့်ကျင် တင်ပြခဲ့ရာမှ ဧပြီလဆန်းပိုင်းတွင် ဂ ရက်ကြား၊ ရေကြည်အိုင်တွင် နှိပ်စက်စစ်ဆေးခြင်းခံရပြီး၊ ရာထူးတာဝန်မှခေတ္တ ရပ်နားခံရပြီး၊ ဌာန၏ ထောက်လှမ်းရေး အထူးအရာရှိနှင့် ဝန်ကြီးဝင်းအောင်တို့အမိန့်အရ၊ ၂ဝဝ၄ ဇွန်တွင်ထွက်ခဲ့ရပါ သည်၊

ကျွန်တော့်အား နေထိုင်ရာ၊ လင်ခ်လမ်း (ဓမ္မစေတီလမ်း) နေအိမ်မှည ၁ နာရီခန့် အချိန်တွင်၊ လူ (၃) ယောက်အရပ် ဝတ်နှင့် ရောက်ရှိလာကာ၊ လှမ်းမှဖြစ်ကာ၊ ခေတ္တလိုက်ပါရန်၊ ခုခံလျှင်၊ ပစ်မိန့်ပေးထားကြောင်း၊ လက်ထိက်ခတ်မလား လို့မေးရာ၊ ကျွန်တော်ကမလိုကြောင်း။ ဆိုကာ၎င်းတို့၏ မာဇဒါဂျစ် နောက်ခန်းတွင် ကြမ်းပြင်ထိုင်ကာလိုက်ပါရသည်၊ ကားပေါ်ရောက်တာနှင့် ခေါင်းစွတ်တပ်ခံရသည်၊

ခင်ဗျားကို ရေကြည်အိုင်မှာ ပြုစုချင်လို့ပါဟု---- တစ်ယောက်ကပြောပါသည်၊
၎င်းတို့၏စစ်ကြောရေး အချုပ်သည်၊ အေးစက်နေသော အမှောင် တိုက်ခန်းဖြစ်ကား ထိုရက်များသည် ကျွန်တော့်ဘဝမှာ သရဲခန်းပါ၊ မီးလုံးဝထွန်းမထားဘဲ၊ အမှောင်အတိတွင်နေရကာ၊ ကြွက်များနှင့် ညစ်ပတ်သည်၊ အိမ်သာလည်းပေးမထား ဘဲ၊ ထိုအခန်းထဲတွင်အညစ်အကြေးစွန့်ခံရသည်၊ သောက်ရေတစ်နေ့တစ်ခွက်၊ ထမင်းချမ်းအသိုး၊ ပြန်စဉ်းစားမိတိုင်းခါး သီးနာကျင်နေတဆဲ “ဆဲ” မိ ချင်သည်။ ထို့နောက်၊ ကျွန်တော့်ကို ၄င်းတို့စစ်သည်အခန်းထဲသို့ ခေါ်သွားသည်၊ ချူပ်ထား ရာ အခန်းကျဉ်းမှစစ်မေးရာ အခန်းသို့သွားသော်အခါ၊ မျက်နှာဖုံးစွတ်နှင့်၊ ဘေး၂ ယောက်၊ နောက် ၁ ယောက်၊ မစစ် ခင်ကိုယ်လုံးတီးချွတ်ကာ တစ်ကိုယ်လုံးကို Metal detector ဖြင့်၊ လျှိုဝှက်လက်နက် ရှိမရှိ၊ သွားများ၊ အံဖုံးများကို အား လုံး အသေးစိတ်၊ နားပါမကျန်း၊ ခြေဖဝါးအောက်၊ အသေးစိတ်၊ မီးရောင်နှင့်စစ်ဆေးကြည့်ရှူသည်၊ စစ်သောအခန်းတွင်၊ မီးရောင် ဆလိုက်ထိုးထားရာ၊ သူတို့ကို မမြင်နိုင်ပါ၊ ထို့အပြင်၊ အမှောင်ထဲမှ အလင်းသို့ရုတ်တရက်ကြည့်ရ၍၊ မျက်စိနာ ကာ မျက်ရည်တွေကျကုန်သည်။ ငယ်စဉ်မွေးချိန်မှစကာ နောက်ဆုံးအချိန်ထိ ပထမဆုံး ကိုယ်ရေးစစ်ချက်ထွက်ရသည်၊
ကျွန်တော့်အား၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် အကျယ်ချူပ်ချ ဖမ်းဆီးထိန်းသိမ်းသည့်လုံခြုံရေး၊ ထောက် လှမ်းရေးတာဝန်ကို ဌာနအစည်းအဝေးတွင် ဆန့်ကျင်တင်ပြခြင်းသည်၊ အထက်အမိန့် ဖီဆန်ခြင်းဖြစ်ပြီး၊ ဥပဒေအရ ဆိုလျှင် နိုင်ငံတော်ကို ပုန်ကန်ရန်ကြံစည်မှု၊ တောတွင်း လက်နက်ကိုင်အဖွဲ့များ နှင့်ဆက်သွယ်မှုတို့ဖြင့် ခုံရုံးတင်နိုင် ကြောင်း၊ ထိုစစ်မေးသူမှ ခြိမ်းခြောက်ပါသည်။ ကျွန်တော်ကိုင်ဆောင်သော Cell Phone မှဖုံးအဝင်အထွက်နံပါတ်များကို ဆက်သွယ်ရေးရုံးမှရယူကာ၊ တစ်ခုချင်းစီစစ်ကာ ထိုပြောသော အကြောင်းများကို အသေးစိတ်ပြန်ပြောခိုင်းပါသည်၊ မောလိုက်တာ…

ဖုံးနံပါတ်များထဲမှပြည်ပခေါ်သည့် နံပါတ်များအား၊ ပို၍ အသေးစိတ်ဖိစစ်ပါသည်၊ Email များကိုလည်း ဖွင့်ပြခိုင်းကာ Inbox, out box တစ်ခုချင်းအသေးစိတ်၊ တစ်ခုချင်းလှန်ကာ၊ စစ်ပါသည်၊ ထိုရက်ပိုင်းထဲတွင် ၄င်းတို့သည်၊ ကျွန်တော် နေထိုင်ရာ အိမ်ခန်းကိုလည်း မွှေနောက်ရှာကာ၊ ကျွန်တော် ရေးသားထားသော ဒိုင်ယာရီစာအုပ်များ၊ ရုံးဖိုင်တွဲများ၊ ကိုယူလာကာ၊ အသေးစိတ် ပါးရိုက်၍ မေးပါတော့သည်၊ ပိုဆိုးသွားသည်မှာ၊ ကျောင်းသားဘဝကထဲက သမီးရည်စား ကိစ္စကအစ၊ နိုင်ငံရေးအပါအဝင်၊ ရုံးတွင်းရေးခံစား ချက်များကို ထည့်ရေးမိသောကျွန်တော်မှာ၊ စစ်အစိုးရ၏ သံတမန် အရာရှိဖြစ်သော်ငြားလည်း၊ အာခံဆန့်ကျင် သည့် သူပုန်စိတ်ဓါတ်ရှိသူ တစ်ဦးသဖွယ် စစ်ကြောရေးတွင်ပေါ်ပေါက်လာ သည်၊

သူတို့စစ်လိုသည်မှာကျွန်တော် CIA အား၊ သတင်းပေးပို့ခြင်း၊ တခြားပြည်ပနိုင်ငံရေး အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း ဟု စွပ်စွဲချက်ဖြစ်သည်၊

အဆိုးဆုံးခံစားရသည်မှာ ကိုယ်လုံးတီးချွတ်ဖြင့် နေ့တိုင်း ဆိုင်ကယ်စီးစေခြင်းဖြစ်ပြီး၊ ခွေကျသွားသောအခါ၊ အစောင့် စစ်သား ၂ ဦး မှ စစ်ဖိနပ်ဖြင့် ပစ်ကန်သည်၊ ညို့သကျည်းပေါ်သို့၊ နံပတ်တုံးဖြင့် လိမ့်ခံရခြင်း၊ ခြေသလုံးပေါ်သို့၊ ထန်း ညက်ရေများ လောင်းချပြီး၊ အယ်လဇေးရှင်း ခွေးများကို လျှက်စေပါသည်၊ ဤသို့၊ ၈ ရက်ခန့်မျှ နှိပ်စက်စစ်ဆေးပြီး၊ ကျွန်တော့်ကိုညနက် အချိန်တစ်ရက်တွင်အိမ်ပြန်ပို့ပါသည်၊ အိမ်ပြန်ရောက်ပြီး၊ မောပန်းခံစားရ၍ ၁ ပါတ်ခန့်အိမ်ထဲမှာ လဲနေသည်၊ ထိုရက်ပိုင်းမျှ နှိပ်စက်မှုသည်ပင် လူအားရှုကြောင်ကြောင်ဖြစ်ခဲ့ရသည်၊

ထို့နောက် ရုံးသို့ရောက်သောအခါ၊ ကျွန်တော့်အား၊ အလုပ်တာဝန်များမှ၊ ရပ်စဲထားပြီးဖြစ်ကြောင်း ရုံးသို့ ၂ ပါတ်ခန့်ပုံမှန် လာပြီး၊ ထွက်မပြေးကြောင်း၊ နေအိမ်မှာနေထိုင်ကြောင်း၊ ကတိပြုရသည်၊ ထိုနောက်ဦးဝင်းအောင်မှ အလုပ်ထွက်စာ တင်ခိုင်းပါသည်၊ နောက်ပိုင်းတွင် အိမ်မှာပင်နေရကာ၊ ဇွန် ၂ဝဝ၄ တွင်ထွက်ခဲ့ရပါသည်၊ ထို့နောက်ပိုင်းတွင် အန္တရာယ်ရှိ သဖြင့်၊ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန်၊ မနလ ရရန်၊ အိမ်ထောင်စုစာရင်းအတု ပြုလုပ်လာဘ်ထိုးကာ၊ ခဲရာခဲဆစ်ရအောင် ကြိုးစားခဲ့ရသည်၊ လေဆိပ်အထွက်ကို ဌာနမှ ဝင်းကိုစိုး (ကရင်တိုင်းရင်းသား) မှ ရုံးစာရွက်စာတမ်းအတုများဖြင့်၊ သံအ မတ်ကြီးတစ်ဦး၏သားဟု ပုံမှန်းရိုက်ကာ၊ စွန့်စားခဲ့ရသည်၊ နောက်ပိုင်းတွင်၊ ဝင်းကိုစိုးအား အရေးယူရန်ရှိသောအခါ၊ သူသည် ကရင်ပြည်နယ် နယ်စပ်ဘက် သို့ရှောင်တိမ်း ခဲ့သည်မှာ ယနေ့တိုင်၊
ထိုနောက် ဖီလစ်ပိုင်း နိုင်ငံသို့သြဂုတ် ၂ဝဝ၄ တွင် ရောက်ရှိသည်၊ ဖီလစ်ပိုင်းသို့ ကျွန်တော့်ဖခင်သည် ၂ဝဝ၃ တွင် အလုပ်မှပင်စင်ယူကာ၊ ဖီလစ်ပိုင်းရှိ ဘဏ္ဍာရေးကုမ္မဏီတစ်ခုတွင် အလုပ်လုပ်နေခြင်းဖြစ်သည်၊ ထိုနိုင်ငံတွင် မိမိ ကျန်း မာရေးကောင်းမွန်အောင်၊ ဆေးဝါးကုသမှု ခံယူရသည်
Counselling Psychiatric အပါအဝင်၊

စိန်လွင်

ကောင်းဝါသတင်းစာမျက်နှာမှ

No comments:

Post a Comment