ondragstart="return false" onselectstart="return false"

Thursday, January 7, 2010

လူ့ အခွင့်အရေးချိုးဖေါက်မှု နှင့် တိုက်ပွဲ သတင်း

တပ်မဟာ(၁) - သထုံခရိုင်

၂၆၊ ၁၂၊၂၀၀၉ ရက်နေ့ ၌ ဘီးလင်းမြို့ နယ်ရှိ ဒီကေဘီအေ ၃၃၃ တပ်မဟာ တပ်ရင်း(၃) ရုံးထိုင်မှူး စိုးအောင်မှ ရွာများဖြစ်သော လိုကဒိုရွာ - သက်ကယ်မိုး အခက် ၁၀၀၀၊ နိုကနဲရွာ -သက်ကယ်မိုး အခက် ၁၀၀၀၊ တောင်းယူပြီး အုန်းတောအရပ် တောင်တက်ကုန်းစခန်း သို့ ၂၊ ၁၊ ၂၀၁၀ ရက်နေ့ အရောက်ပို့ ခိုင်းသည်။

တပ်မဟာ(၂) - တောင်ငူခရိုင်

၎၊ ၁၊ ၂၀၁၀ ရက်နေ့ ၁၅း၁၈ နာရီအချိန် လိုထိုးဘို အရပ်၌ တကြိမ်ပစ်ခတ်ရန် နအဖ တပ် မှ (၁)ဦးသေ။
၅၊ ၁၊ ၂၀၁၀ ရက်နေ့  ၁၃း၄၀ နာရီ ထီးညါပယ်လို စခန်းအနီးတွင် တကြိမ်ပျောက်ကြားပစ်ခတ်ရန် နအဖ တပ် (၁)ဦးဒဏ်ရာရ။

ထန်းတပင်မြို့ နယ်၊ ၄၊ ၁၊ ၂၀၁၀ ရက်နေ့ နအဖ စစ်တပ် စကခ(၇) ကလောမီဒါးအခြေစိုက်တပ်များသည် ကလောမီဒါးရွာသား ၄၀ဦး - ရွာသူ ၃၀ ဦးအား ပလဲဝ စခန်းမှ ကလောမီဒါး နအဖ စစ်စခန်းသို့ ရိက္ခာများကို ပို့  ဆောင်ရန် အတင်းအကျပ် ပေါ်တာအဖြစ်ခိုင်းစေ ။
၅၊ ၁၊ ၂၀၁၀ ရက်နေ့ ယင်း နအဖ စစ်တပ် စကခ(၇) ကလောမီဒါး အခြေစိုက်တပ်သည် ကလောမီဒါးရွာသား ၄၀ ဦး ရွာသူ ၃၀ ဦး၊ မော်ဖါးဒဲရွာသား ၄၀ ဦး၊ လမ်းခရီးတွင်သွားလါသူ (၁၈)ဦးအားဖမ်းဆီးပြီး ပလဲဝစခန်းမှ ကလောမီဒါး စစ်စခန်းသို့ အတင်းအကျပ်ခိုင်းစေပြီး စစ်တပ်ရိက္ခာများကိုသယ်ခိုင်းသည်။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်

၂၊ ၁၊ ၂၀၁၀ ရက်နေ့ တွင် ရန်သူတပ်နှင့် ထီးလယ်ဘောထာ အရပ်၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ။

တပ်မဟာ(၆) - ဒူးပလာယာ ခရိုင်

၎၊ ၁၊ ၂၀၁၀ ရက်နေ့  ၀၉း၄၈ နာရီအချိန် ကျနော်တို့ တပ်ရင်းအမှတ်(၁၆)မှ ခမရ(၄၀၂) စစ်ကြောင်း(၂) မောင်မောင်မျိုးဦးစီး အား ခေါကလားနှင့် မဲကျူ ကြားတွင် တကြိမ် ပျောက်ကြားပစ်ခတ်ရန် နအဖ တပ်(၁)ဦးသေ။

မှတ်ချက်။ ။ ကေအဲန်ယူရုံးထုတ်ပြန်ချက်မှ ဘာသာပြန်ဆိုသည်။

No comments:

Post a Comment