ondragstart="return false" onselectstart="return false"

Tuesday, January 26, 2010

နအဖ သတင်းမီဒီယာ နဲ့ တကယ့်လက်တွေ့ ဖြစ်ရပ်မှန်

အီးမေးမှတဆင့် လက်ခံရရှိပါသည်။

ကျနော်ဟာနိုင်ငံရေးသမားတစ်ဦးမဟုတ်ပါ။ သို့ ပေမယ့်လည်း သတင်းကိုတော့အမြဲတမ်းနားထောင်ဖြစ်သလို အားတဲ့အချိန်ဆိုရင်လည်း သတင်းတွေကို အားပါးတရဖတ်လေ့ရှိပါတယ်။ ခုတလော စိတ်ဝင်စားဒါက နအဖ မီဒီဒီယာမှာ NLD ကိုတိုက်ခိုက်မှုသတင်းတွေနဲ့  တပ်တွင်းပုန်ကန်မှုသတင်း ကိုယ့်အတွင်းရေးများအပြင်ပေါက်သွားဒါကို သွေးရူးသွေးတန်းနဲ့  လိုက်လံဖြေရှင်းတဲ့ဆောင်းပါးတွေ နဲ့  နိုင်ငံခြားအသံလွင့်ဌာနတွေကို အပြစ်တင်တဲ့ ဆောင်းပါးတွေ ဆက်တိုက်ဆိုသလို နအဖ သတင်းမီဒီယာတွေမှာ တွေ့ နေရပါတယ်။

တစ်ခုထူးခြားဒါက တိုင်းရင်းသားအဖွဲ့ အစည်းတွေထဲမှာဆို ရင် KNU ကရင်အမျိုးသားအစည်းအရုံးကို တိုက်ခိုက်တဲ့ သတင်းတွေလည်း နအဖ မီဒီယာတွေမှာ ဆက်တိုက်တွေ့ နေရပါတယ်။ ဘာပဲဖြစ်ဖြစ် နအဖ စစ်အစိုးရက ပြည်သူ့ ဘက်တော်သားအဖွဲ့ အစည်းများအားလုံးကို သူ့ ကိုဆန့် ကျင်တဲ့ အဖွဲ့ အစည်း ငါနှင့်မတူ ငါ့ရန်သူ အဖြစ် မြင်ပြီး ထိုအဖွဲ့ များကို မဟုတ်မမှန် သတင်းလုပ်ကြံရေးသားလေ့ရှိနေတယ်ဆိုဒါ ကျနော် ယခု ကောင်းကောင်း သဘောပေါက်သွားပါသည်။

ကရင်အဖွဲ့ အစည်းနဲ့ ပါတ်သက်၍ နအဖ စစ်အစိုးရက သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ လုပ်ရပ်တွေကို ကေအဲန်ယူ အပေါ်သို့ ကရင်လူမျိုးများ အထင်အမြင်လွဲမှားအောင် အမျိုးမျိုး လုပ်ကြံဇာတ်လမ်းများ ဖန်တီးရေးသား ထားတယ်ဆိုဒါတွေ့ နေရပါတယ်။

အထင်ရှားဆုံးနှစ်ခုက ဖာပွန်မြို့ ပေါ်မှာ ကရင်နှစ်သစ်ကူးတွင် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ ကေအဲန်ယူ လက်ချက်ဖြင့်သည်ဟူ၍ ဆောင်းပါးကောင်းစဉ်အမျိုးမျိုးတပ်ပြီး နအဖ စစ်အစိုးရ၏ ၀ါဒဖြန့် မီဒီယာတွေမှာ ခဏခဏ ဖေါ်ပြနေဒါ တွေ့ ရပါတယ်။ အဲဒီဖာပွန်ဗုံးပေါက်မှုနှင့်ပါတ်သက်၍ မကြာသေးမည်ရက်တွင်းကပင် ထိုဗုံးပေါက်မှု တရားခံအစစ်သည် နအဖ ကိုယ်တိုင်ဖြစ်ပြီး နအဖ စစ်ဗျူဟာတစ်ခုမှ စနစ်တကျလုပ်ဆောင်နေတယ် ဆိုဒါ တပ်ပြေးတဦး၏ ပြန်လည်ပြောပြချက်ကို ကိုးကားသော သတင်းများမှ အဖြစ်မှန်ကို ပြန်လည်သိရှိရပါသည်။

သည့်ပြင်မက ဇန်န၀ါရီ ၂၃ ရက်နေ့ က နအဖ၏ ၀ါဒဖြန့်  ချီရေး ကျေးစေတမန်ဘလော့မှာဆိုရင် “၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ည ခြောက်နာရီ သုံးဆယ်မိနစ်က မဆဲပလို ရွာအနီး လောပိတ- တောင်ငူ (၂၃၀) ကေဗွီ မဟာ ဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၁၉၉) အား ကေအင်န်ယူတို့က မိုင်းထောင် ဖောက်ခွဲလိုက် သဖြင့် ဓါတ်အား ပြတ်တောက် ခဲ့ရသည်” ဟုဖေါ်ပြထားပြန်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ်အမှန်တရားတွေက တစ်ခုပြီးတစ်ခု ပေါ်လာဒါပါပဲ။ ဥပမာပြရမည်ဆိုလျှင် ဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၁၉၉) အားကေအဲန်ယူ ဖျက်ဆီးပစ်သည်ဆိုတဲ့သတင်းကို ၂၅၊ ၀၁၊ ၂၀၁၀ ၇က်နေ့ RFA မှ ထုတ်လွင့်သော အင်တာဗျူးသတင်းတစ်ခုတွင် ထိုအဖြစ်မှန်က ပေါ်လွင်သွားပါသည်။ ထိုအင်တာဗျူးသတင်းက KNPP ဗိုလ်ချူပ်ဘီထူးနဲ့ မေးမြန်းထားတဲ့သတင်းပါ။ ဗိုလ်ချူပ်ဘီထူးကိုတိုင်က ကယားပြည်နယ်မှ ထွက်တဲ့လျှပ်စီးမီးဟာ ကယားပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ဘာမှအကျိုးမရှိပဲ စစ်အစိုးရကို သာအကျိုးဖြစ်စေသောကြောင့် ဖေါက်ခွဲဖျက်ဆီးပစ်တယ်လို့ ပွင်းပွင်းလင်းလင်းဖြေဆိုသွားဒါ တွေ့ ရပါတယ်။ ကယားပြည်နယ်ရဲ့မြို့ တော် လွိုင်ကော်မြို့ လို နေရာမှာ တောင် ခ၇မ်းချည်သီးလောက်တောင်မီးမလင်းချင်ဘူးလို့ လည်း သတင်းမှာဖေါ်ပြထားပါတယ်။

ကဲဒီလိုဆိုရင်ဖြင့် ဖာပွန်မှာ ဗုံးပေါက်ဒါ ဓါတ်အားလိုင်းတာဝါတိုင်တွေ ပြတ်ထွက်သွားဒါ ကေအဲန်ယူကြောင့်လို့ နအဖ မီဒီယာတွေမှာ စွာကျယ်ကျယ်နဲ့ အော်နေတဲ့ နာမည်အမျိုးမျိုးနဲ့ နအဖ ၀ါဒဖြန့် ချီရေး ကလောင်ရှင်တွေ ဘာတွေဆက်ငြင်းနေကြအုံးမှာလည်းဗျ။ စဉ်းစားကြည့်ပါအုံး။ ဖာပွန်မှာ ဗုံးပေါက်တုံးက စစ်ပြေးက အမှန်တ၇ားကို ဖေါ်သွားတယ်။ ဓါတ်အားလိုင်တာဝါတိုင်ကိစ္စမှာ ဖေါက်ခွဲသူတွေ ကိုယ်တိုင် ၀န်ခံပြီး ဘာကြောင့်ဖေါက်ခွဲရတယ်ဆိုဒါ ကမ္ဘာသိ RFA မှတဆင့် ပြောသွားတယ်။

ဒီလိုဆိုရင်ဖြင့် နအဖ စစ်အစိုးရမှ ထုတ်ပြန်တဲ့သတင်းတွေကို ကျနော်တို့ ပြည်သူတွေ ဘယ်လို လုပ်ပြီး သွားယုံရတော့မှာလည်းဗျ။ ကျနော်တို့ ပြည်သူတွေကို လိမ်လည်လည့်စားနေဒါတွေကို ရပ်ပြီး အမှန်တရားဖက်ရပ်တည်တဲ့ မီဒီယာသမားတွေဖြစ်ဖို့  တိုက်တွန်းလိုပါတယ်ဗျ။ ခုဆိုရင် အမြဲတမ်း လုပ်ကြံရေးသားထားတဲ့ ခင်ဗျားတို့ ရဲ့ မီဒီယာ သတင်းတွေကြောင့် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ယုတ်မာပက်စက်မှု တွေဟာ ခင်ဗျားတို့ နအဖ ကိုယ်တိုင်ဖန်တီး လုပ်ဆောင်နေတယ် ဆိုဒါ ရှေ့နောက်မညီတဲ့ ခင်ဗျားတို့ ရဲ့ဝါဒဖြန့် ဆောင်းပါး တွေကပဲ ပြန်ပြီး သက်သေသဓာကတွေ ဖြစ်နေတယ် မဟုတ်လါးခင်ဗျား။

၂၇၊၀၁၊၂၀၁၀
ရွှေကျော်

No comments:

Post a Comment