ondragstart="return false" onselectstart="return false"

Saturday, January 30, 2010

တကယ့်ဗုံးခွဲတရားခံက ဘယ်သူတွေလဲ?

ရဲရင့်ငယ်ဘလော့မှကူးယူဖေါ်ပြသည်။ http://www.yeyintnge.com/2010/01/blog-post_8163.html

01/30/2010
ပန်းချီ-ဒီဇိုင်း ကိုမျိုး

ယခုတလော န အ ဖ သတင်းမီဒီယာတွေမှာ ဗုံးဖောက်ခွဲမှုသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြနေတာကို တွေ့နေရပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ န အ ဖ ဟာ ကိုယ့်ဗုံးကိုယ်ဖောက် နိုင်ငံတကာနဲ့ ပြည်သူတွေကို လိမ်လည် မျက်လှည့်ပြဖို့ ကြိုးစားနေပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုချက်နဲ့ NLD ရဲ့ရွှေဂုံတိုင်ကြေငြာချက်ကြောင့် အကျပ်ရိုက်နေတဲ့ နအဖ ဟာ ဟိုနေရာဗုံးဖောက်ပြ ဒီနေရာဗုံးဖောက်ပြနဲ့ ပြည်သူတွေကို ခြိမ်းခြောက်လျှက် အကောက်ကြံဖို့ ကြိုးစားနေကြပါတော့သည်။

ဒေသဆိုင်ရာတပ်ရင်းတချို့ကို လျှိ့ဝှက်ညွန့်ကြားမှုများပြုလုပ်ထားပြီး ဖောက်ခွဲရေးတာဝန်ကျ သူတစ်ဦးကို နယ်မြေရဲစခန်းမှ လက်နှက်နှင့်အတူ ဖမ်းဆီးရမှိသော်လည်း မည်သို့မျှအရေးယူ ဆောင်ရွက်ခွင့် မရပဲ အဆိုပါသူအား ၄င်းတို့၏တပ်ရင်းမှ လာရောက်ခေါ်ဆောင်သွားပြီး ပြင်ပ မီဒီယာများသို့ မပေါက်ကြားစေရန် အထူးညွန့်ကြားထားကြောင်းသိရပါသည်။

ဒါကြောင့် န အ ဖ ရဲ့ကောက်ကျစ် ရက်စက် ယုတ်ပတ်တဲ့ ဥာဏ် နီ ဥာဏ်နက် တွေကို ၅၅သန်း ကျော်ရှိ ပြည်သူလူထုက သတိရှိရန် ရန်အထူးလိုအပ်နေပြီး အခုလည်းပဲ မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြန်ပါသည်။ ဒါတွေဟာလည်း န အ ဖ လက်ပါးစေတို့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်းကိုလည်း အပြစ်ရပ်အဖွဲများ ခန့်မှန်းကြပါသည်။

ဘာပဲဖြစ်ဖြစ် နအဖ ခွေးယုတ်တွေကတော့ ဥာဏ်နီဥာဏ်နက် သုံးပြီးအကောက်ကြံနေကြပါပြီပြည်သူ့ ခေါင်းဆောင်ကြီးတွေအားလုံး သတိရှိရန်အထူးလိုအပ်နေပါတော့သည်။

ဗုံးဖောက်ခွဲတဲ့ တကယ့်တရားခံတွေရဲ့ ကိုယ်ရေးအကျဉ်းကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်....

No comments:

Post a Comment