ondragstart="return false" onselectstart="return false"

Monday, January 11, 2010

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

ဒီအပိုင်း(၂)မှာ ဒီကေဘီအေ ပေါ်ပေါက်လာရခြင်းဇစ်မြစ်ကို လည်းဖွင့်ဟထားပါသည်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန နှင့် ဗမာ့ထောက်လှမ်းရေးတွေ ဆက်စပ်ဆက်နွယ်တဲ့ အခြေအနေများကို မီးမောင်းထိုးပြထားပါသည်။
ကရင်အမျိုးသားများ အခြေအနေမှန်ကို သိရှိနိုင်ရန်အတွက် ဖတ်သင့်သော ဆောင်းပါးတပုဒ်ဖြစ်ပါသည်။

စိန်လွင်
ဇန်နဝါရီ ၁၁ ၊၂၀၁၀။

၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော်ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦးလာရောက်ခါနီးတွင် ဗုံးပေါက်ကွဲခဲ့ သည်၊ ထိုဖြစ်စဉ်တွင် ကက ကြည်းအမိန့်နှင့် လုံခြုံရေးယူသည့် ခြေလျင်တပ်များနှင့် ခင်ညွှန့်အမိန့်အရ ပိတ်ဆို့လမ်း ကြောင်းကို ထလရ တပ်များက ဖွင့်ပေးလိုက်သည်ကို အခြေအတင် အချင်းချင်းပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……

ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံထုတ်များဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်းဆရာ၊ မင်းသားကြီးက… သတင်းဖော်ထုတ်ခဲ့သည်ကို…

၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ပြောင်းလဲကာ သူ၏အာဏာကို ပို၍တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ် လမ်းကိုလည်း၊ ထလရ(၁၄)မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်းစစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်။

၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်တပ် အနောက်ခံရှိနေသော ဒုဗခကတင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့်သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ်ခဲ့ပါ သည်၊


၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင်လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီးနေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလိုရာထူးနေရာဖြင့် လုပ်စားဖို့မဟုတ်၊ သံလွင်ခွေကိုနားထောင်မိလျှင် သူမကိုပို၍ လေးစားမိလာမည်၊ မြဲတမ်းဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန် လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့်နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူအားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)

၂၀၀၂ မတ်လ၊ တပ်မတော်နေ့အနီးတွင် ဦးနေဝင်း မြေများ၏ မောင်အေးတို့ကို ဖြုတ်ချလိုသော မအောင်မြင်သော အာဏာသိမ်းပွဲ ဖြစ်လာခဲ့ပြီး၊ ထိုကိစ္စသတင်းစာရှင်းလင်းပွဲကို ကျော်ဝင်းမှ ပြုလုပ်ခဲ့သည်၊ အမြဲတမ်းသတင်းစာရှင်းလင်း သော ယခုကိစ္စတွင် ခင်ညွှန့်အနေဖြင့် များစွာစိတ်မကောင်းဖြစ်ခဲ့ကြောင
်း ဦးဝင်းအောင်ကို ပြောပြခဲ့သည်၊ ၂၀၀၂ ဝန်း ကျင်ကာလများတွင် မောင်အေးကိုပင် ပြည်ပခရီးစဉ်များ လိုက်ပို့သည့်အခါ အလေးမပြုခြင်းတို့ကို မြန်မာ့ရုပ်သံတို့တွင် ထုတ်လွှင့်လာပါသည်၊ (မြန်မာ့ရုပ်သံ ထုတ်လွှင့်မှုကို လှမ်းမှအမြဲတည်းဖြတ် ထိန်းကွပ်ထားသည်)၊တကယ်တော့တပ်မ တော်ထောက်လှမ်းရေးတပ်သည်၊ ထောက်ပို့၊ အင်ဂျင်နီယာ၊ ဆေးတပ်များကဲ့သို့၊ ကြည်းတပ်၏ လက်ရုံးတပ်တစ်ခုသာ ဖြစ်ပြီး၊ ညွှန်မှူးသည် ဗိုလ်ချုပ်အဆင့်သာဖြစ်ကာ (၆၅)တွင် ပင်စင်ယူရမည် ဖြစ်သည်၊ သို့သော်လည်း မင်းသားကြီး ခင်ညွန့်သည် က လှမ်းကို ကက ကြည်းကဲ့သို့ ဌာနအဆင့် (တနည်းဆိုသော်) သူနှင့်ကာကွယ်ရေး ဦးစီးချုပ်ကြည်း၊ the same role ဖြစ်အောင်၊ လှမ်း၊ ဌာနချုပ်အဖြစ် ၂၀၀၂ ထဲတွင် ဖွဲ့စည်းပုံတိုးချဲ့ခဲ့ပြီး ဌာနကြီးမှုးများကို ဗိုလ်ချုပ်အဆင့် ထားရှိကာ၊ ဤကဲ့သို့ နိုင်ငံရေးအရ လက်တွေ့ပိုင်းတွင် ပုံဖော်အားပြိုင်လာပါသည်။





ဤအခြေအနေတွင် မင်းသားကြီးခင်ညွန့်က အရွယ်တင်နုပျိုနေသေးရာ၊ ဗိုလ်တထောင်ဘုရားမှ အင်္ဂါဒေါင့်အနီး၊ လိပ် ကန်တွင် စံပါယ်တော်မူသော .. .. ကမ္ဘာစောင့်နတ်မင်းကြီးများဖြစ်သော.. .. အဲလေ.. ဦးသန်းရွှေနှင့် မောင်အေးကို စောမောင်တုန်းကလို သူကဆေးပင်စင်ပေးလိုခြင်းဖြစ်သည်။ ဦးသန်းရွှေနှင့် မောင်အေးတို့ကလည်း သူ့ကိုဝန်ကြီးချုပ် အဖြစ် သြဂုတ် ၂၀၀၃ တွင်ခန့်ကာ၊ တပ်မှဖယ်ထုတ်ပြီး ဦးသန်းရွှေတပည့် ကျော်ဝင်းကို ကက လှမ်းညွှန်းမှူးခန့်ရန်လုပ် သောအခါ၊ ခင်ညွန့်မှ ကျော်ဝင်းကို သက်ပြည့် ပင်စင်ယူရန် သန်းရွှေကို ပြန်လည်အာခံခဲ့သည်၊ ဤအခြေအနေကို ဆရာ ကောင်းတပည့် ဦးဝင်းအောင် ကောင်းကောင်းသိသည်၊ ဦးဝင်းအောင်သည် ဌာနတွင် ၄င်းသည် တစ်ချိန်တွင် ဒုဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထိ သူအနေအထားရှိကြောင်း ဌာနတွင်လာဘ်စားမှုလုပ်မှာမဟုတ်ကြောင်း အတွင်းစကား ပြောခဲ့ပါ သည်၊ ဦးဝင်းအောင်မှ သူ့ဆရာကို- ယခုအခါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ်မှာလည်း ဗခက ကြီး၏ စည်းရုံးနိုင်မှုကြောင့် အောင်မြင်ကြောင်း၊(ဝ နယ်တွင် ဗခက ခင်ညွှန့်၏ ပြုံးနေသောဒါတ်ပုံကို စိုက်ထူထားသည် တိုင်း ရင်းသားတို့သည် လူကိုခင်မင်တတ်သည်။

တဖက် NLD ကိုလည်းစည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးကာ၊ နောက်ဆုံးတွင် ဖီလစ်ပိုင်တွင် အာဏာရှင် မားကိုစ်ကို ဖြုတ်ချရာတွင် ကိုရာဇန် အကွီနိုနှင့် ထိုအချိန်က ကာချုပ် ရာမိုစ်တို့ ပေါင်းခဲ့ ကြောင်း၊ ယခုလည်းသန်းရွှေ၊ မောင်အေးတို့ကို ဤအတိုင်းဖြစ်လာနိုင်ကြောင်း၊ ထို့အပြင်လည်း ၁၉၉၀ NLD အောင်ပွဲ ခံသောအခါ ရန်ကုန်ရှိ တရုတ်သံအမတ်ကြီးက NLDN HQ သို့သွားကာ Congratulation လုပ်ထားဘူးကြောင်း၊ NLD နှင့် နိုင်ငံရေးအရ မဟာမိတ်ပြု၍ နိုင်ငံတော်တာဝန်ကိုယူလျှင် တရုတ်နှင့်လည်းပြဿနာ မရှိကြောင်း၊ သန်းရွှေ၊ မောင်အေး တို့ကို လာဘ်စားမှုဖြင့် ဖော်ထုတ်ကာ တပ်တွင်းစည်းရုံးမှု ရနိုင်ကြောင်း၊ အာဆီယံကိုမူ ထောက်ခံမှုရရန် သူတာဝန်ယူ ကြောင်း၊ ကျော်ဝင်းကိုမူ ဦးသန်းရွှေလူဖြစ်၍ အရင်ရှင်းသင်းကြောင်း၊ ဦးဝင်းအောင်မှ ဗခက ခင်ညွန့်နှင့် စည်းဝါးကိုက် ခဲပြီးဖြစ်သည်၊ မင်းသားကြီးကလည်း ဦးဝင်းအောင်ကိုပုံကာ အားထားလာသည်၊

[(ထို့အပြင်ဦးဝင်းအောင်သည် ဧရာဝတီတိုင်း၊ ဘိုကလေးစစ်ပွဲအပြီးတွင် ထိုစဉ်ကဗိုလ်ချုပ်ခင်ညွန့်ထံသို့ ငပွေးတို့သည် ပြောက်ကျားစစ်တွင် အားသာကြောင်း၊ ဌာနချုပ် မာနယ်ပလော တို့လို စခန်းမျိုးကို ခြေလျင် စစ်စင်လျှင်၊ တပ်မ(၃)ခု လောက် ကုန်နိုင်ကြောင်း၊ ထို့အတွက်အကောင်းဆုံးမှာ “KNU ကိုဘာသာရေးအရ ဖဲ့ထုတ်နိုင်လျှင် စစ်ရေးအရအောင်နိုင် ရုံမက နိုင်ငံရေးပိုင်းပါ စကားပြောနိုင်လာမည် ဖြစ်ကြောင်း” လေးနက်စွာ ၄င်းသံအမတ်ဘဝဖြင့် ရှိစဉ်ကပင် ခင်ညွန့်ကို အကြံပြုတင်ပြခဲ့ဘူးသည်၊
သူ၏အကြံအတိုင်း၊ ဗခခင်ညွန့်သည် ဗခက ကျော်ဝင်းကို ကရင်ပြည်နယ်အတွင်းသို့ စေလွှတ်ကာ၊ မြိုင်ကြီးငူဆရာတော် ကိုပါ အပိုင်ကပ်ပြီး၊ စည်းရုံးရေးဝင်ခဲ့သည်၊ များမကြာမှီ ၁၉၉၄-၉၅ ဝန်းကျင်တွင် KNU အဖွဲ့တွင်း ရာထူးကိစ္စများနှင့် စတင်ကာ အချင်းချင်း မကြေနပ်သောအချိန်တွင် နားစွင့်နေသော ကျော်ဝင်းတို့မှ ထောက်လှမ်းရေးကောင်းပီပီ၊ “ဘာ သာရေးနှိပ်ကွပ်သည်ဟု” မီးလောင်ရာသို့ ဓါတ်ဆီကား(၁၀)စီး လွှတ်နိုင်ခဲ့၍ DKBA ဖြစ်ပေါ်လာခဲ့သည်၊ ဤသို့ဖြင့် မြန် မာနိုင်ငံသမိုင်း နှစ် ၄၀ တွင် ပြောက်ကျားစစ်အင်အားကောင်းသော KNU မှာ ဌာနချုပ် မာနယ် ပလော နှင့် အရေးပါ သော စခန်းများမှာ DKBA ကြောင့် ဆက်တိုက်ကျသွား ခဲ့ရသည်၊ ထို့ကိစ္စအောင်မြင်မှုကြောင့် သန်းရွှေ၊ မောင်အေးတို့မှ ကက လှမ်း၏ စွမ်းဆောင်မှုကို အသိမှတ်ပြု ဂုဏ်ပြုခဲ့ကြပါသည်၊ ထိုကြောင့်လည်း ခင်ညွန့်မှလည်း နိုင်ငံရေးပိုင်း၊ သံအ မတ်ရေးပိုင်း၊ ကလိမ်ကကျစ် လုပ်ရမည့် ထောက်လှမ်းရေးပိုင်းတို့တွင်(လှမ်း) ဗိုလ်မှူးဟောင်းဝင်းအောင်ကို ပိုမိုယုံကြည် ကာ အမြဲဖုံးဆက်ကာ တိုင်ပင်တတ်ပါသည်၊)]

နောက်ပိုင်းတွင် မင်းသားကြီးမှ ထလရ လုပ်ငန်းဆိုင်ရာ ကိစ္စများကို စည်သူငြိမ်းအေးထံ တိုက်ရိုက်စာများ ပို့လာခဲ့သည် ကို သတိပြုမိသည်၊ ၂၀၀၂ မေတွင် အန်တီစုအကျယ်ချုပ်မှ လွှတ်ခဲ့ရသည်၊ နောက်ဆုံး ၂၀၀၃ မုံရွာဘက်သို့ အန်တီစု စည်းရုံးရေးခရီးစဉ် ထွက်သောအခါ နယ်မြေခံ ထလရ တပ်များကို လိုအပ်သော ပံ့ပိုးမှုဖြင့် ကူညီရန်ဟူသော အလွန်ထူး ခြားသော လျှို့ဝှက်အမိန့် ရောက်နေပါသည်၊ နယ်မြေရှိ ခြေလျင်တပ်များနှင့် ထလရ များအကြား ပြဿနာများ ဖြစ်ပေါ် သည်၊ ၂၀၀၃ မေတွင် ထိုကဲ့သို့ အခြေအနေများကို ကက ကြည်း သို့သတင်းများ စဉ်ဆက်ရောက်ရှိလာကာ၊ ဒေါ်အောင် ဆန်းစုကြည်အပေါ် ပြည်သူ့ထောက်ခံမှု ပိုမိုကြီးမားလာပုံ အောက်ခြေပိုင်း တပ်များကပါ တွေဝေလာပုံတို့ကို ဗွီဒီယို မှတ် တမ်းခွေတို့ဖြင့် သန်းရွှေကိုယ်တိုင် ကြည့်ရှု့ခဲ့ပြီး ခင်ညွန့်ကို လှမ်းမှ ဖြိုခွဲရန် အမိန့်ပေးသည်၊
ခင်ညွန့်မှ ဤအခြေနေတွင်-
*မြန်မာသည် အာဆီယံဝင်ဖြစ်လာပြီး ဖြစ်ကြောင်း၊
*သူမနောက်သို့ လူအုပ်ကြီးဖြစ်ပေါ်သည်မှာ နယ်ဘက်တွင်ဖြစ်ပြီး၊ သံရုံးများရှိကြောင်း၊ ပြဿနာမရှိကြောင်း၊
*ထလရ တပ်များအနေဖြင့် လူအုပ်ကြီးကို ၈၈ လို ပစ်ခတ်ရန် အင်အားမရှိကြောင်း၊
*လူအုပ်ဖြစ်တိုင်း ပစ်လျှင် ပြဿနာဘယ်တော့မှ ပြီးမှာမဟုတ်ကြောင်း၊
*တရုတ်ခေါင်းဆောင်းကြီးများပင်လျှင် ထိုသို့လုပ်လျှင် မြန်မာနိုင်ငံကို စိတ်ပျက်လာနိုင်ကြောင်း၊ (ယနေ့ထိ ထိုင်ဝမ်ကို ပစ်ခတ် မသိမ်းပိုက်ကြောင်း)

ဤခြေအနေတွင် သန်းရွှေနှင့် မောင်အေးတို့မှ ခင်ညွန့်သည် မူမမှန်သော ခြေလှမ်းလာပြီးကို သိရှိနားလည်သွားပြီး လည်း ဖြစ်ပါသည်၊ တကယ်တော့လည်း ခင်ညွန့်သည် ၁၉၉၈ နောက်ပိုင်း မြေပေါ်နိုင်ငံရေးအဖွဲ့အစည်းများကို နည်းမျိုး စုံသုံးကာ အမှန်တကယ် ဖြိုခွင်းခဲ့ပြီး ပြည်ပရှိ မြန်မာသံရုံးများသို့ လှမ်းမှ ဒုဗခက ကြီးများကို သံအမတ်များခန့်ကာ၊ ပြည်ပထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့ပြီးဖြစ်ပါသည်၊

(၁၉၉၀ ထဲတွင် လူ့ဘောင်သစ် ပါတီအား “မိုးသီးဇွန် (သို့) ကြိုးမဲ့လေတံခွန်” စာအုပ်ဖြင့် ကွဲစေပြီး၊ ၁၉၉၁ တွင် လသာ မြို့နယ်၊ ၁၆ လမ်း၊ ဗန္ဒူလလမ်း ဒေါင့်ရှိ ပါတီဆိုင်းဘုတ်ကို နေ့လည် ၁နာရီအချိန်တွင်တပ်မ (၁၁)၊Light arm carrier vehicle ဖြင့်၊ ဝိုင်ရံကာ ပါတီကို ပယ်ဖျက်ပြီဖြစ်သည့်အတွက်၊ မတရားအသင်း (မြေအောက်) ဖြစ်ပြီးမို့၊ ချက်ခြင်းဆိုင်း ဘုတ်ဖြုတ်ချရန်၊ မဖြုတ်လျှင်၊ အင်အားသုံးမည်ဟု လောစပီကာနှင့်ကြေညာကာ ဖြုတ်ခိုင်ခဲ့သူမှာ...)

ထိုနောက်တွင်သန်းရွှေ၏သားတပည့်စိုးဝင်း၏ တိုက်ရိုက်အမိန့်ဖြင့်အောင်သောင်း၊ မုံရွာခဝတ ဥက္ကဌ ဒဗမက သန်းဟန် တို့မှ အကြမ်းဖက်ပွဲကို အနီးကပ်ကြီးကြပ်ကာ၊ ခလရ ၁၆ ၊ ကြံ့ဖွံ၊ ထောင့်သားများဖြင့် အသေးစိတ်စီမံကာ၊ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါသည်။ တဆက်တည်းမှာပင် သန်းရွှေနှင့်မောင်အေးမှ ထိုစဉ်က ရမခ တိုင်းမှူး ဗိုလ်ချူပ်လှိုင် မြင့်နှင့်ရွှေမန်းတို့အား စစ်ထောက်လှမ်းရေးကို လျှိုဝှက်စွာ ပြန်လည်ထောက်လှမ်းရန်၊ စီစဉ်ခဲ့ပြီးဖြစ်ပါသည်။

၂ ဝဝ၃ သြဂုတ်လထဲတွင်မင်းသားကြီးRoad Map ကိုကြေငြာခဲ့ခြင်းကို သန်းရွှေမှလုံးဝ မကြိုက်ပါ၊ သို့သော်၊ ဖြုတ်ပြီး သောအခါ၊ အာဆီယံထဲတွင် နိုင်ငံရေးသိက္ခာအရ၊ မသွားချင်ဘဲ၊ ဆက်သွားခြင်းသာဖြစ်သည်။ ထိုမျှမက၂ဝဝ၄ ဇန်နဝါရီ ထဲတွင် ဗိုလ်ချူပ်ကြီးစောဘိုမြနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်သော ဦးကျော်သူက ဦးသန်းရွှေအလွန်စိတ်ဆိုးကြောင်းပြောခဲ့ဘူး သည်။

(ဦးကျော်သူသည် သွားရှာသူဒေါက်တာမောင်မောင်၏ သားဖြစ်ကာ၊ ၁၉၈၈ နောက်ပိုင်းတွင်၊ တပ်မ ၂၂ မှူးအဖြစ် ကရင်ပြည်နယ်သို့စစ်ဆင်ရေးများထွက်ခဲ့ရသည်။ ထိုမှတောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထို့နောက်အိန္ဒိယ နိုင်ငံဆိုင်ရာမြန်မာသံအမတ်တို့ဖြစ်ကာ၊ ၂ဝဝ၄ ထဲတွင်ဝန်ကြီးဖြစ်လာသည်၊ ၂ဝဝ၉ ထဲတွင်ဝန်ထမ်းရွေး ဥက္ကဌဖြစ်လာ ပါသည်။

ကောင်းဝါသတင်းစာမျက်နှာမှ

1 comment:

Anonymous said...

Who is the author?

Post a Comment