ondragstart="return false" onselectstart="return false"

Sunday, January 24, 2010

စကခ(၇) ခမရ (၄၂၇) မှ ကရင်ရွာသားတစ်ဦးခေါင်းဖြတ်

24/01/2010

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့ နယ်ရှိ နအဖ ဗမာ့တပ် စကခ(၇) ခမရ (၂၁၆) ဖလေးဆာလိုအခြေစိုက် စစ်စခန်းမှ တပ်များသည် ဖလေးဆာလို ရွာသားများ ကျား(၂၄ ဦး) မ (၁၁ ဦး)၊ ယာလိုရွာ ကျား (၅ ဦး)၊ မ (၂ ဦး)၊ ဘလောမူဒါးရွာ ကျား ၅ ဦး မ ၄ ဦးအား ပေါ်ထာအဖြစ် အတင်းခိုင်းစေပြီး ယူလို နယ်မြေမှ ဖလေးဆာလို စစ်စခန်းစီသို့ ၁၅၊ ၀၁၊ ၂၀၁၀ ရက်နေ့ တွင် စစ်တပ်ရိတ္ခာများကို သယ်ပို့  ခိုင်းကြောင်း သတင်းရရှိပါသည်။
ယခုလ ၁၉ ရက်နေ့ တွင်လည်း စကခ(၇) ခမရ (၄၂၇) နောစိုး အခြေစိုက်စစ်စခန်း မှ ဗမာ့တပ်များသည် ခေါတူရွာကို ၀င်ရောက်ပစ်ခတ်ပြီး ရွာသားဖြစ်သော စောထူးနေ၀ါး(၃၀နှစ်) အဘမည် စောမောင်ရွှေခင်အား အကြောင်းမဲပစ်သတ်ပြီး ဦးခေါင်းကိုဖြတ်ပစ်ကာ ထိုဦးခေါင်းကို သူတို့ စစ်စခန်းသို့ ယူသွားသည်ဟု ၂၃၊၀၁၊ ၂၀၁၀ ရက်နေ့ ထုတ်ပြန်သော ကေအဲန်ယူ ကြေးနန်းသတင်းထုတ်ပြန်ချက် တွင်ဖေါ်ပြထားပါသည်။ သည့်ပြင် ၄င်းတပ်သည် ရွာသားတစ်ဦးဖြစ်သော နော်လေးကေး ၏ စပါး (၁၀)တင်းကိုမီးရှို့ ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိပါသည်။
ယခုလ ၂၃ ရက်နေ့ တွင်လည်း စကခ(၇) မှ ကလေစိုးခီးရွာသား(၁၀၀)ဦးအား ဆန်၊ဆီ အစသဖြင့် ရိက္ခာများကို နအဖ တပ် သအေးထာ စစ်စခန်းသို့ ပို့ ဆောင်ခိုင်းပါသည်။
ယခုရက်ပိုင်းအတောအတွင်း နအဖ စစ်တပ်များသည် ကရင်လူထု အပေါ် အညိုးကြီးစွာ ဖြင့်လူမဆန်စွာ ညှင်းပမ်းနိုပ်စက်မှုများ၊ သတ်ဖြတ်မှုများ၊ လုပ်ဆောင်နေသည်သာမက ကရင်အမျိုးသမီးများကို လည်းမုဒိန်းကျင့်ဖျက်ဆီးနေသည်ကို သတင်းများတွင် ဖေါ်ပြထားပါသည်။
ညောင်လေးပင် ခရိုင် ယခုလ ၁၈ ရက်နေ့ ၃း၃၀ နာရီ ခမရ ၅၉၉ ဗိုလ်ကြီး တင်ဘိုအောင် ဦးစီး တပ်မှ တပ်ကြပ်တစ်ဦး က ကျောက်စရစ်ရွာသူ မမြမြ (၃၄နှစ်)အားအတင်းအကျပ် မုဒိန်းကျင့်ပြီးယုံမက သူမ၏ လက်စွပ်နှင့် ငွေ (၃၀၀၀)ကျပ်ကိုပါယူသွားသည်ဟုသတင်းရရှိပါသည်။ ၁၉ရက် ဇန၀ါရီလ တွင်လည်း စကခ(၁၀) ခမရ ၃၆၇ ဗမာစစ်တပ်မှ ခဲဒါးရွာအား မီးရှို့ ဖျက်ဆီးပြီး ၁၂း၃၀ နာရီ၌ အူခယ်ခီးရွာကို ၀င်ရောက်ပစ်ခတ်ပြီး ရွာသားစောအယ်မူးကို ပစ်သတ်သွားပါသည်။ အပစ်သတ်ခံရသော စောအယ်မူး တွင် ကလေးငယ်(၆)ဦးရှိပြီး ကျန်ရစ်သူ ဇနီးသည်နှင့် ထိုကလေးများဒုက္ခများစွာကြုံတွေ့ နေရသည် ဟု သိရှိရပါသည်။


23.1.2010 -

No comments:

Post a Comment