ondragstart="return false" onselectstart="return false"

Wednesday, January 20, 2010

ဂန္တ၀င်သစ္စာပန်းလေးတပွင့်အကြောင်း

ဘွဲ့ သွေးနီ - ၂၀-၀၁-၂၀၁၀


စစ်မီးလျှံများအကြားမှ အပြုံးမပျက် ယနေ့ IDP ကလေးတွေကို စာသင်ပေးနေသော ဆရာမတစ်ဦး (ဓါတ်ပုံ-FBR -Jan 2010)

ဂန္တ၀င်သစ္စာပန်းလေးတပွင့်အကြောင်း


ကျောက်ပြားက သင်ပုန်းကြီး
ဝါးသဲပြားက သင်ပုန်းကြီး
သစ်ပင် ၀ါးပင်အောက်၌
မျိုးဆက်ကလေးတွေကို
ပညာဒါနပြု
စာသင်ပေးနေတဲ့ သရာမူဖိုးရေ….

၂၀၀၆ မှ ၂၀၀၈ ခုနှစ်အတွင်း
ကရင်ပြည်နယ်မြောက်ပိုင်းမှာ
ထပ်တိုးလာတဲ့
နအဖ စစ်စခန်းပေါင်း ၁၀၃ ခုအကြား
ရွာတွေမီးရှို့ ပြာချ ခံရလိုက်
ရွာသားတွေ ထွက်ပြေးလိုက်
ပြန်လာလိုက်
အသတ်ခံရလိုက် ထွက်ပြေးလိုက်နဲ့ 
နအဖ စစ်ခွေးတွေရဲ့ အကြမ်းဖက်ခံရမှု
သံသရာလည်နေတဲ့ဘ၀မှာ

နက်ရှိုင်းတဲ့ လျှိုမြောင်တွေကြား
နေမပေါက်တဲ့ တောတွေထဲမှာ
ခါးသီးတဲ့ ဘ၀သော်ငြားလည်း
သရာမူဖိုး မညီးမညူပဲ ကလေးတွေကို
စာသင်ပေးခဲ့တယ်။

ဒီလိုနဲ့ လုံးပါးပါးပေါ့။

ရွာတွေကုန်လို့  အသတ်ခံရသူပေါင်း
မနည်းလှပါ။
လူတွေက
မခံနိုင်လို့ နယ်စပ်ဖက်သို့ 
တအီအီ ထွက်ခွါ လာလည်း
စစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံလျက်
အပြုံးမပျက် ကျန်နေတဲ့ ကလေးတွေကို

စာသင်ပေးနေဆဲပဲနော်။

တကယ်တော့ သရာမူဖိုးရေ…
နင်ဟာ ဂန္တ၀င်ခရီးရဲ့
ရဲရဲတောက် သစ္စာပန်းလေးတပွင့်ပါ။
ကမ္ဘာကျော်အောက်စဖို့ တက္ကသိုလ်ဆင်းတွေနဲ့ တောင်
မင်းကို ငါမလည်း နိုင်ပါ။

မင်းသမိုင်းပေး တာဝန် ကျေတယ် သရာမူ

ယအဲ့နာ သရာမူ
တို့ အားလုံးမင်းကို ချစ်တယ် သာရာမူ။



အဝေးရောက်ကရင်အမျိုးသားအားလုံးကို မျော်လင့်နေသော ကျနော်တို့ ရဲ့ရင်သွေးငယ်များ(ဓါတ်ပုံ-ဘွဲ့ သွေးနီ)

မှတ်ချက်။ ။ ကရင်ဘာသာစကား - သရာမူဖိုး (မြန်မာလို - ဆရာမလေး) ယအဲ့နာ (မြန်မာလို- မင်းကိုငါချစ်တယ်)
ကရင်ပြည်နယ် မြောက်ပိုင်းဒေသ စစ်မီးလျှံများအကြားမှ ယနေ့ IDP ကလေးတွေကို စာသင်ပေးနေသော ဆရာမများကို ဂုဏ်ပြုလျက်။

No comments:

Post a Comment