ondragstart="return false" onselectstart="return false"

Thursday, January 21, 2010

၂၀၀၉ တိုက်ပွဲများတွင် SSA နှင့် နအဖသေနှုန်း ၁း ၅ ဟု SSA ထုတ်ဖေါ်

ကြာသပတေးနေ့၊ 21 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

၂၀၀၉ အတွင်း သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ်ကြား တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး SSA ထက် နအဖစစ်တပ် ၅ ဆ ပိုသေဆုံးကြောင်း ၁၀ ကြိမ်မြောက် ညီလာခံတွင် တာဝန်ရှိသူများက ထည့်တွင်းတင်ပြခဲ့သည်။

“အစည်းအဝေးမှာ တာဝန်ရှိတပ်မှူး/အရာရှိတွေက မိမိတို့နဲ့ဆိုင်တဲ့လုပ်ငန်းအသီးသီးတင်ပြကြတယ်။ အနှစ်ချုပ် တိုက်ပွဲ အစီရင်ခက်ကတော့ တိုက်ပွဲမှာ SSA တစ်ယောက်ကျဆုံးယင် ဗမာတပ်က ၅ ယောက်သေတယ်တဲ့”- ဟု အစည်းဝေးတက် ရောက်သူ ချင်းမိုင် သျှမ်းလူငယ်တဦးက ပြောပါသည်။

(၁၀) ကြိမ်မြောက်ညီလာခံ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် Photo:taifreedom

၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ အောက်တိုဘာအထိ နအဖ နှင့် သျှမ်းပြည်တပ်မတော်အကြားတိုက်ပွဲကြီး/ငယ် အကြိမ် ၅၀ တွင် နအဖတပ် မှ ၇၁ ယောက်သေ၊ သျှမ်းပြည်တပ်မတော်ဘက်မှ ၁၄ ယောက် ဟုဆို၏။

“တိုက်ပွဲက ကေအဲန်ယူ တို့လို နေ့တိုင်းတော့မဖြစ်ဘူး။ ၂၀၀၉ အတွင်း နအဖဘက် အထိနာတဲ့ တိုက်ပွဲတွေဆိုရင် -မေ ၂၁ က လဲချား - မိုင်းကိုင်ကြား နောင်လိုင် တပ်စခန်းတိုက်ပွဲမှာ နအဖ စခန်းထိုင်တဲ့သူအကြပ်တပ်သား အားလုံးသေတယ်။ မေ ၂၅ ရက်ကခွဲထွက်ဗိုလ်မှူးကြီးမိုင်းဇင့် အပါအ၀င် နအဖ စရဖအရာရှိတွေသေတယ်။ နောက်တိုက်ပွဲတခုက လဲချား - မိုင်းနောင် ကြားတိုက်ပွဲမှာ နအဖဘက် ၁၁ ယောက်ပွဲချင်းပြီးသေတယ်”- ဟု ထည့်သွင်းတင်ပြခဲ့ကြောင်း လေ့လာသူအဖြစ် ညီလာခံ တက်ရောက်သူ တဦးကပြောပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS (၁၀) ကြိမ်မြောက်ညီလာခံPhoto:taifreedom

ဇန်န၀ါရီ ၁၅ မှ ၁၈ အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/သျှမ်းပြည်တပ်မတော် SSA ၁၀ ကြိမ်မြောက် ညီလာခံတွင် အသက် ၁၈ မှ ၄၅ နှစ်အထိ သျှမ်းပြည်သားတိုင်း ၅ နှစ် စစ်မှုမထမ်းမနေရ ပေါ်လစီရှိသော်လည်း အမျိုးသမီး များနှင့် ၁၈ အောက် ကလေးများကိုမူ စစ်မှုထမ်းခြင်းလုံးဝမပြုရ၊ မိမိဆန္ဒအရ၀င်ရောက်လာသည့်အသက်မပြည့်ကလေး များ ကိုလည်း ရွေးခြယ်ရာလမ်းမပေးဘဲ စာသင်ကျောင်းသို့ ပို့ဆောင်ပြီး ပညာဆက်လက်ဆည်းပူးစေ၏။ စစ်မှု မထမ်း မနေရ ၅ နှစ် သက်တမ်းလည်း ထည့်တွက်မည်မဟုတ်ဟု ပြောဆိုသည်။

No comments:

Post a Comment