ondragstart="return false" onselectstart="return false"

Tuesday, January 12, 2010

ကရင်အမျိုးသမီး တဦးအား နအဖ စစ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်

ဗမာ့တပ်မတော်လား....ဒါမှမဟုတ် မုဒိန်းတပ်မတော်လား...ဆိုဒါ..နအဖ စစ်တပ်ရဲ့ လုပ်ရပ်တွေက သက်သေ အမြဲပြနေပါသည်။ အောက်ပါသတင်းကို ဖတ်ကြည့်လိုက်ပါ။ မှတ်ချက်။ ။ အမျိုးသမီး၏ ဓါတ်ပုံကို မူရင်းသတင်း http://www.karenswedishcommunity.org/ မှာကူးယူဖေါ်ပြပြီး သတင်းကို ကညောဖိုးဘလော့ http://kanyawpo.blogspot.com/2010/01/blog-post_13.html မှကူးယူဖေါ်ပြသည်။

ဒီဇင်ဘာလ ၃၁ ရက် ၂၀၀၉ ခုနှစ် အချိန်ညနေ ၂နာရီ တွင် ကရင်အမျိုးသမီး နော်ဒီဇင်ဘာ ၏ မိခင် နော်……… (၃၀)နှစ် သည် နအဖ စစ်သား စိုးမင်း ၏ မုဒိမ်း ကျင့်ခြင်း နှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ဖြစ်ပွားပုံ အသေးစိတ်မှာ… သေဆုံးသူအမျိုးသမီး၏ လင်ယောက်ျား မရှိခိုက်တွင် နအဖ စစ်သား စိုးမင်း သည် သူမ၏နေအိမ်တွင်း သို့အတင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ပါသည်။ သေဆုံးသူအ မျိုးသမီးအော်ဟစ်အကူအညီ တောင်းသောအခါ ယင်းစစ်သားသည် ထိုအမျိုးသမီး ၏ ရင်ညွန့်အောက် နှင့် ဆီးအိမ် တို့ကို ဓားဖြင့် ၂ ချက်ဆီ စုစုပေါင်း ၄ ချက် ထိုးသတ်ခဲ့ရာ နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားပါသည်။ ထိုသို့ကျူးလွန်ပြီးတာနဲ့ထွက်ပြေးသွားပါသည်။


၃၁ ရက်နေ့ ဒီဇင်ဘာလ တွင် မုဒိန်းကျင့်အသတ်ခံရသော ကရင်အမျိုးသမီးပုံ

ဒါတင်မကသေးပါထိုကျေးရွာမှရွာသူရွာသားများသည်သူမ၏လင်ယောက်ျားကသတ်သည်ဟုထင်မြင်ယူဆကာရိုက်နှက်ညင်းဆဲတာမျက်လုံး၂လုံးပျက်စီးသွားတဲ့အထိပါပဲ…..သူ၏မိန်းမ အားသဂြိုလ် သောအခါ သူငိုတာ မျက်ရည်အစားသွေးတွေ ပဲကျလာတယ်…..
အခင်းဖြစ်တဲ့အချိန်တွင် ထိုဖြစ်စဉ်အားလုံးကို မြင်တွေ့လိုက်တဲ့သက်သေ ကြောင့် ထိုအယုတ်တမာကောင်စစ်သားကို မကြာခင်ဖမ်းဆီးရမိလိုက်ပါတယ်။ ဒါပေမဲ့လည်း ထိုစစ်သား၏ စစ်ဗိုလ်က အချိန်တိုတွင်းမှာပဲ လာရောက်ပြန်ခေါ်သွား ပါတယ်။ ခိုင်လုံတဲ့သတင်းအရ ထိုစစ်သားအား မည်သူမည်ဝါ မှ အရေးမယူပါ……

ယင်းသေဆုံးသူ အမျိုးသမီးတွင် အသက် ၁၆ နှစ် အရွယ်သမီးလေးကျန်ခဲ့ပါ တယ်ဗျာ…..ဒီကလေးမ သည် သူ၏မိခင်အား အဓမ္မပြုကျင့် ပြီးသတ်ဖြတ်ခံရတာမ ကဘဲ ဖခင်အားမျက်လုံး ၂ ဖက်ပျက်စီးတဲ့အထိ နှိပ်စက်တာကိုမြင်လိုက်ရတဲ့အ တွက် ဘယ်လိုမှမခံနိုင်တော့တဲ့အတွက် ဇန်နဝါရီလ ၁ရက်နေ့ ၂၀၁၀ တွင် သူ့ကိုယ် သူအဆုံးစီရင်သွားခဲ့ပါတယ်။ ဒီလို အဆုံးမစီရင်ခင်မှာ သူမ၏အဖွားအား ရင်ဖွင့်ခဲ့ပါ သေးတယ်။။။။။။ ဒါတွေဟာ တိုင်းဆိုးပြည်ဆိုး ကြောင့် ဒီလိုဖြစ်ရတာ…အင်မတန် ရှက်ဖို့ကောင်းတဲ့အတွက် သူအသက်ဆက်မရှင်ချင်တော့တဲ့အကြောင်း ဖွားအေ အားရင်ဖွင့်ခဲ့ပါတယ်။။။။။။။။။
ထိုအဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတဲ့ မိသားစုသည် ဝေါလေ ဟုခေါ်သောကျေးရွာ တွင်နေထိုင်ကြပါတယ်။။။။။။။ဒါတင်မကသေးပါ ထိုကျေးရွာမှ ရွာသားများခဏခဏ ပေါ်တာ ထမ်းရပါတယ်။မည်သူမှထိုဒေသတွင်မနေထိုင်ချင်ကြတော့ပါ။ဆင်းရဲတဲ့မိသားစုများဆိုအိမ်နီးနားချင်းဆီမှဆန်များချေးငှားစားသောက်ရတဲ့အပြင်နီးစပ်ရာရွာတွင်အလုပ်အကိုင်ရှိခဲ့ရင်စရင်းငှားလိုက်လုပ်စားရတဲ့ဘဝတွေပါ။။။။။။ဒါ့အပြင် နအဖ စစ်ခွေးများ၏ မိုင်းကြောင့်လည်း ရွာသူရွာသားစုစုပေါင်း ၉၀ ကျော်ထိခိုက် ဒဏ်ရာရကြသေးတယ်ဗျာ။။။။။။။။။

အင်မတန်ကြေကွဲစရာကောင်းတဲ့ ဒီဖြစ်ရပ်ကို ဆွီဒင် ရောက်ညီမငယ်တဦးဆီမှ ကြားသိရပါတယ်။
ကဲဘယ်လိုလဲ....ညီကို DKBA တို့ရေ လူမျိုးကိုချစ်တယ်ဆို....အခုဖြစ်နေတာ နအဖ စစ်ခွေးတွေ ခင်ဗျား ချစ်တဲ့ကရင်လူမျိုးကို စော်ကားရက်စက် နှိပ်ကွပ်နေတာ.....ဒီလိုဘဲ လက်ပိုက်ကြည့်နေမှာလား....တခုခု တော့လုပ်သင့်ပြီနော်.....။။။။

KNU က ရဲဘော်တို့ရေ ဒီ စိုးမင်း ဆိုတဲ့ကောင် နဲ့ သူ့ကိုဘာမှအရေးမယူတဲ့အရာရှိတွေ ခေါင်းတလုံးရရင် ဆုတော်ငွေကောင်းကောင်း မြောက်စားမယ်ဟေ့....။။။။။

No comments:

Post a Comment