ondragstart="return false" onselectstart="return false"

Tuesday, January 12, 2010

တိုက်ပွဲသတင်း

ကေအဲန်အယ်လ်အေနှင့် နအဖ တပ်တို့  အကြားတိုက်ပွဲ အဆက်မပြတ်ဖြစ်ပွားရာ တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေတွင် ၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၉း၃၀ နာရီအချိန်၌ ဘောလေးဒါး နှင့် ဒါခယ်ဒါး နယ်မြေကြား တကြိမ် နအဖ စစ်တပ်(၃)ဦးသေ (၂)ဦးဒဏ်ရာရ။ ၈၊ ၁၊ ၂၀၁၀ ရက်နေ့ ၁၉း၀၀ နာရီ အချိန် ခူလယ်ဒါးနယ်မြေ ထီးပေါ်ကူးထာ၌ တကြိမ် နအဖ စစ်သား(၁)ဦး ဒဏ်ရာရ၊ ၉၊ ၁၊ ၂၀၁၀ ရက်နေ့  ၆း၃၀ အချိန် ထီးပယ်ညာလိုနှင့်လိုထူဘိုး နယ်မြေ၌ တကြိမ် နအဖ စစ်သား (၁)ဦးဒဏ်ရာရ၊ ၁၀၊ ၁၊ ၂၀၁၀ ရက်နေ့  ၇း၃၀ နာရီ ကိုးဒေးနယ်မြေ လူဒေး၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၁၉း၀၀ နာရီ လာခလာဒေး ၌ တကြိမ် နအဖ တပ်(၁)ဦးဒဏ်ရာရ ကြောင်းသိရိရ။

ခိုဖယ်သူး ကွန်မန်ဒို တပ်သားတစ်ဦးပုံ

ဖာပွန်ခရိုင် တပ်မဟာ(၅) ဒေသ၌ ၁၊ ၁၊ ၂၀၁၀ ရက်နေ့ ပါမှာလေးခို၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၅၊ ၁၊ ၂၀၁၀ ရက်နေ့ တာလူခို တာခယ်ဒါး၌ တကြိမ်၊ တဖန် တာခယ်ဒါး၌ နောက်တကြိမ်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ (၁)ဦးဒဏ်ရာရ။
၆၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၅း၄၅ အချိန်နာရီ၌ KNLA တပ်မဟာ(၅)ဗဟိုတပ် ခိုဖယ်သူး ကွန်မန်ဒိုတပ်ရင်း နှင့် ဂေါ်ကော်တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့ ဝင်များသည် နအဖ တပ်စခန်းတခုဖြစ်သော ဒါးကြူခို (နအဖ စစ်တပ် အဆင့်မြင့်ဆက်သွယ်ရေး အမျိုးမျိုးနှင့် ကြေးနန်း ဆက်သွယ်ရေး စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရန်၌ နအဖ စစ်သား အလောင်း (၁၁)လောင်းကျန်ခဲ့ပြီး ၆၀ မမတစ်လက် အသီး အလုံး ၄၀၊ လက်နက်ငယ်ကျဉ်တောင့် ၂၀၀၀ ထောင့်၊ ဆက်သွယ်ရေးစက် အကြီးတလုံး၊ အသေးတလုံး ကို KNLA မှ သိမ်းဆည်းရရှိ၊ ဆက်သွယ်ရေး တိုင်လည်းပြိုလှဲ ပျက်စီး၊ ဆက်လက်ပြီး စခန်း၌ ရှိသော ဆီ ၃၀၀ ဂါလံ၊ ဘိလပ်မြေအိတ် ၂၀၀၊ ထုံး ၁၀ အိတ် အပါအ၀င် နအဖ စစ်စခန်းအားဖျက်စီးပစ်ကြောင်း သတင်းတွင် ဖေါ်ပြ။

၇၊ ၁ ၂၀၁၀ ရက်နေ့ ၌ ဆဲဒါးခိုနှင့်ဒါခယ်ဒါး ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ် နအဖ စစ်တပ် (၁)ဦးဒဏ်ရာရ၊

ဒူးပလာယာ ခရိုင် တပ်မဟာ(၆) ဒေသ တွင် ၈၊ ၁၊ ၂၀၁၀ ရက်နေ့ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)နှင့် နအဖတပ် ခလရ ၄၀၂ စစ်ကြောင်း (၂) မောင်မောင်မျိုးဦးစီးသော တပ် တို့  ထီးလိုဆော နှင့် ခေါ်ကလား ဒေသကြားတွင် တိုက်ပွဲဖြစ်ရာ နအဖတပ်မှ တပ်ကြပ်ကြီး (၁)ဦးသေ။

ဖားအံ့ခရိုင် တပ်မဟာ(၇) ဒေသ တွင် ၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၌ ထီးတောထာ ဒေသတွင်တိုက်ပွဲဖြစ်ရာ နအဖ ခလရ ၆၂ တပ်မှ (၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၇၊ ၁၊ ၂၀၁၀ ရက်နေ့ တွင် ဒီကေဘီအေ နှင့် ထီးဘော်သိုကလိုး၌ တိုက်ပွဲဖြစ်ရာ ဒီကေဘီအေ (၂)ဦးဒဏ်ရာရ၊ စသည်ဖြင့် သိရှိရပါသည်။

မှတ်ချက်။ ။ ကေအဲန်ယူ သတင်းထုတ်ပြန်ချက်မှ အကျည်းချူပ် ကောက်နှုတ်ဘာသာပြန်ဖေါ်ပြပေးလိုက်ပါသည်။ သတင်းအသေးစိတ် နှင့် လူ့ အခွင့်အရေးချိုးဖေါက်မှူ သတင်းအပြည့်အစုံပါဝင်သော ယင်းသတင်းထုတ်ပြန်ချက် ကို ဘာသာပြန်ဆိုမည့်တခြား ကရင်ဘလော့များတွင် ပြန်လည်ဖတ်ရှုကြပါရန်။


12[1].1.2010 -

No comments:

Post a Comment