ondragstart="return false" onselectstart="return false"

Monday, January 11, 2010

အလွန် ဂွတီးဂွကျနိုင်သော လိင်ဆက်ဆံဖေါ် အမျိုးသမီး စက်ရုပ် ထွက်ပေါ်လာ

ဒီတခါ စစ်ရေး နိုင်ငံရေး သတင်းမဟုတ်ဘူးနော်!!!!!!!!!!

လွန်ခဲ့သော အပါတ် စနေနေ့က အမေရိကန် နိုင်ငံ နီဗါးဒါးရှိ အကုသိုလ် မြို့တော် တွင် အရွယ် ရောက်သူ များအတွက် ဖျော်ဖြေရေး ကရိယာများ ရောင်းချသော AVN နိုင်ငံတကာ ဈေးရောင်းပွဲတော် တခု၌

သက်ရှိ လူသားအရွယ် အသိဥာဏ် ခံစားမှုနှင့် အသားအရေ ပိုင်ဆိုင်သော လိင် ဆက်ဆံနိုင်သည့် Roxxxy ဆိုသည့် စက်ရုပ် အမျိုးသမီး အရုပ်ကို True Companion ကုမ္မဏီမှ ကန့်ကွက်မှုများ အကြားမှ လတ်(စ်) ဗီးဂတ်(စ်)တွင် ထုတ်ဖေါ်ပြသ လိုက်ကြသည်။

တီထွင်သူ ဒေါက်ကလတ် ဟင်းနက်(စ်)မှ ရောက်စီဟာ အကြား အာရုံ ရှိတယ် ပြန်ပြောနိုင်တယ်၊ အထိအတွေ့ ခံစားတတ်တယ်၊ ခင်မင် ဖေါ်ရွေမှု ရှိတယ်၊ လူတမျှ ချောမော ပြေပြစ်တယ်ဟု စတင်မိတ်ဆက် လိုက်သည်။

စနေနေ့က ပြုလုပ်သော လတ်(စ်)ဗီးဂတ်(စ်)တွင် Adult Entertainment Expo ၌ ယိုင်လဲမည့် မတတ် Roxxxy အားကြည့်ရှု့နေသော အမျိုးသားတဦး © (AFP : Robyn Beck )

သူမဟာ သင်ပြောဆိုသမျှ တုန့်ပြန် နိုင်စွမ်းရှိပြီး အချက်အပြုတ်တော့ မရပါဟု ဆိုသည်။ အရပ်၅ပေ၊ ၇လက္မရှိကာ ပေါင်၁၂၀ အလေးချိန် ရှိသည်ဟု သိရှိရသည်။ ကြင်နာဖွယ် မျက်နှာထားနှင့် ရင်သား A ဆိုဒ်ရှိကာ အချိုးအဆစ် ပြေပြစ်စွာ လှုပ်ရှားနိုင်သည်။

ခြေလက်အင်္ဂါ အစိတ်အပိုင်းများ ညင်သာစွာ လှုပ်ရှားနိုင်သော်လည်း လမ်းမလျှောက် နိုင်သေးပေ၊ ဒေါက်ကလတ် ဟင်းနက်(စ်) က ရောက်စီဟာ သင် ပေါ်ရှေးလ်ကား ကြိုက်တယ်ဆိုယင် သူမလဲ ထို့အတူပါပဲ၊ အသင် ဘော်လုံးပွဲ ကြိုက်နှစ်သက်ယင် သူမလဲ ဘော်လုံး ဝါသနာပါ လိမ့်မယ်ဟု အလိုက်သိပုံကို ညွှန်းဆို သွားခဲ့သည်။

အမေရိကန် ဒေါ်လာ ၁မီလီလျံ ကျော်တန် စီမံကိန်းအား ၂နှစ်ခွဲကျော် အကြာ တီထွင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤ လိင်စက်ရုပ်အား ယခုအချိန် ဥရောပနှင့် အမေရိက တိုက်များတွင် ရရှိနိုင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၇၀၀၀ မှ ဒေါ်လာ ၉၀၀၀ အထိကျသင့်မည် ဖြစ်ကာ အွန်လိုင်းမှနေ၍ မိမိကြိုက်နှစ်သက်ရာ ခံစားမှုနှင့် ထပ်တူညီ အရုပ်များ မှာကြားနိုင်ပြီ ဖြစ်သည်။

နောက်ပိုင်းတွင် Rocky ဟုခေါ်သော ယောက်ျား အရုပ်များ၊ ဒွိလိင်ရှိသော စက်ရုပ်များ ဆက်တိုက် ထွက်ပေါ်လာမည်ဟု True Companion ကုမ္မဏီမှ ကြေညာထားသည်။ တီထွင်သူ ဒေါက်ကလတ် က သရုပ်ဖေါ် ပြသရာတွင် ရောက်စီဟာ သူမမှာ ကွန်ပြူတာ အစိတ်အပိုင်းတွေ ပါတယ်၊ ဆားကစ် IO boards တွေပါတယ်၊ ဆာဗါ၊ ဘက်ထရီ၊ အလက်ထရို မက္ကင်နီကယ် ဒဗိုက်တွေ ပါတယ်၊ အထိအတွေ့ ခံစားနိုင်တဲ့ အာရုံခံပြားတွေ တပ်ဆင် ထားပါတယ်ဟု ပြောဆိုလိုက်ကာ ဒါပေမဲ့ သူမဟာ တကယ်လူလိုပဲ ခန္ဓာဗေဒ အချိုးအစား ညီညွတ်တယ် တုံ့ပြန်ခံစားမှု နိုင်မှုရှိတယ် ပြောကြားလိုက်သည်။
လူထုအသံအွန်လိုင်းဂျာနယ်မှ

No comments:

Post a Comment