ondragstart="return false" onselectstart="return false"

Friday, August 7, 2009

59th ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့  အမှတ်တရ နှင့် ဒီကေဘီအေနှင့် တခြား ကရင်ငြိမ်း အဖွဲ့  များသို့ 

၈ သြဂုတ် ၂၀၀၉။
ဘွဲ့ သွေးနီ

၁၂ သြဂုတ်လ ၂၀၀၉ နေ့ တွင် အာဇာနည်နေ့  ၅၉ ကြိမ်မြောက် တပတ်လည်လာပြန်ပြီဖြစ်သည်။ ကရင်အမျိုးသားအပေါင်းတို့  ဘာတွေလုပ်နေကြသနည်း။ သူရဲကောင်းတွေ ကျွန်ပ်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည် ပြပြီး အသက်ပေးတိုက်ပွဲဝင်သွားကြပြီးဖြစ်သည်။ အမှောင်ထုအတွင်းမှာ ကိုယ်သွားရမည့် လမ်းခရီးတစ်ခုကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး သွားနေသူများဖြစ်ကြသည်။ သို့ သော် အလင်းရောင်အောက်မှာ နေပြီး အရှေ့  အနောက်ဘယ်မှာ မသိ ဘယ်သွားရမည်ဆို ဒါကို မသိတဲ့ ကရင်လူမျိုးများဟာ ခုချိန်ထိ အများကြီးရှိနေပါသေးသည်။ ယေဘူယျအားဖြင့် အတွေးအခေါ်တွေ ချိုးတဲ့နေတုန်းပဲလို့ ဆိုရပါမည်။
ခုချိန်ခါမှာ ဘာမှတွေဝေနေစရာမလိုပါ။ ကျွန်ပ်တို့ ရဲ့ အဓိက ရန်သူဟာ မဟာဗမာဝါဒီကို အသက်သွင်းနေတဲ့ နအဖ စစ်အစိုးရ ပဲဆိုဒါ အထွေ အထူးပြောစရာလိုမယ် မထင်ပါ။ ၀မ်းနည်းစရာကောင်းဒါက ကျွန်ပ်တို့  ကရင်အမျိုးသားများဖြစ်ကြတဲ့ ဒီကေဘီအေအုပ်စု၊ သူမူးဟဲအုပ်စု၊ ဖူးထိန်မောင်အုပ်စု တွေ ကရင်အမျိုးသားရေးကို သွေဖီဆန့် ကျင် လျက် ကလေးအတွေးလောက်သာရှိတဲ့ သူတို့ ရဲ့ အမျိုးသားရေးရပ်တည်ချက်တွေဟာ အနာဂတ်ကရင့် အမျိုးသား ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာနေပြီး သူတို့ တွေဟာ ကျွန်နုပ်တို့ ကရင်လူမျိုးထု တခုလုံး အတွက် ကင်ဆာရောဂါ တစ်ခုဖြစ်နေပေပြီ။ ဒါတွေကို အချိန်မီကုစားဖို့ တော့လိုမည်ထင်ပါသည်။ ဒီလိုမှမဟုတ်ရင် ကရင့်အနာဂါတ် ဟာ ရင်လေးစရာပါပဲ။ အဘယ်ကြောင့်နည်း၊ သူတို့ တွေကို နအဖ စစ်အုပ်စု က လိုသလို အသုံးချ နိုင်လို့  ပဲဖြစ်သည်။ နအဖ စစ်အစိုးရရဲ့ရုပ်သေးရုပ်တွေလို ဇာတ်ဆရာ အလိုကျ ကပြနေကြပါသည်။ တခြားသောငြိမ်းအဖွဲ့ တွေလို အမျိုးသားရေး နိုင်ငံရေးရပ်တည်ချက်မရှိပါ။ ဘာ မူပေါ်လစီ ၀ါဒမှ သူတို့  မှာလည်းမရှိပါ။ သူတို့ အဖွဲ့ အစည်းတွေကို လက်တန်းဖွဲ့ စည်းပြီး တပွဲထိုး အမျိုးသားရေးကို အကြောင်းပြပြီး လုပ်စားနေ ကြပါသည်။ ဒါတွေကို ပျောက်ကွယ်သွားရန် ၀ိုင်းဝန်းအဖြေရှာကြရမည်ဖြစ်သည်။

ဒီလိုအချိန်အခါသမယတွင် မိမိတော်လှန်ရေးနဲ့ မိမိအမျိုးသားပေါ်ထားရှိခဲ့တဲ့ သစ္စာကတိများကိုဖေါက်ဖျက်ပြီး ရန်သူနအဖ နဲ့ ပူးပေါင်းလုပ်ကိုင်သူတွေကို တိုက်တွန်းချင်ပါသည်။ ကိုယ်စီးနေတဲ့မြင်းဟာ အထီးလား အမလား ဆိုဒါကောသိကြရဲလါး။ ကရင့်အမျိုးသားရေးပါဆိုပြီးကြွေးကြော် နေကြပြီး အပြောနဲ့ အလုပ်တလွဲ ဖြစ်နေဒါတွေ ကိုယ့်အမျိုးသားကို ပြန်ပြီးဖိနိုပ် ညှင်းပမ်းနိုပ်စက်၊ ပြန်လည်တိုက်ခိုက်သတ်ဖြတ်၊ ရန်သူနအဖ အကြိုက် ရှူးတိုက်သမျှ ရှေ့ ပြေး တိုက်ခွေးလို လိုက်လုပ်နေဒါတွေကို ရပ်တန့် ကရပ်ဖို့  သင့်ပြီလို့ တိုက်တွန်းချင်ပါတယ်။
မျိုးချစ် အဇာနည်သူရဲကောင်းတွေဟာ သေရိုးထုံစံမရှိပါ။ သူတို့ ခန္တာမရှိသော်ငြားလည်း သူတို့  ရဲ့ယုံကြည်ချက်တွေဟာ အမြဲရှင်သန်နေပြီး နောင်လာနောက်သားတွေက လက်ဆင့်ကမ်းတာဝန်ယူ ကြပါသည်။ မပြီးဆုံးသေးတဲ့ သူတို့ ရဲ့တာဝန်တွေကို သမိုင်းပေးတာဝန်တရပ်အနေဖြင့် နောက်လူတွေက လက်လွဲတာဝန်ယူ လက်ခံထမ်းဆောင်နေကြစမြဲပါ။ သို့  ပေသော်ငြားလည်း အမျိုးသားရေးကို သွေဖီဆန့်  ကျင်၍ သစ္စာဖေါက်သူတွေဟာ အသက်ရှည်နေနိုင်သည့်တိုင်အောင် သေသူ နဲ့ မထူးခြားဘူးဆို ဒါနားလည်ထားစေချင်ပါသည်။ သည့်ပြင်မက သမိုင်းစာမျက်နှာမှာ အရိပ်မည်းတွေ ကျန်ရစ်မှာဖြစ်ပြီး ရာဇ၀င်ရိုင်းသော လူတန်းစားတရပ် အဖြစ်နောင်တချိန်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်ပါသည်။
ဒီလိုရာဇာဝင်ရိုင်းမည့်အဖြစ်မှ ကင်းလွတ်ရန် တိုးတက်သော အမြင်များနဲ့  ကရင်အမျိုးသားရေးကို တနိုင်တပိုင်ထမ်းဆောင်နိုင်ရေးအတွက် မိခင် ကေအန်ယူ အစည်းအရုံး နဲ့ အမြန်ပြန်လည်းပူးပေါင်းကြပါလို့  အာဇာနည် သူရဲကောင်းများကို အောက်မေ့ဖွယ် သော ခုလို နေ့  ကြီးရက်မြတ်တွင် လေးလေးနက်နက် တိုက်တွန်းလိုပါသည်။

photos of Karen Martyr day -

1 comment:

saw aung zin said...

ဘွဲ့သွေးနီရေမင်းရေးတဲ့post ကိုငါသိပ်ကြိုဆိုတယ် လောကကြီးမှာကိုယ့်အမျိုးသားအရေးကိုသိတယ်ဆိုတာအကောင်းဆုံးရည်
မှန်းချက်မင်းလိုကိုယ့်ကရင့်အမျိုးသားအရေးသိတတ်နားလည်တဲ့ခေါင်းဆောင်ကောင်းပေါ်ပေါက်လာပါစေ

Post a Comment