ondragstart="return false" onselectstart="return false"

Saturday, August 29, 2009

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်

ချကြပြန်ပြီဟေ့........ချကြပြန်ပြီဟ......စာဖတ်သူ ကရင်အမျိုးသားတို့ ရေ ဒီသတင်းကို မဖတ်ချင်လည်းဖတ်လိုက်ကြပါ........ မည်သူမပြုမိမိမှုတဲ့....စိုက်သီးအတိုင်းရိတ်ကြရလိမ့်မည်..ဆိုတဲ့ အရှိတရားကို လက်ခံနိုင်မယ်ဆိုရင်...အခုစိုက်ခဲ့ ပြီးသွားကြပြီမို့ ပြန်လည်ရိတ်သိမ်း နေကြရတဲ့သူတွေအတွက် ဖြေသိမ့်နိုင်ကြမှာပါ။ ဒီအချိန်မှာ ဒိုင်စားပဲမို့  ဒိုင်ဘယ်သူလဲ့လို့ မမေးပါနဲ့ ......ရင်နာလွန်းလို့ ပါ...

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ၂၀၀၉ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီမှာ ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ ၁၅ မိနစ်လောက်ကြာပါတယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့ အသံ မကြားရဘူး။ ထိုင်းနယ်မြေထဲကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက DKBA နဲ့ နအဖတို့က သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ယခုအချိန်ထိ အဲဒီနေရာတွေမှာ DKBA တွေဟာ နေ့စဉ် KNU မှ ပြောက်ကျားပစ်တာကို ခံနေရပြီး နေ့တိုင်း တရက်ကို အနည်းဆုံး ၁ ယောက် ၂ ယောက်က ဒဏ်ရာရနေပါတယ်။ ထိုင်းမြေထဲကို DKBA ဘက် မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိုင်းရွာသား တွေဟာ အထူးစိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ရွာသားတဦးပြောပြတာက …

“တိုက်ပွဲဟာ ၁၅ မိနစ်လောက်ကြာတယ်လေ။ တိုက်ပွဲဖြစ်ပြီး DKBA ဘက်မှ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနဲ့ ၃ ချက်လှမ်းပစ်ခဲ့ပါ တယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျတယ် ၁၅ ယောက် ဒဏ်ရာရတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့အသံ မကြားရဘူး” လို့ ပြောပြပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စတင်ပြီးတော့ နအဖနှင့် DKBA ပူးပေါင်းတပ်ဖွဲ့တွေ KNU တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းနဲ့ တလနီးပါးခန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး ၁ လအကြာ ဇူလိုင်လလည်လောက်မှာ KNU က စခန်းကို ဆုတ်ခွာပေးခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ နအဖနဲ့ DKBA တလကြာ ပူးပေါင်းစစ်ဆင်ရေးအပြီး KNU ဘက်ကနေ စခန်းကို ရှောင်ထွက်ပေးပြီးတော့မှ ပြန်ဖြစ်တဲ့ ပထမဦးအကြိမ် တိုက်ပွဲပါ။

နေ့ သစ်သတင်းစာမျက်နှာမှ

No comments:

Post a Comment