ondragstart="return false" onselectstart="return false"

Wednesday, August 26, 2009

၂၀၀၉ ခုနှစ် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကြီး ကျင်းပမည်

တပ်မဟာ ၇ နယ်မြေမှာ ကရင် အချင်းချင်း တိုက်ကြပြီး သေကြ၊ ကျိုးကြ၊ပြတ်ကြ၊ ကန်းကြ နဲ့ စုံလို့  ပါပဲ။ မဟာဝါဒီ နအဖ စစ်မိစ္ဆာကောင်တွေက ယုတ်မာပက်စက်စွာဖြင့် ဒီကေဘီအေတွေကို မြောက်ပေးတိုင်း နလပိန်းတုံးတွေက ရွနေပြီး စစ်တိုက် သေနေ ကြဒါလည်းစာဖတ် ပုရိတ်သတ်အသိပါ။


မြန်မာပြည်အလွတ်တန်းရွှေခါးပတ်ချန်ပီယံလုပွဲထိုးသတ်ကြမည့် လုံးချော(ညောင်တုန်း) နှင့် စိန်ခေါ်သူ စောငမန်း(Ever Green)


ဟဲဟဲ….. အခုတော့လည်း ယဉ်ယဉ်လေးနဲ့  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာနမှ ကရင်တွေ ကို ပေးထိုးပြီးငွေရှာ၊ လူထုကို အာရုံလွဲပြန်ပြီ။ ဒီချန်ပီယံလုမယ့်နှစ်ယောက်လည်း ကရင်နှစ်ယောက်လုံးပါပဲ။ ထိပ်တန်း လက်ဝှေ့ သမားတော်တော်များများဟာ ကရင်တွေပါပဲ။ အခုတော့လည်း ယောက်ကျားပီသစွာ တစ်ယောက်ခြင်း စည်းမျဉ်းစည်းကမ်းဘောင် အတွင်းမှန် ကိုယ့်ကို ယှဉ်မဲ့လူ မရှိတော့တဲ့ အချိန်မှာ အချင်းချင်း ပြန်ထိုးကြဒါ သိက္ခာရှိပါတယ်။ဂုဏ်ရှိပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် T&T Group တို့မှ ဦးစီးကျင်းပသော ၂၀၀၉ ခုနှစ် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကြီးကို စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်၊ ဆီမီးဖိုင်နယ်အဆင့်နှင့် ဖိုင်နယ်အဆင့်ဟူ၍ သုံးမျိုးခွဲခြားထားပြီး စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကွာတားဖိုင်နယ်အဆင့်၊ စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ဆီမီးဖိုင်နယ်အဆင့်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖိုင်နယ်အဆင့်ဟူ၍ ရက်များခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ထိပ်တန်းလက်ဝှေ့သမား ၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာပြည် အလွတ်တန်းရွှေခါးပတ်ချန်ပီယံလုပွဲအဖြစ် လုံးချော(ညောင်တုန်း)နှင့် စိန်ခေါ်သူစောငမန်း(Ever Green)တို့ ရင်ဆိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကြီးတွင် ထိပ်တန်းလက်ဝှေ့ကျော်များဖြစ်ကြသော လုံးချော၊ စောငမန်း၊ ရန်ကြီးအောင်၊ ၀င်းထွန်း၊ ကြယ်လင်းအောင်၊ ဖိုးကေ၊ မိုးသီး၊ နိုင်ထူးလွင်၊ သားသား၊ စောဇွဲလေး စသည့် မြန်မာ့လက်ဝှေ့ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ပရိသတ်စိတ်ဝင်စားမှုရှိမည့် အထူးအစီအစဉ်အဖြစ် ရွှေခါးပတ်ချန်ပီယံတွေ့မရှောင်(KLN) နှင့် ဇာန်ထူး(တောင်ကလေး)တို့၏ စိတ်မကျေပွဲအဖြစ် ရင်ဆိုင်ထိုးသတ်ကြမည့် အထူးစိန်ခေါ်ပွဲကို ကွာတားဖိုင်နယ်ကျင်းပမည့် ရက်များ၌ ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Weekly Eleven ဂျာနယ်မှ

No comments:

Post a Comment