ondragstart="return false" onselectstart="return false"

Friday, August 28, 2009

ရှမ်းပြည်နယ်မှာ ဗမာ့တပ်မတော် ခွေးကျင့်ခွေးကြံ ယုတ်မာပြန်ပြီ

ရွာမီးရှို့သူများမိမိတို့မဟုတ်၊ ခွဲထွက် သျှမ်းတပ်ဖွဲ့၏ လက်ချက်ဟု နအဖတပ် လုပ်ဇာတ်ခင်း

သောကြာနေ့၊ 28 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်

ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်းကျေးရွာများ မီးရှို့သူတို့မှာ မိမိတို့တပ်မတော်သားများမဟုတ်၊ ခွဲထွက်သျှမ်း တပ်ဖွဲ့ ၇၅၈ မိန်းဇင့် လူများ၏ လက်ချက်ဖြစ်ကြောင်း ဓါတ်ပုံ ဗွီဒီယို အထောက်အထားများနှင့်တကွ ဒေသခံလူထုအား နအဖ တပ်လိမ်ညာပြသပြီး၊ မီးရှို့မောင်းထုတ်မခံရသည့် အခြားရွာများမှ ဆန်ဆီဆားများကောက်ခံ ကူညီခိုင်းကြောင်း - ၀ါးအခင်းအကာသက်ကယ်မိုး တဲအိမ်များလုပ်ပေးခိုင်းကြောင်းသျှမ်းပြည်အလယ်ပိုင်းသတင်း ရပ်ကွက်မှ ပြောပါသည်။

တုံလောဘုန်းကြီးကျောင်းမှ မိုင်းကိုင်မြို့နယ် ဟိုခိုင်းတိုက်နယ် နေရပ်ရင်းသို့ ပြန်နေခွင့်ပြုသည့် ရွာသားများအား လွိုင်လင် အခြေစိုက် ခလရ ၉ က ရွာမီးရှို့သူမှာ ဗမာစစ်သားမဟုတ်ကြောင်း၊ တမင်ရိုက်ကူးတည်းဖြတ်ထားသည့် ဗွီဒီယိုပြသခဲ့ ကြောင်း၊ - “ခင်ဗျားတို့သေချာကြည့်ပါ၊ ခင်ဗျားတို့ရွာကို မီးရှို့တာ ကျုပ်တို့ဗမာတပ်မဟုတ်ဘူး၊ ခင်ဗျားတို့သျှမ်းအချင်းချင်းဘဲ” - ဟု ထောက်ပြကြောင်း၊ ကျေးလက် လူထုနစ်နာဆုံးရှုံး ဒုက္ခရောက်ရမှု အတွက် တောင်းပန်ကြောင်း၊ ကျေးရွာမီးရှို့မှု ထပ်မဖြစ် စေရန် အထူးရှောင်ရှား ဂရုစိုက်သွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ တပ်မတော်အား သျှမ်းသူပုန်ကထပ်မံ တိုက်ခိုက်လျှင် အာမမခံကြောင်း၊ ချော့တခါခြောက်တလှည့်ပြောကြားခဲ့သေး သည်ဟုဆိုသည်။

“အခုရွာပြန်နေတာ ၇၀ ရာခိုင်နှုန်းလောက်ရှိနေပြီ၊ ချက်ချင်းနေနိုင်ဖို့အတွက် မီးရှို့မောင်းထုတ်မခံရတဲ့ တခြားရွာ ကလူတွေ လုပ်အားခေါ်တယ်၊ သက်ကယ်မိုးဝါးထရံကာ အိမ်ပုံစံငယ်လေးတွေ လုပ်ပေးခိုင်းတယ်၊ ဘာပစ္စည်းမှမပေးဘူး၊ ” - ဟု ဒေသ ခံတဦးကလည်း ပြောပြသည်။

“ဦးဆောင်မီးရှို့တာက လွယ်လင် ခလရ ၁၂ ၊ ခလရ ၉ ၊ လဲချား ခလရ ၆၄၊ ခမရ ၅၁၅ တို့ဘဲ၊ ဗမာစစ်တပ်နဲ့အတူ လိုက် ပါရှို့တာက ကာလိန်ထွဲ့ဦးဆောင်တဲ့ SSA ခွဲထွက် မိုင်းဇင့် ၇၅၈ အဖွဲ့ဖြစ်တယ်။ ခင်ဗျားတို့အမျိုးသားချင်းဘဲ လုပ်တယ် ဆိုပြီး ကျေးလက်လူထုကို နားလှည့်ပါးရိုက်တာ” - ဟု အမည်မဖေါ်လို သည့် မိုင်းကိုင်သား ခေတ်ပညာတတ် လူလတ်ပိုင်း တဦးက ပြောပြပါသည်။

ဒေသခံသျှမ်းဃာတော်အချို့၊ မြို့နေလူထုထံ ဆန်ဆီဆားဆေးဝါးအ၀တ် အစားလိုက်လံအလှူခံ၍ ဒုက္ခရောက် ကျေးလက် လူထုအား ပေးကမ်းဝေငှနေစဉ် နအဖ ဗမာတပ်ရောက်သွားပြီး အသင့်ပါသွားသော တပ်မတော်ထောက်ပံ့မှု ရယူသည့်ပုံစံစာ ရွက် ပေါ် လက်မှတ်ထိုးခိုင်းခြင်းဖြင့်လည်း ကြားမှ အမြတ်ထုတ်သေးသည်ဟု ဆိုသည်။

လဲချား၊ မိုင်းနောင်၊ ကျေးသီး နှင့် နမ့်ဇန် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၉ ရွာ အိမ်ခြေ ၅၀၀ အကျော်စစ်အစိုးရ မီးရှို့ဖျက် ဆီးလိုက်သည့်အပြင် ဒေသခံရွာသားအများအပြားလည်း မြို့နှင့်နီးသည့် နေရာသို့အဓမ္မပြောင်းရွေ့ ခိုင်းခဲ့ကြောင်း၊ ပြဿနာ အရပ်ရပ် ကူညီဆောင်ရွက်ပေးရန်အတွက် ASEAN နှင့် UNထံသို့ သျှမ်းပြည်တပ်မတော်နှင့် သျှမ်းလူ့အခွင့်အရေးအသိုင်း အ၀ိုင်းများက တောင်းဆိုကြောင်းယခုလလယ် ပိုင်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြေငြာချက်အသီးသီးထုတ်ပြန်ခဲ့ကြသည်။

No comments:

Post a Comment