ondragstart="return false" onselectstart="return false"

Saturday, August 29, 2009

စစ်အစိုးရအား စုပေါင်းတွန်းလှန်ရန်မှတပါး အခြားနည်းလမ်းမရှိဟု NCUB ပြော

Sat 29 Aug 2009, အာကာ

ကိုးကန့်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အစိုးရတပ်များ ကျူးကျော်ဝင် ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ကိုးကန့်အပါအဝင် အပစ်ရပ်မဟာမိတ်အဖွဲ့ များနှင့် ဘဝတူတိုင်းရင်းသားများအနေဖြင့် စစ်မှန်သော ညီညွတ်ခြင်းနှင့် စစ်အစိုးရအား စုပေါင်းတွန်းလှန် ကာကွယ်ကြရန်မှတပါး အခြားနည်းလမ်း မရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB က ယမန်နေ့က တိုက်တွန်းလိုက်သည်။

NCUB အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လုံခြုံရေးအရ မဟာမိတ်ပြုထားတဲ့အဖွဲ့တွေဟာ တစ်ယောက်ကိုတစ်ယောက် ဟန်ပြပဲ လားပေါ့၊ ငါ့ကိုမထိရင် ငါနေမယ်။ သူ့ကိုထိရင် သူ၊ ငါ့ကိုထိရင် ငါဟန် ဆောင်ပန်ဆောင်ညီညွှတ်ရေးလား၊ ဒါမှမဟုတ်ရင်လည်း တကယ်ပဲ ကိုယ့် တိုင်းရင်းသားအခွင့်အရေးတွေကို တကယ်လိုချင်လို့ နိုင်ငံရေးအ မြင်နဲ့ ညီညွှတ်ရေးတည်ဆောက်သလား ဆိုတာ ဒါကို နအဖက အကဲစမ်းတာပဲ ပေါ့ဗျာ” ဟု ပြောသည်။

အပစ်ရပ်မဟာမိတ်အဖွဲ့အတွင်း အင်အားအနည်းဆုံးဖြစ်သော မြန်မာအမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA (ခေါ်) ကိုးကန့်လက် နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အား ဖြိုခွဲခြင်းသည် ကျန်အပစ်ရပ်မဟာမိတ်အ ဖွဲ့များကိုလည်း တဖွဲ့ပြီးတဖွဲ့ ဆက်လက်ဖြိုခွဲရန် သက်သေပြနေခြင်း ဖြစ် သောကြောင့် ယခုကဲ့သို့ ပြောကြားရခြင်းဖြစ်ကြောင်း NCUB က ပြော သည်။

လုံခြုံရေးအရ စစ်ရေးမဟာမိတ်ပြုထားသည့် အပစ်ရပ်အဖွဲ့များတွင် ကချင် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ပါ ဝင်သည်ဟု သိရသည်။

ကိုးကန့်အမျိုးသားခေါင်းဆောင် ဖုန်ကျားရှင်၏နေအိမ်သို့ မူးယစ်ဆေးဝါး နှင့် လက်နက်စက်ရုံရှိသည်ဟု အကြောင်းပြပြီး အစိုးရတပ်ဖွဲ့များနှင့် ရဲတပ် ဖွဲ့ဝင်များက ယခုလ ၈ ရက်နေ့တွင် တကြိမ်၊ ၂၃ ရက်နေ့တွင် တကြိမ် ဝင် ရောက်ရှာဖွေခြင်း၊ ကိုးကန့်အမျိုးသားနယ်မြေ လောက်ကိုင်အတွင်းသို့ စစ်အစိုးရတပ်များ အင်အားသုံးပြီး ကျူးကျော်ဝင်ရောက် တပ်စွဲထားခြင်း ကြောင့် NCUB က ယခုကဲ့သို့ သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

NCUB ၏ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ကိုးကန့်ခေါင်း ဆောင်များအကြား ကွဲလွဲမှုကို ၄င်းတို့အချင်းချင်း ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးအဖြေရှာရေးကို လေးစားရန် စစ်အစိုးရအား တောင်းဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့အတွင်း ဖုံမျိုးနွယ်စုနှင့် ရန်မျိုးနွယ်စုအကြား မကြာမီကဖြစ် ပွားသည့် ကွဲလွဲမှုအတွင်း စစ်အစိုးရမှ အခွင့်ကောင်းယူပြီး သပ်လျှိုဖြိုခွဲခြင်း ပြုလုပ်နေသည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၎င်းပြင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသော ‘ကိုးကန့်အ မျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ဟူသည်ကိုလည်း အဓိပ္ပါယ်မဲ့အောင် စစ်အစိုးရ၏ ယခုလုပ်ရပ်က သက်သေခံလျက်ရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

“နအဖရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက သူ့စကားနားထောင်မှ သူ ညွှန်ကြားတာ လိုက်လုပ်မှ ရမယ့်သဘောပေါ့၊ အခုတော့ သူတို့စကားကို နားမထောင်ဘူးဆိုတော့ ပြောင်ပြောင်တင်းတင်းပဲ လက်နက်အားကိုးနဲ့ သိမ်းပိုက်တာပဲ” ဟု ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးယူထားသောအဖွဲ့ ဖြစ် သည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှရယူဖေါ်ပြသည်။

No comments:

Post a Comment