ondragstart="return false" onselectstart="return false"

Wednesday, August 26, 2009

ချစ်သမီးငယ် အပိုင်း(၄)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း တို့ရဲ့ နေရာစခန်း မာနယ်ပလော ကျဆုံးရပုံနဲ့ ပြည်တွင်းစစ်မီး၊ ပဋိပက္ခတွေ အကြားမှာ စစ်ပြေးလွှားကြရပုံ၊ ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည် စခန်းမှာ ပြေးဝင် ခိုလှုံကြရပုံ၊ မတည်ငြိမ်တဲ့ ဘဝတွေ၊ အနာဂတ်တွေ ရင်ဆိုင်ကြရပုံကို ဆက် လက် တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
အခု ချစ်သမီးငယ် ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဇိုရာဖန်းက ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ သူ ၉-နှစ်သမီး အရွယ်ပဲ ရှိတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ သူ့က တောတွင်းက စခန်းမှာ ကျောင်းတက်ရင်း ကြီးပြင်း လာစဉ်မှာ မာနယ်ပလောဒေသကလည်း ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အရေးလှုပ်ရှားနေကြတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဌာနချုပ်အဖြစ် ပိုမို အာရုံစိုက်ခံလာရသလို၊ တဖက်ကလည်း မာနယ်ပလော စခန်းကို ထိုးစစ်ဆင်ဖို့ အကြောင်း ဖြစ်လာပါတယ်။ ဇိုရာဖန်း ကြီးပြင်းလာတဲ့ ကာလမှာ မာနယ်ပလော အနီး က ရှေ့တန်းတောင်ကုန်းတွေပေါ်မှာ ထိုးစစ်ကြီးတွေလည်း ပွင့်လင်းရာသီ၊ နွေရာသီဆိုရင် နှစ်တိုင်းလိုလို ရှိနေခဲ့ ပါတယ်။ ၁၉၉၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ မာနယ်ပလောစခန်းကို (နအဖ) စစ်အစိုးရတပ်တွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ဇိုရာဖန်းက ဆယ်ကျော်သက် အရွယ် ဖြစ်နေပါပြီ။

No comments:

Post a Comment