ondragstart="return false" onselectstart="return false"

Saturday, August 29, 2009

ကိုးကန့်ဒေသတိုက်ပွဲ တရုတ်ဘက်မှ တဦး သေဆုံး

ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉


မြန်မာပြည် ကိုးကန့် ဒေသမှ ထွက်ပြေးလာသော အရပ်သားတချို့ကို တရုတ်နိုင်ငံဘက်တွင် ယနေ့ တွေ့ရသည့် မြင်ကွင်း။ မြန်မာ့တပ်မတော် နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသူပေါင်း သုံးသောင်းအထိ ရှိသည်ဟု ကုလသမဂ္ဂသို့ ရောက်လာသည့် စာရင်းများက ဆိုသည်။ တရုတ်နိုင်ငံအတွင်း ဗုံးတလုံး ကျရောက် ပေါက်ကွဲသဖြင့် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံက လာမည့် ၄ ပတ်အကြာတွင် ကျရောက်မည့် တော်လှန်ရေး အနှစ် ၆၀ ပြည့် အခမ်းအနားအတွက် အကြီးအကျယ် ပြင်ဆင်လျက်ရှိသည်။ ဤတိုက်ခိုက်မှုများက အခမ်းအနားကာလအတွင်း တည်ငြိမ်မှုကို လိုလားသည့် တရုတ်အစိုးရကို ထိခိုက်စေနိုင်သည်ဟု တရုတ်ပြည်မှ လာသည့် သတင်းများက ဆိုသည်။ တိုက်ခိုက်မှု ကာလအတွင်း လူနာ ၂၅ ဦး ရောက်လာကြောင်း၊ အများစုမှာ ကိုးကန့် တိုင်းရင်းသားများဖြစ်ကြောင်း Zhenkang အရပ်ရှိ ဆေးရုံမှ ဆရာဝန်တဦးက AP သတင်ဌာနကို ပြောသည်။( ဓာတ်ပုံ - AP )

Type the rest of your post here.

No comments:

Post a Comment