ondragstart="return false" onselectstart="return false"

Thursday, August 13, 2009

ကရင့် မျိုးချစ် သူရဲကောင်းများနှင့်အာဇာနည် တို့ ၏ အဆိုအမိန့် တချို့ 

ဘွဲ့ သွေးနီ - စုစည်းတင်ပြသည်။

စောဘဦးကြီး

ကရင်လူမျိုးများဟာ ကိုယ့်ကိုယ်ကို ကရင်ဖြစ်မှန်းသိသောနေ့ တွင် ကရင်များတိုင်းပြည်ရသောနေ့  ဖြစ်သည်။

ကရင့်တော်လှန်ရေးသည် ကရင်လူမျိုးများအတွက် ပထမဦးဆုံးသော တော်လှန်ရေးဖြစ်သလို ကရင်လူမျိုးများ၏ နောက်ဆုံး တော်လှန်ရေးဖြစ်သည်။

ကရင်တွေ ရန်ကုန်ဆင်းပြီးလည်စဉ်းခံ မနေသေးလျင် ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှမကျဆုံးပါ။

ကျွန်ပ်တို့ ၏တော်လှန်ရေးအင်အားသည် လူထုဖြစ်ပြီး လူထုကကျွန်ပ်တို့  ကိုချစ်ခင်ကြည်ညိုလေးစားအောင် လုပ်ဆောင်ကြရန် လိုသည်။

ကျွန်ပ်တို့ ၏အားနည်းချက်များကိုဆန်းစစ်ပြီး ပြန်လည်ပြုပြင်ရန် အမြဲတမ်းလိုသည်။

သူတပါးကိုယ့်ကို တခါလိမ်သွားလျှင် ထိုသူ၏အပြစ်ဖြစ်သော်လည်း သူတပါးက ကိုယ့်ကို နှစ်ခါဆက်လိမ်နိုင်ရင် ထိုသူ၏အပြစ်မဟုတ်တော့ပါ။ ကိုယ် ကိုယ်တိုင် တုံး အ မှုကြောင့်ဖြစ်သည်။

မန်းဘဇံ

ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် အသနားခံ လက်ဖြန့် ခံပြီး တောင်း၍ မရနိုင်ပါ၊ အဓိကတော့ လက်နက်ကိုင်ပြီးတိုက်ယူမှရမည်။

ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးထဲဝင်မယ်ဆိုရင်ဖြင့် သားမယားများနှင့်လည်းကောင်း၊ မိဘ ဆွေမျိုး အပေါင်းအသင်းများ နှင့်မွေးရပ်ဇာတိမြေ တို့  ကိုလည်းကောင်း ခွဲခွာနေရမှာဖြစ်ပြီး ဆင်းရဲဒုက္ခ အကျပ်အတည်းမျိုးစုံခံကြ ရမှာဖြစ်သည်။ သည့်ပြင် ညှင်းပါးနိုပ်စက်ခံရမှာဖြစ်ပြီး နောက်ဆုံး အမြင့်ဆုံးသော ဆုလဒ် ဟာ သေခြင်းပဲဖြစ်သည်။

တော်လှန်ရေးဆိုတာ မိမိအတွက် ရယူခြင်းမဟုတ်၊ ပြည်သူလူထုအတွက်ပေးဆပ်ခြင်းဖြစ်သည်။

ဗိုလ်ချူပ်ကြီး စောဘိုမြ

ကျွန်ပ်တို့ သည် ပြည်သူလူထု ကို ညှင်းပမ်းနိုပ်စက်၊သတ်ဖြတ်၊ ဖျက်ဆီး နေသော မဟာဝါဒီ စစ်အုပ်စုကို စိတ်တလုံးတ၀တည်းဖြစ် ပြိုကျအောင်တိုက်ကြရမည်။ ကျွန်ပ်တို့  ကရင့်တော်လှန်ရေးနှင့် ဒီမိုကရေစီမဟာမိတ်များသည် ပြည်သူလူထုဖက်ရပ်တည်ပြီး တညီတညွတ်ဖြင့် စစ်အုပ်စုကို ပြိုကျအောင် တိုက်ထုတ်ကြရမည်။

ကျွန်ပ်တို့ တော်လှန်ရေးသမားများဖြစ်ကြသည်၊ ကျွန်ပ်တို့ ကို လူတွေက ကြောက်စရာမလိုပါ။ လူတွေက ကျွန်ပ်တို့ ကို ချစ်ရမည်ဖြစ်သည်။

ဗိုလ်ချုပ် ရွှေဆိုင်း

တစ်နာရီလောက်သာ လွတ်လပ်မှုကိုရရှိ၍ အသက်ရှင်သန်ခွင့်ရခြင်းသည် ကျွန်ဘ၀ဖြင့် နှစ်ပေါင်းတရာ အသက်ရှင်ခြင်းထက် သာ၍မြတ်၏။

တခြားလူမျိုး တမျိုးက ကိုယ့်ကိုယ်ချစ်ပါသည်ဟုဆိုခြင်းသည် ကိုယ့်လူမျိုးက ကိုယ့်ကိုမုန်းသည်ဆိုသည့် အ နေအထား နှင့် သော်မှ နှိုင်းယှဉ်၍ မရသေးပါ။

ကျွန်ပ်တို့ အတွက် အင်မတန်မှ ရှက်စရာကောင်းသောအရာသည် ကိုယ့်တိုင်းပြည်နှင့်ကိုယ်လွတ်လွတ်လပ်လပ် မနေနိုင်ခြင်းဖြစ်သည်။

မန်းရှာလန်းဖန်း

ဒီမိုကရေစီနှင့် တိုင်းရင်းသားတို့ ၏အရေးသည် ခွဲခြား၍ မရလောက်အောင် ငွေဒင်းဂါး တစ်ခုလို ခေါင်းနဲ့  ပါးအဖြစ် ဒွန်တွဲနေသည်။

Type the rest of your post here.

No comments:

Post a Comment