ondragstart="return false" onselectstart="return false"

Saturday, August 15, 2009

ညစ်ညမ်းဗီဒီယိုနှင့် လူငယ်များအတွက်ပြသနာ

မြို့ပြမြန်မာပြည်တွင်းနေလူငယ်များ ဘာတွေကို ပိုစိတ်ဝင်စားပြီးလုပ်နေကြသနည်း ဆိုဒါသိချင်ရင်ဖြင့် အောက်ပါသတင်းလေးကို ဖတ်ကြည့်လိုက်ပါ။ လျှပ်တပြက်ဂျာနယ်မှပြန်လည်ကူးယူဖေါ်ပြသည်။

ယခုတစ်လော ညစ်ညမ်း ဗီဒီယိုများသည် ဆယ်ကျော်သက် မြန်မာလူငယ်ထုကြားတွင် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့ရသည်။ အကြောင်းရင်းမှာ အင်တာနက်များမှ လည်းကောင်း၊ ဖုန်း blue tooth များမှလည်းကောင်း၊ MP3,MP4, i Pod များမှလည်းကောင်း၊ ပျံ့နှံ့လျက်ရှိနေပြီး ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်များအကြား ဤသို့ပျံ့နှံ့နေခြင်းမှာ တိုင်းပြည်၏ စာရိတ္တမဏ္ဍိုင်ကို များစွာ ယိမ်းယိုင်စေနိုင်သည့် အတွက် တင်းကြပ်စွာ ထိန်းသိမ်း ဆောင်ရွက်သင့်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့နေရပေသည်။ အင်တာနက်ဆိုင် များတွင် လူငယ်အများစုသည် Gtalk ပြောလျှင်ပြော၊ မပြောလျှင် ညစ်ညမ်းပုံများ၊ ဗီဒီယိုဖိုင်များကို down load လုပ်နေကြသည်ကို တွေ့နေရသည် ဖြစ်သည်။

လူငယ်များသည် မိမိအတွက် အကျိုးရှိစေမည့် အကြောင်းအရာ အချက်အလက်များကို မရှာမှီးကြဘဲ G talk နှင့် သမီးရည်းစားစကား၊ အတင်းအဖျင်းစကားများ၊ အရည်မရ အဖတ်မရ စကားများ ပြောနေကြသည်မှာလည်း အများစု ဖြစ်နေကြသည်ကို တွေ့ရသည်။ G talk မပြောသည့် လူငယ် အများစုမှာတော့ ညစ်ညမ်းပုံများ၊ ဗီဒီယိုဖိုင်များ down Load လုပ်ကာ သူငယ်ချင်း ဖြစ်သူများထံ ဖြန့်ဖြူးရန် ကြံစည်နေကြသည်က အများစု ဖြစ်ကြသည်ကို တွေ့နေရပေသည်။ တချို့ MP4 အရောင်းဆိုင်များကလည်း ညစ်ညမ်း ဗီဒီယိုဖိုင်များ ထည့်ပေးနေကြသည်ကို တွေ့ရသည်။ သည်လိုထည့်ပေးမှသာ အထူးအဆန်း ပါသည်ဆိုပြီး တလွဲဆံပင်ကောင်းကာ ရောင်းချနေကြသည် ဟုလည်း သိရသည်။ ၄င်းအပြင် စာသင်အရွယ် ကျောင်းသား လူငယ်လေးများကို မိဘများက မလိုလားအပ်ပါပဲ လက်ကိုင်ဖုန်းများ ဝယ်ပေးထားကြသည်တွင် လက်ကိုင်ဖုန်း အရောင်းဆိုင်များက ၄င်းဖိုင်များ ထည့်သွင်းပေး၍ ဈေးကွက် မြှူဆွယ်နေကြသည်ကို တွေ့ရပေသည်။ သည်လိုနှင့် မြန်မာညစ်ညမ်း ဗီဒီယိုဖိုင်များသည် အင်တာနက်လောက၊ MP4 ကိုင်သူလောက၊ လက်ကိုင်ဖုန်း ကိုင်သူလောက၊ VCD ကြည်သူ လောကများ အကြားဝယ် တရားမဝင် နည်းလမ်းများဖြင့် ကျယ်ပြန့်လာသည်ကို တွေ့ရသည်။ သည်တင်မကဘဲ ညစ်ညမ်းဗီဒီယိုနှင့် လူငယ်များအတွက် ပြဿနာ လက်ကိုင်ဖုန်း ရှိသူများသည် ဖုန်းရှိ ဗီဒီယိုကင်မရာ၊ ဓာတ်ပုံကင်မရာ များဖြင့် လက်စွမ်းပြကာ ဖြန့်လျက် ရှိသည်ကို တွေ့ကြရသည်။ လမ်းဘေးဗီဒီယို အရောင်းဆိုင်များတွင်လည်း ညစ်ညမ်းဗီဒီယိုများကို ပေါ်ပေါ်ထင်ထင် တစ်ချပ်ကို ကျပ်(၁ဝဝဝ)နှင့် ရောင်းချလျက် ရှိသည်ကို တွေ့ရသည်။ ၄င်းကိစ္စရပ်များသည် ဥပဒေကို မသိနားမလည်၍ ကျူးလွန်နေကြသလိုမျိုး ဖြစ်နေပေသည်။ ဥပဒေကို မသိ၍ ကျူးလွန်ခြင်းသည်လည်း ပြစ်မှုမြောက်ကြောင်းကို သိနားလည်ရန်လည်း လိုအပ်ကြပေသည်။ ၄င်းညစ်ညမ်း ဗီဒီယိုနှင့် ပတ်သက်၍ ရိုက်ကူးခြင်း၊ ဖြန့်ဖြူးခြင်းကို ကျူးလွန်ပါက အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ(၃)ခု၊ ဗီဒီယိုဆင်ဆာ အက်ဥပဒေ(၃)ခု၊ လူ့အခွင့်အရေးနှင့် အသရေဖျက်မှု ဆိုင်ရာ ဥပဒေများအရ ပြစ်မှုကျူးလွန်သူအား ပစ္စည်းသိမ်းခြင်း အပြင် လူအား ထောင်ဒဏ်အနှစ်(၂ဝ)အထိ ချမှတ်နိုင်သည်ဟု သိရသည်။ သို့အတွက်ကြောင့် ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံများ ကိစ္စသည် ရပ်တန်းက ရပ်ကြရန် လိုအပ်လျက်ရှိကြောင်း လေ့လာ တင်ပြလိုက်ရပေသည်။ K- ဇေယျာ

No comments:

Post a Comment