ondragstart="return false" onselectstart="return false"

Monday, August 31, 2009

ချစ်သမီးငယ် အပိုင်း (၅)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ မာနယ်ပလောစခန်း ကျဆုံးရပြီးနောက်ပိုင်း စစ်ပြေးလွှားကြရပုံ၊ ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည် စခန်း မှာ သူ့ဘဝ ဆက်လက် ကြီးပြင်းရပုံကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။

မာနယ်ပလော စခန်းကျတဲ့အခါမှာ ဇိုရာဖန်းတို့မိသားစုတွေ စစ်ပြေးကြရပါ တယ်။ သူတို့က လူသူမနီးတဲ့ တောတွင်း တနေရာမှာ ခေတ္တစခန်းချရပါတယ်။ သူတို့စစ်ပြေးကြရတဲ့အချိန်မှာ သူတို့အဖေ ဖဒိုမန်းရှာက သူတို့နဲ့ အတူ ရှိမနေ နိုင်ပါဘူး။ တော်လှန်ရေးတာဝန်တွေနဲ့ ကျန်ခဲ့ရပါတယ်။ သူတို့အမေကပဲ ဦးဆောင်ပြီး စစ်ဘေး လွတ်ရာ ရွှေ့ပြောင်းကြရ ပါတယ်။ ဒီလိုနဲ့ သူတို့တော တွင်းက တနေရာကို ရောက်ပါတယ်။ ဇိုရာဖန်း ကတော့ အဲသည်နေရာကို "အမည်မရှိတဲ့ နေရာ" လို့ ခေါ်ပါ တယ်။ တောနက်ကြီးအလယ်က အဲဒီနေရာမှာ သူတို့ကာလတခုကြာ နေထိုင်ခိုနေကြရပါတယ်။ စကားပြောရင် တောင်မှ တိုးတိုးညင်သာပြောဆိုနေကြရပြီး၊ သူတို့ရှိနေတာကို တယောက်ယောက်က သိသွားလေ မလားလို့ စိုးရိမ်ထိန်လန့်နေကြရပုံကိုလည်း ဇိုရာဖန်းက ဖော်ပြခဲ့ပါတယ်။ စစ်ဘေးအန္တရာယ်က ပြေးရှောင်တဲ့ မိသားစု တွေလည်း အဲဒီနေရာကို တဖွဲဖွဲ ရောက်လာကြပါတယ်။ ဇိုရာဖန်းတို့အမေက အဲဒီနေရာ ကလေးမှာ လူအများက အသိအမှတ်ပြုထား ကြတဲ့ ခေါင်းဆောင်တဦးလိုပဲ လိုအပ်တာတွေ စီမံပေးနေရပါ တယ်။ သူတို့မှာ မရှိတဲ့ကြား ထဲက ခွဲဝေကျွေးရ၊ လိုတဲ့ပစ္စည်း တွေ မျှဝေပေးတာ လုပ်ကြရပါတယ်။

တချို့မိသားစုတွေကတော့ ခဏတာခိုနားပြီး အခြားနေရာကို ဆက်ထွက်သွားကြပါတယ်။ ဒီစခန်းမှာရက် အတန်ကြာနေပြီး တဲ့နောက် သူတို့အဖေ ဖဒိုမန်းရှာနဲ့အတူ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်မြလည်း ရောက်လာခဲ့ပါတယ်။ သူတို့အဖေက ဗိုလ်ချုပ်မြကို ဘေးမသီရန်မခဖြစ်ရလေအောင် တောလမ်းကြမ်းခရီးကနေ ခေါ်လာခဲ့ရတာပါ။ ဗိုလ်ချုပ်မြက သူတို့ရဲ့ အမည် မရှိတဲ့နေရာလေးမှာ တညနားပါတယ်။ သူတို့အဖေကို ဘေးမသီ၊ ရန်မခ ပြန်တွေ့ ရတော့ သူတို့ပျော်ကြပါတယ်။ နောက် တော့ ကရင့်တော်လှန်ရေးအတွက် ဆက် အခြေစိုက်ရမယ့် နေရာရှာဖို့ ထွက်သွားတဲ့အခါ ဖဒိုမန်းရှာလည်း လိုက်သွားရပြန် ပါတယ်။ သူ့အဖေ ကတော့ သူတို့ကို စိတ်မပူဖို့ အားပေးပါ တယ်။ သူတို့အမေက ဦးဆောင်ပြီး အိမ်ထောင်ကို ထိန်းကျောင်း သွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ် လို့ပြောပြီး နှစ်သိမ့်ပါတယ်။

ဒီနောက်တော့ သူတို့တောလမ်းကနေ နေရာရွှေ့ကြပြန်ပါတယ်။ မူးယူးကလိုးလို့ခေါ်တဲ့ သောင်ရင်းမြစ်ဘေး တနေရာကို ရောက်လာခဲ့ပါတယ်။ အဲဒီမြစ်ဘေးတနေရာမှာ သူတို့တပတ်ကြာနေကြပါတယ်။ အချိန်က နွေရာသီဖြစ်ပေမယ့် ညအချိန် ဆိုရင် တောထဲမှာ မြူတွေဆိုင်းနေပြီး၊ အင်မတန်ကို အေးစိမ့်နေတတ်ပါတယ်။

အဲသည်နေရာကနေ နောက်တော့ သူတို့ခရီးဆက်ကြရပြန်ပါတယ်။ သူတို့အမေက စစ်ပြေးနေရတဲ့အချိန်မှာ အရင်က တပ်ခွဲတခုကို သူကွပ်ကဲခဲ့သလိုပဲ သူတို့မောင်နှမတွေကိုလည်း တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါတယ်။ "စကားမများနဲ့၊ စားစရာရှိရင် မြန်မြန်စား၊ ထမင်းစားမပြီးခင် ရန်သူရောက်လာရင် ငတ်ကုန်မယ်။ ဘာပဲဖြစ်ဖြစ် ပြေးဖို့အဆင်သင့်လုပ် ထား" စသဖြင့် ကြပ်မတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂနဲ့ ကရင်ဒုက္ခသည် ကော်မီတီ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည် တွေကို နေရာချထားပေးဖို့ óကိးပမ်းဆောင်ရွက်နေတဲ့အချိန်ပါ။ ဒီလိုနဲ့ နောက်ဆုံး သူတို့မယ်ရာမူ ဒုက္ခသည်စခန်းဆီကို ရောက်လာခဲ့ကြပါတယ်။ မယ်ရာမူစခန်းမှာ စစ်ပြေးဒုက္ခသည် တစ်သောင်း လောက်ရှိနေပြီး ရပ်ကွက်တွေအလိုက် ခွဲထား ပါတယ်။ သူတို့က ရပ်ကွက်-၇ မှာနေရပါတယ်။ ဒုက္ခ သည်အဖြစ် သူတပါးနိုင်ငံမှာ နေရတယ်ဆိုပေမယ့်လည်း သူတို့ ဘာသာစကားနဲ့ပဲ ပြောဆိုနေရ၊ သူတို့ဘေးနား မှာလည်း သူတို့လူမျိုးတွေကိုပဲ မြင်နေရလို့ ဖြေသာပါသေးတယ်။ ဒါပေမယ့် ဇိုရာဖန်းက “ဒုက္ခသည်”ဆိုတဲ့ စကားလုံးကို မနှစ်မြို့လှပါဘူး။ ဖြစ်နိုင်ရင် လွတ်လပ်တဲ့လူတဦးလို သူက နေချင်ပါတယ်။ လူတွေကျပ်ည‡ပ်နေတဲ့ စခန်းထဲမှာ၊ ထွက်ချင်ရာ သွားချင်ရာ မရတဲ့ စခန်းထဲမှာ မနေချင်ပါဘူး။ ဒုက္ခသည်စခန်းမှာ နေရ ပေမယ့်လည်း အန္တရာယ် တွေ လုံးဝချုပ်ငြိမ်းသွားတာတော့ မဟုတ်ပါဘူး။ စခန်းကို ဒီကေဘီအေတွေ၊ မြန်မာတပ်တွေ ဝင်တိုက် လိမ့်မယ် ဆိုတဲ့ သတင်းက နေ့စဉ်အမျှ ဖြစ်ပေါ် ကြောက်လန့်နေရပါသေးတယ်။ လူတွေလည်း သတိနဲ့နေ၊ သတိ နဲ့စား လုပ်နေကြရပါတယ်။ ထောက်ပံ့ပေးတာကလည်း အခြေခံရိက္ခာမျှသာ ဆိုတော့ လူတွေက စားဖို့ အတွက်လည်း ရုန်းကန်ရှာဖွေကြရပါသေးတယ်။ သူတို့စခန်းရောက်ပြီး ၂-လအကြာမှာပဲ ဒီကေဘီအေတပ် တွေက စခန်းကို ဝင်ပစ်ပြီး မီးရှို့သွားကြပါသေးတယ်။ သူတို့ရပ်ကွက်က ကံကောင်းထောက်မလို့ အန္တရာယ်က လွတ်ခဲ့ပေမယ့် လည်း သူတို့အားလုံး ကြောက်ရွံ့နေကြရပါတယ်။

နောက် အနည်းငယ်အခြေကျလာတော့ စခန်းထဲမှာ စေတနာ့ဝန်ထမ်းဆရာတွေနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးပမ်း ကြပြန် ပါတယ်။ ဇိုရာဖန်းတို့ မိသားစု ဒုက္ခသည်စခန်းရောက်လာတဲ့အချိန်က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလ ပါ။ ဒီအချိန်မှာ ဇိုရာဖန်းက ဒုက္ခသည်စခန်းက ကျောင်းကလေးမှာ ၈-တန်း ပြန်တက်ရပါတယ်။ သူ့မောင်လေး ဆလုန်းဖန်းလည်း မူလတန်းမှာ ပြန် တက်ပါတယ်။ ဒါပေမယ့် အရင်က ကရင်ကျောင်းမှာ အထက်တန်းအောင် ပြီးသား သူ့အမဘွားဘွားအတွက် ကျောင်းဆက် တက်စရာ အတန်းမရှိသလို၊ စခန်းအပြင်ထွက်ပြီး နောက်ထပ် လေ့လာကျောင်းတက်ခွင့်လည်း မရပါဘူး။ ဒီတော့ သူ့အမ ဘွားဘွားက စိတ်ဓာတ်ကျတာ၊ တွေဝေငေးငိုင်တာ တွေ ဖြစ်လာပါတယ်။ နောက်တော့ ရရာသင်တန်းဆိုပြီး လက္ခဏာ ကြည့်သင်တန်းနှင့် ဗေဒင်သင်တန်းသွား တက်ပါတယ်။ စိတ်ဝင်စားလှလို့ မဟုတ်ပေမယ့် စခန်းထဲမှာ တခုခုသင်နေစရာ ဆိုလို့ စေတနာ့ဝန်ထမ်းဆရာ တွေက သင်ပေးတာ ဒီလိုသင်တန်းပဲ ရှိပါတယ်။ အဲသည်တော့ သူ့အမဘွားဘွား ပြန်လာရင်၊ သူ့လက်ကို ကိုင်ကြည့်ပြီး “နင်တော့ ယောက်ျား ၂ ယောက်ရမယ်”လို့ လက္ခဏာဟောပါတယ်။ ဒီအဟောကြောင့် သူတို့ မောင်နှမတွေ ရန်ဖြစ်ကြရ၊ နောက်တော့ အားရပါးရ အော်ရယ်ဖြစ်ကြတဲ့အကြောင်းကိုလည်း စိတ်ညစ်စရာ အခြေအနေ ထဲက အသောဖောက်လို့ ဇိုရာဖန်းက ရေးခဲ့ပါသေးတယ်။

စခန်းထဲမှာ ရှင်သန်ရေးဖိစီးမှုကြောင့်ပဲ ဆိုရမလားမသိပါဘူး။ သူတို့အမေက စိတ်တို စိတ်ဆတ်လာတဲ့ အကြောင်းကို လည်း ဇိုရာဖန်းက ဖော်ပြပါတယ်။ နောက်တော့ အိမ်ကိုလာတဲ့ဧည့်သည်တဦးဆီက သူတို့အဖေ နေကောင်းကျန်းမာ ကြောင်းနဲ့၊ သူတို့သားသမီးတွေကို အလွန်သတိရနေကြောင်း သိကြရပါတယ်။ အမှန်မှာ တော့ ဒီလိုမဟုတ်ပါဘူး။ သူ့တို့ အမေကို တိုးတိုးကပ်ပြီး သူတို့အဖေ အင်မတန် မမာမကျန်း ဖြစ်နေကြောင်း၊ အစည်းအဝေးတခုမှာ စကားပြောနေရင်း တန်းလန်းက လဲကျသွားကြောင်း ပြောတာကို သူတို့မောင်နှမတွေ ကြားဖြစ်အောင် ကြားလိုက်ရပါသေးတယ်။ သူတို့ ကတော့ အဖေကို သတိရတာနဲ့ စိတ်ပူတာပဲ တတ်နိုင်ပါတယ်။ ဒီလိုနဲ့ ဒုက္ခသည်စခန်းမှာ တနှစ်အကြာလောက်မှ သူတို့အဖေကို ပြန်တွေ့ရပါတယ်။ သူတို့အဖေက အိမ်ကို ပြန်ရောက်ပြီး လွတ်မြောက်နယ်မြေ တနေရာမှာတည် ထားတဲ့ စခန်းသစ်ကို ပြောင်းရွှေ့ကြဖို့ ပြောလာပါတယ်။ သူတို့ခရီးထွက်ဖို့ကားကလည်း အဆင်သင့်စောင့်နေပါပြီ။ ဒုက္ခသည် စခန်းက ခွာရလို့၊ ကိုယ်ပိုင်တဲ့ လွတ်လပ်တဲ့ မြေ၊ အိမ်ယာကို ပြန်ရမယ်ဆိုလို့ သူတို့ဝမ်းသာမိ ကြပါတယ်။ ဒါပေမယ့် စခန်း မှာ ရင်းနှီးနေသူတွေနဲ့ ခွဲရမှာ ဖြစ်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြရပါသေး တယ်။ ဒီလိုနဲ့ သူတို့နောက်ထပ် "သာဝေါသော" လို့ခေါ်တဲ့ ရွာသစ်ကလေးကို ရောက်ခဲ့ကြရပြန်ပါတယ်။ နောက် တပတ်မှာတော့ ဒီစခန်းသစ်မှာ သူတို့ ကြုံတွေ့ရပုံ၊ တခါ စစ်ပြေးကြရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

No comments:

Post a Comment