ondragstart="return false" onselectstart="return false"

Monday, August 24, 2009

ဗိုလ်ဆန်ပြုတ် အပိုင်း(၄)

စာဖတ်ပုရိတ်သတ် အပေါင်းတို့ ခင်ဗျား….

ဒီကနေ့  ဗိုလ်ဆန်ပြုတ် အပိုင်း(၄) ကို တင်ပြပေးလိုက်ပါတယ်။ ဒီအပိုင်းလေးမှာ ဗိုလ်ဆန်ပြုတ် အပါအ၀င် ဒီကေဘီအေ ရဲဘော်လေးများ နှင့် ရွာသားပေါ်တာ တွေ ရဲ့ အလောင်းတွေကို စိတ်မချမ်းမြေ့စွာ တွေ့ ကြ ရမှာပါ။

အပိုင်း(၄) တစ်ခုလုံးမှာ ကရင်လို ပဲပြောသွားကြဒါမို့  ကရင် စကား နားမလည်သူ တွေ အတွက် မောင်ချစ်သူ ပြောသွားခဲ့တဲ့ စကားတချို့ နှင့် စဉ်းစားစရာ ထောက်ပြချက်တွေကို တင်ပြပေးလိုက်ပါမယ်။
ချစ်သူ။ ။ ငါပြောထားတယ် ငါပြောထားတယ် ငါ့ နောက် အမီလိုက်ပါ ပွာပွာပွာ…..။ ငါတို့ မထွက်ခင်မှာ ကောင်းကောင်းအတူတိုင်ပင် ဆွေးနွေးပြီး မဲသရီမှာတညအိပ်ပြီး မှထွက်လာဒါ………..
တို့ နှစ်ယောက် ကောင်းကောင်း တိုင်ပင်ဆွေးနွေး ထားကြတယ်.. ငါ့နောက်လိုက်ကြလို့  ငါပြောတယ်…ငါအရင်ဆုံးပြန်လာဒါ….
ငါသူများကို(ချစ်သူရဲဘော်) မေးခိုင်းတယ် ကျောမေ့ထော(ဗိုလ်ဆန်ပြုတ်ကိုညွန်းသည်) ဘယ်နေရာ အထိရောက်နေပြီလဲ….. အခြေအနေဘယ်လိုရှိလည်း…….ငါမေးတယ်….တနေကုန်လှေစီးတော့…. ငါလည်းမတတ်နိုင်ဘူး…တမင်းနည်းနည်းစားပြီးအိပ်တော့တယ်…..ငါထင်ဒါ…ငါတို့ တစ်ခုစီစဉ်ထားဒါ ရှိလို့  သူ (ဗိုလ်ဆန်ပြုတ်)မပြန်လာသေးဒါ…….
ဒီဖက်က အလောင်း ဘယ်သူလဲ??????
ဖြေ။ ။သူ့ လူ…..သူ့ ကိုယ်ရံ့တော်….

ချစ်သူ။ သူ့ မှာလမ်းကင်းလုံးဝမရှိဘူး။ အဲဒီမှာ မအိပ်နဲ့ လို့ ငါပြောတယ်…. ဒီလူဟာ တကယ်သတိရှိဒါ. သတိတကယ်ကောင်းဒါ……ငါတို့ လူရှိတယ်……လေးကော်မှာ ငါတို့ လူရှိတယ်…… လမ်းကင်းမရှိတော့ငါ(ချစ်သူ) အဲဒီမှာဆင်းတယ်…….အဲဒီမှာ ငါစပါယ်ရှယ် လူရွေးပြီးမှ တက်သွားခိုင်းဒါ….. သူတို့  တက်သွားပြီးမှ ငါနောက်ကပြန် တက်လာဒါ….
ငါတို့ သွားတာ သူ့ မှာကျဉ်ကာ အင်္ကျီပါတယ် ငါတောင်မှ သူ့ ကိုပြောသေးတယ်….မင်းမိန်းမကျနေဒါပဲ ငါတို့  လို မဟုတ်ပါလား….
ဘယ်မှာသူ့ ကိုထိလဲ???????

ဖြေ။ ။ ကျောမှာ အကုန်ထိတယ်…….

ချစ်သူ။ ။ သူဟာမတ်တပ်ရပ်ပြီး ရှေ့ ကိုခုန်ထွက်လိုက်ရင်လည်း ထိမှာမဟုတ်ဘူး….လှေပေါ်မှာမတတ်ရပ်ရင်

စဉ်းစားစရာထောက်ပြချက်။ ။ ကောင်းကောင်းတိုင်ပင်ဆွေးနွေး ထားကြပြီးမှ ထွက်လာကြ တဲ့ တပ်မှူးနှစ်ဦးဟာ ဘယ်သူဘာလုပ်မယ်ဆိုဒါ သူတို့ နှစ်ယောက်ကလွဲပြီး တစ်ခြားဘယ်သူမှ မသိနိုင်ပါ။ ဗိုလ်ဆန်ပြုတ် ဘယ်မှာအိပ်မယ် ဘယ်အချိန်ထွက်မယ်ဆိုဒါ ချစ်သူ က လွဲ ပြီး တခြားဘယ်သူမှ မသိနိုင်ပါ။
ဗိုလ်ဆန်ပြုတ်ကျဉ်ဆံထိတာ အားလုံး ကျောဘက် ထိတာဖြစ်တယ်။ ဗိုလ်ဆန်ပြုတ် ကျဉ်ကာ ၀တ်ထားတာ ချစ်သူပဲသိတယ်။ တခြားလူတွေမသိပါ။ ကေအဲန်ယူ သိဖို့ ဆိုရင် ဝေးသေးတယ်။ ကျဉ်ကာတို့ သဘောသဘာဝ အရ စနိုက်ဖယ် ရန်ကို ကာကွယ်ရန် အတွက် ရှေ့ဖက် ရင်အုံမှ ကျဉ်မဖေါက်နိုင်အောင် အထူးစီမံ ထီတွင် ထားခြင်းဖြစ်ပါသည်။ ဒါကို ကျဉ်မဖေါက်နိုင်မည့် ရင်ဘတ်ဖက်ကို ရှောင်ပြီး ကျောဖက်ကို ပဲရွေးပစ်ခြင်းသည် ပစ်သူတွေက အကြောင်းသိသူ တွေမဟုတ်ရင် ဘယ်သူတွေနည်း။ ဒီလူကျဉ်ကာ ၀တ်ထားတယ် ရင်ဘတ်ကို မပစ်နဲ့  ကျောဘဲထိအောင်ပစ် ဟုဆိုပြီး ကေအဲန်အယ်လ်အေ ရှေ့ တမ်းရဲဘော်လေးတွေ ဥာဏ်မမှီနိုင်ပါ။ ဗိုလ်ဆန်ပြုတ် ကျဉ်ကာဝတ်ထားတယ် ဆိုဒါလည်းမသိနိုင်ပါ။ ဒါဆို ရင် ဘယ်သူတွေ ဗိုလ်ဆန်ပြုတ် ကို ပစ်ကြသနည်း……..စာဖတ်ပုရိတ်သတ်တို့ ရေ…..ကိုယ့်ဟာကိုယ်….ဆုံးဖြတ်..ပိုင်းခြားစိတ်ဖြာ တွေးကြည့်ကြပါ……

ဗိုလ်ဆန်ပြုတ် အပိုင်း(၅) မှာ မောင်ချစ်သူမိန်းမ ပြုံးပျော်နေတဲ့မြင်ကွင်း လေးတွေကို ကြည့်ရန် အတွက် ဆက်လက်စောင့်မျှော်ပါ………………………..



Type the rest of your post here.

No comments:

Post a Comment