ondragstart="return false" onselectstart="return false"

Wednesday, August 5, 2009

ဘန်ကောက်ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပျက်ကျ

Posted on Aug 05 09 - 12:30 PM
ဩဂုတ်လ (၄)ရက်နေ့က ပြေးလမ်းချော်ကာ ပျက်ကျခဲ့သည့် ဘန်ကောက်လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်မှ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံရှိ၊ ဆမွိုင်လေဆိပ်သို့ ထိုနေ့ နေ့လယ်ခင်းက ဆင်းသက်လာသော လေယာဉ်သည် ပြေးလမ်းချော်ကာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဟောင်း တစ်ခုသို့ တည့်တည့်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၆၈)ဦးနှင့် အမှုထမ်း (၄)ဦးတို့ လိုက်ပါလာပြီး ခရီးသည် အတော်များများ ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် (၄)ဦးမှာ ခြေထောက်များ ကျိုးသွားကြကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်း ကရာဘီတွင် ဖြစ်ပွားခဲ့သော လေယာဥမတော်တဆ ဖြစ်မှုသည် ပြေးလမ်းပေါ်တွင် မြူနှင်းများ အုံ့ဆိုင်းနေပြီး မြင်ကွင်းမရှင်းလင်းမှုကြောင့် ဖြစ်နိုင်ကြောင်း လေကြောင်းလိုင်းမှ သတင်းစာ ရှင်းလင်းပွဲ တစ်ခုအတွင်း ပြောကြားခဲ့သည်။ ATR72-500 လေယာဉ်ကြီး၏ ဘယ်ဖက်တောင်ပံမှာ လုံးဝကျိုးထွက်သွားပြီး လေယာဉ်ဦးပိုင်းနှင့် လေဆိပ်မျှော်စင်တို့ ပြင်းပြင်းထန်ထန် ၀င်တိုက်မိချိန်တွင် လေယာဉ်မှူးတစ်ဦးဖြစ်သော ချတ်ချိုင်းပန်ဆူဝမ်မှာ ညပ်မိပြီး သေဆုံးသွားသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အတော်များများမှာ နိုင်ငံခြားသားများဖြစ်ပြီး အီတလီ၊ ဗြိတိန်၊ စပိန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် အစ္စရေးတို့မှဖြစ်ကြောင်း သိရသည်။



၎င်းသည် ကုမ္ပဏီအတွက် (၁၉)နှစ်မျှ လုပ်ကိုင်ပေးခဲ့ပြီး ယခုလေယာဉ် အမျိုးအစားများဖြင့် ပျံသန်းနေသည်မှာ (၁၄)နှစ် ရှိပြီဖြစ်သော အတွေ့အကြုံရင့် လေယာဉ်မှူး တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံရှိ သတင်းဌာနများက အခြားသော လေယာဉ်ဝန်းထမ်းများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ ဒဏ်ရာရ ၀န်ထမ်းများနှု့် ခရီးသည်များကို အနီးဆုံး ဘန်ဒန်အင်တာ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။ အချို့ကို ဘန်ကောက်-ဆမွိုင်ဆေးရုံသို့ ဆက်လက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လေယာဉ်ပျက်ကျပြီးနောက် ဆမွိုင်လေဆိပ်အာဏာပိုင်များက လေယာဉ်ခရီးစဉ် (၂)ခုကို အရေးပေါ် ဖျက်သိမ်းလိုက်ပြီး ခရီးသည် (၂၀၀)ခန့်ကို ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment