ondragstart="return false" onselectstart="return false"

Thursday, November 5, 2009

တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်သန်းရွေ ဘာတွေ လုပ်ခဲ့သလဲ


ဖိုးတရုတ် သတင်းစာမျက်နှာမှကူးယူဖေါ်ပြသည်။

စာဖတ် ပရိတ်သတ်များခင်ဗျား

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ ဘုရင်ရူး ရူးကာ သူစီးသော MI-17 အဖြူရောင် ရဟတ်ယာဉ်ကြီးကို ဆင်ဖြူတော်လို့ ခေါ်တွင်စေပြီး အဲဒီ ရဟတ်ယာဉ်ကြီးနဲ့ နာဂစ် ဒေသ စစ်ဆေးရေး အကြောင်းပြပြီးတော့ အမေရိကန်အဖွဲ့အား လက်ရှောင်နေခဲ့ပုံ၊ အခုတလော နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်းမှာ အမေရိကန်အဖွဲ့ကို သူ့အနေနဲ့ အသုံးချ အမြတ် ထုတ်သွားပုံတွေကို စစ်ဖက်နီးစပ်သူများက “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ ရေးသား ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော်ကိုဖိုးတရုတ်မှ စစ်ဖက် နီးစပ်သူများအား အထူး ကျေးဇူးတင် ရှိပါကြောင်း စည်းလုံးခြင်းရဲ့အင်အားမှ ဂုဏ်ပြု မှတ်တမ်း တင်ရင်း ဖေါ်ပြအပ်ပါတယ်။
၁။ ကိုးကန့် အရေးအခင်းကြောင့် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့တဲ့ အတွင်းရေးမှူး (၁) ရဲ့ ခရီးစဉ်နဲ့ အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ ၀န်ကြီးချုပ် ခရီးစဉ်များမှာ တရုတ်နိုင်ငံက နယ်စပ်အရေးအခင်းကို ပူးတွဲကိုင်တွယ်မည် ဖြစ်ကြောင်း UWSA ကို တစ်စုံတစ်ရာ အရေးယူမည်ဆိုပါက တရုတ်နိုင်ငံအား ကြိုတင် အသိပေး ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်းတို့ကို ကြားသိခဲ့လို့ စစ်အာဏာရှင်တွေ အနေနဲ့ အစာမကျေဖွယ် ဖြစ်ခဲ့ကြရပါတယ်။

၂။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ အမေရိကန်အဖွဲ့ ခရီးစဉ်ကို နိုင်ငံရေး အမြတ်ထုတ်ဖို့ စီစဉ်ခဲ့ပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးမှာ အမှန်တကယ်ဆိုပါက အနည်းဆုံးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် အနေနဲ့ ကြိုဆိုတာကအစ၊ ခရီးစဉ် အစအဆုံးကို လိုက်ပါဆောင်ရွက်သင့်တယ် ဆိုပေမဲ့ နာမ်နှိမ်သည့်သဘောနှင့် ညွှန်ကြားရေးမှူးချုပ် အဆင့်ကိုသာ ကြိုဆိုဆောင်ရွက် ခိုင်းပါတယ်။ ဗိုလ်သန်းရွှေ ကိုယ်တိုင် နေပြည်တော်ကြပ်ပြေးမှာ ရှိပါက အမေရိကန်အဖွဲ့အား လက်ခံတွေ့ဆုံဖို့လိုမှာ ဖြစ်လို့ ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းခံ ဒေသများသို့ စစ်ဆေးရေး အကြောင်းပြ ရှောင်ထွက်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်ကိုတော့ အမေရိကန်အဖွဲ့အား အခြေခံ ဥပဒေပြင်ဆင်ခိုင်းတဲ့ကိစ္စနဲ့ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စတို့တွင် အလျှော့ မပေးရန်နှင့် စကားမကျွံရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး တရုတ်နိုင်ငံမှ မူလက ၀ယ်ယူထားတဲ့ F-7 နှင့် A-5 တိုက်လေယာဉ်များအနေနဲ့ ဟောင်းနွမ်းပျက်စီးယိုယွင်းနေလို့ အရန်ပစ္စည်းများ ၀ယ်ယူရေးနှင့် မွမ်းမံပြင်ဆင်ရေး စတာတွေကို စစ်အာဏာရှင်တွေဟာ အပေါ်စီးမှ တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ တပ်မတော်လေတပ်မှာ ရှိတဲ့ A-5 (၃၆) စင်းအနက် (၅၀) ရာခိုင်နှုန်းသော တိုက်လေယာဉ်ပျံများဟာ မြေပြင်မှ လေထဲသို့ မပျံသန်းနိုင်သော အနေအထားမှာရှိနေပြီး F-7 တိုက်လေယာဉ်များမှာလည်း မကြာခဏ ပျက်ကျနေပါတယ်။
၃။ တရုတ်အစိုးရကလည်း ဒီအချိန်မှ မလိုက်လျောရင် အမေရိကန်ဘက်ကို နအဖ ပိုယိမ်းသွားမှာ စိုးရိမ်လို့ အသာတကြည် လိုက်လျောခဲ့ရပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား လာမဲ့ (၁၈-၁၁-၂၀၀၉) ရက်နေ့ လေယာဉ်တောင်ပံ အပ်နှင်းပွဲလုပ်မဲ့ အခမ်းအနား မတိုင်ခင် တရုတ်နိုင်ငံသို့ F -7 နှင့် A- 5 တိုက်လေယာဉ် အရန်ပစ္စည်းများ ၀ယ်ယူဖို့ စေလွှတ်ရန် စီစဉ်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ အမေရိကန်အဖွဲ့အား အသုံးချပြီး Power playing ကစားကာ နိုင်ငံရေး အမြတ်ထုတ်ရင်း စစ်ရေးအရ အကျိုးရှိအောင် ဆောင်ရွက်သွားကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment