ondragstart="return false" onselectstart="return false"

Monday, November 23, 2009

နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်အထူးဒေသ(၁) ရွှေတူးဖော်နေပြီ

နအဖ စစ်အစိုးရက ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို နယ်ခြားစောင့်တပ်အဖြစ်သို့ အပြီးပြောင်းရန် နည်းဗျူဟာမျိုးစုံကို သုံးနေပါသည်။ ယခုဆိုရင် ကချင် အဖွဲ့ ငယ်တစ်ခုကို မက်လုံးပေးပြီး အခွင့်အရေးပေးနေသလို ကျန်သူများကို လည်းမြူဆွယ်နေပါသည်။ ကရင်ပြည်နယ်မှာလည်း ကေအဲန်ယူ တပ်မဟာ(၅) နယ်တွေမှာ ဒီကေဘီအေ ကို မက်လုံးပေးပြီး ရွှေတူးဖေါ်ခိုင်းသည်ဆိုသည့်သတင်းမှာ လွန်ခဲ့သည့်လကတည်း သတင်းတွက်နေပါသည်။ ဒီကေဘီအေ ဒုဗိုလ်မှူးကြီးချစ်သူ ကိုယ်တိုင်ဦးစီးဆောင်ရွက်သည်ဟု သတင်းတွေအရ ဆိုပါသည်။ ကရင်ပြည်နယ်မှာ ဒီကေဘီအေ တပ်တို့ သစ်ထုတ်စားဒါ ကုန်သလောက်ရှိပြီမို့  မမြင်ရတဲ့ရွှေကို တူးဖို့ နအဖ စစ်အစိုးရက မက်လုံးပေးပြန်ပြီ.. ပြီးရင် ရွှေ ရဒါ မရဒါနားမလည် မင်းတို့ တပ်မဟာ(၅)ကို တက်ရှင်းဆို ပြီး ကရင်အချင်းချင်းပေး တိုက်ခိုက်လာပါတော့မည်။

ဒီကေဘီအေတပ်သားတို့ ရွှေ မရခင် သေခြာဒါက ဌက်ဖျား ရောဂါ အရင်ရမည်ဖြစ်သည်။ ပြီးရင် နအဖ စစ်တပ်အတွက် လူသားမိုင်းရှင်းကရိယာတွေအဖြစ်အသုံးချခံရတော့မည်ဖြစ်သည်။ မြေပေါ်က သစ်တွေကုန်ပြီ..မြေအောက်က ရှိစုမဲ့စုရွှေ မှုန်တွေကုန်ပြီးသွားတဲ့ အချိန် ဒီကေဘီအေ မှညီကိုယ်တို့ ရေ နအဖ ဗမာစစ်သားတွေ မင်းတို့ ကိုဘယ်လို လှည့်စားအုံးမလဲဆိုဒါ ပြင်ထား…အဲဒီအချိန်မှာ မင်းတို့  လည်း ခွေး ထန်းလျက်ခဲ ကို လျက်စားခံရသလို လုံးပါးပါး နေလောက်ပြီဖြစ်သည်ကို မြင်ယောင်မိပါသည်။

မှတ်ချက်။ ။ အစိမ်းရောင်စာသားသည် ပို့ စ်တင်သူ၏ အာဘော်သာဖြစ်ပါကြောင်း။

ခိုင်လင်း / ၂၃ နိုဝင်ဘာ ၂၀၀၉

နယ်ခြားစောင့် ကချင်အထူးဒေသ(၁) သည် အောက်တိုဘာ လကုန်ပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေများ ဝယ်ယူပြီး စက်ယန္တယားများအသုံးပြုကာ ရွှေတူးဖော်မှု အကြီးအကျယ် လုပ်ကိုင်နေသည်။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်မည်ဆိုသည့် ဝိုင်းမော်မြို့နယ်၊ မံတောင် ကျေးရွာရှိ လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေ ဧက (၁ဝဝ) ခန့်ကို ကချင်အထူးဒေသ (၁) အဖွဲ့မှ ဥက္ကဌ ဦးဆခုံ တိန့်ယိန်း ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ (၂၉) ရက်တွင် ကျပ်သိန်း (၅ဝဝ) ကျော်ဖြင့် မံတောင်ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) မှတဆင့် ဝယ်ယူခဲ့ပြီး ယခုအခါ စက်ယန္တယားများဖြင့် ရွှေရှာဖွှေ လုပ်ကိုင်နေသည်ဟု ဝိုင်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “မံတောင်ကျေးရွာသား (၁ဝ) ဦးရဲ့ ခြံတွေပဲ ဝယ်ရသေးတယ်။ နောက်ထပ်လည်း ဝယ်ဖို့ ကျန်တဲ့သူတွေကို ပြောနေတယ်၊ ရေကာတာ လုပ်ရင် ဒီကခြံတွေ ပျက်စီးမှာဆိုပြီး အစောကတည်းကလည်း ပြောနေလို့ ဒေသခံတွေ ဝမ်းနည်း၊ စိတ်ပျက်နေချိန်မှာ ဆခုံတိန့်ယိန်းတို့က အခုလို ဝယ်ပြီး ရွှေတူးနေတာ။ သူတို့အဖွဲ့ကတော့ နာမည်ခံပေါ့။ တရုတ်ဘက်က လုပ်ငန်းရှင်တွေက လုပ်နေတာ” ဟု ဝိုင်းမော်ဒေသခံ တဦးက ပြောသည်။

မေခမြစ်နှင့် ဒွန်ဘန်ချောင်းတို့ဆုံရာ ချောင်းဆုံအနီးတွင် ရွှေသန့်စင်စက်ခုံ တည်ထားပြီး အဆိုပါ စက်ခုံနှင့် မလှမ်းမကမ်းရှိ မံတောင်ကျေးရွာ ဥယျာဉ်ခြံမြေများကို ဘူဒိုဇာစက်များဖြင့် ထိုးဆွကော်ပြီး ထွက်ရှိလာသည့် မြေစာများကို ထရပ်ကားများဖြင့် သယ်ဆောင်ကာ အဆိုပါ ချောင်းဆုံရှိ ရွှေသန့်စင်စက်ခုံတွင် ရွှေရှာနေသည်ဟု အဆိုပါ ဝိုင်းမော်ဒေသခံက ပြောသည်။

၎င်းက “အရင်က ရွှေရှာတဲ့ ဖောင်တွေထက် အတော်ကိုကြီးတယ်၊ အဲဒီ ရွှေသန့်စင်တဲ့စက်ခုံက ထရပ်ကားတစီးစာ မြေစာကို တခါတည်း ကျင်လိုက်တာ။ တမိနစ်၊ နှစ်မိနစ်ဆို ပြီးသွားပြီ။ ခဲသတ်သတ်၊ သဲသတ်သတ်၊ ရွှေသတ်သတ် တခါတည်း ခွဲထုတ်နိုင်တဲ့ စက်နဲ့ လုပ်နေတာ။ အဲလိုမြေစာဆို လူနဲ့ လုပ်ရင် သုံး၊ လေးရက် လုပ်ရမယ့်ဟာကို သူက မိနစ်ပိုင်းနဲ့ လုပ်နိုင်တယ်ဆိုတော့ ဒီမှာရှိတဲ့ ရွှေတွေ ခဏလေးနဲ့ ကုန်သွားမှာ သေချာတယ်” ဟု ပြောသည်။

ယခု ရွှေတူးဖော်နေသည့် မံတောင်ဒေသ လိမ္မော်ခြံများသည် ကချင်ပြည်နယ်အတွင်းသို့ လိမ္မော်သီး ဖြန့်ဖြူးရာ အဓိကနေရာဖြစ်ပြီး ဒေသခံများမှာ လွန်ခဲ့သည့် အနှစ်(၂ဝ) ကျော်၊ (၃ဝ) ကာလများကတည်းက မိရိုးဖလာ စီးပွားရေးလုပ်ငန်းအနေဖြင့် လုပ်ကိုင်လာခဲ့ကြပြီး မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပျက်စီးတော့မည့် အနေအထား ရောက်ရှိနေသည်။

ကချင်အထူးဒေသ (၁)၊ ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော်သည် နယ်ခြားစောင့်တပ်ရင်း (၃) ရင်းအဖြစ် နိုဝင်ဘာ (၈) ရက် တွင် တရားဝင် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ဥက္ကဌ ဆခုံတိန့်ယိန်းက တပ်မှအနားယူရမည့် အသက် (၅ဝ) ကျော်သူများအား ဆက်လက်ဦးဆောင်ကာ ကချင်အထူးဒေသ (၁) အဖြစ် ဆက်လက်ရပ်တည်နေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်သွားရန်ရှိနေသည်ဟု ပန်ဝါမှ လာသည့်သတင်းများအရ သိရသည်။

နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်သည့် ကချင်အထူးဒေသ (၁) အား ယခုကဲ့သို့ ရွှေလုပ်ခွင့် တရားဝင်ချပေးလိုက်ခြင်းသည် အခြားသော အပစ်ရပ်အဖွဲ့များကို ဆွဲဆောင်ခြင်းတခု ဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်နေသည်။
ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment