ondragstart="return false" onselectstart="return false"

Thursday, November 26, 2009

ဒေါ်အောင်ဆန်းစုကြည်သို့  မေတ္တာရပ်ခံ အကြံပေးလိုချက်

ကျွန်တော်သတိထားမိတာက ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနဲ့  စီးပွါးရေး ပိတ်ဆို့  အရေးယူမှုတွေကို ရုပ်သိမ်း ပယ်ဖျက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါမယ်လို့  သူရေး လိုက်တဲ့ စာမှာဖော်ပြထားပါတယ်။
အဲဒါက လူတွေဒီလိုမျိုး အမှတ်မှာေးနကြလားတော့ မသိဘူး။ အလွန်အရေးကြီးတဲ့ ကိစ္စ ကျွန်တော်ပြော ချင်ပါတယ်။

ဘာလဲဆိုရင် ---

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်က အိုဘားမား အစိုးရ အမေရိကန်မှာ တက်လာမှ အမေရိကန် ပေါ်လစီ၊ ဘားမားပေါ် လစီ ပြောင်းလာမှ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒပေါ်လစီပြောင်းလာမှ အဲဒါ လုပ်တာ မဟုတ်ဘူး။ ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က တည်းက ဒေါ်အောင်ဆန်းစုကြည်က အဲဒါကို ကမ်းလှမ်းခဲ့တာ ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဘက်က ဟောဒီ-ဟောဒီ ဟာတွေ လုပ်ပေးရင်၊ စီးပွါးရေးပိတ်ဆို့ မှုတွေ ရုပ်သိမ်း ပေးမယ်လို့ ဒေါ် အောင်ဆန်း စုကြည်က ပြောလာလို့ ရှိရင် ၊ထိပ်တိုက်ရင်ဆိုင်မှုတွေ ပယ်ဖျက်လာမယ်ဆိုလို့ ရှိရင် စသည်အားဖြင့် လုပ်မယ်ဆိုရင် တွေ့ ဆုံဆွေးနွေးမယ်လို့  ပြောလာတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒါကို အဲဒီကတည်းက ကမ်းလှမ်းခဲ့တာပါ။ အမေရိကန် ပြောင်းလာလို့  အဲဒီဟာ ပေါ်လာတာ မဟုတ်ဘူးဆိုတာ တချက်သတိပြုကြဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်အယ်လ်ဒီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရော၊ အင်လ်ဒီရဲ့ ဖတ်စ်လီဒါ ပေါ့လေ-အနေနဲ့ရော။ ကျွန်တော်နဲ့  အလွန်ရင်နှီးတဲ့ နိုင်ငံရေး မိတ်ဆွေ။ နိုင်ငံရေး လုပ်ဖော် အနေနဲ့ ရော၊ ဒါတင်မကသေးဘူး။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက်အနေနဲ့ ရော ၊ ကျွန်တော်မေတ္တာစေတနာ အပြည့်နဲ့ ၊ နားလည်မှု အပြည့်နဲ့  ပညာရှိသတိ ဖြစ်ခဲများ ဖြစ်မှာ စိုးလို့ ၊ အကြံပြုချင်တဲ့ အချက်လေးတွေ ရှိပါတယ်။
၁။ စစ်အစိုးရကို ထိပ်တိုက်ရင်ဆိုင်ဖို့  မကြိုးစားဘဲနဲ့  ပူးပေါင်ေးဆာင်ရွက်ရင်းနဲ့  ဖြောင်းဖြ စည်းရုံးပါ။

၂။ ဒုတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်က စိတ် မြန်တတ်ပါတယ်။ စိတ်လဲ ဆတ်တတ်ပါတယ်။ ကျွန်တော်လည်း အလွန် စိတ်ဆတ်တတ်တဲ့ သူမိုလို့  ကျွန်တော် သူ စိတ်ဆတ်မှုကို နားလည်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာက စိတ်ရှည်သည်းခံပြီး တော့ အချိန်စောင့်ဆိုင်းရတဲ့ အလုပ်ပါလို့ ကျွန်တော် ပြောချင်တယ်။ဥပမာလေး-၊ရှေးဟောင်းနှောင်းဖြစ်လေး တစ်ချက်ပြော ချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား---

ခင်ဗျားအဖေ ဦးအောင်ဆန်း၊ ဂဠုံ ဦးစောနဲ့ တွေ့ ဖို့  လွတ်လပ်ရေး အကြိုကာလမှာ ဟင်္သာတ ဦးမြက ခေါ်သွားဖူးတယ်ဆိုတဲ့ အဖြစ်အပျက် လေးရှိပါတယ်။ အဲီးတော့ ဟင်္သာတ ဦးမြက ခေါ်သွားတဲ့ အခါမှာ အင်းလျား ကန်စောင်းမှာရှိနေတဲ့ ဂဠုံဦးစော အိမ်အပေါ်ထပ်မှာ ဂဠုံ ဦးစောက မျက်နှာဖြူတွေနဲ့  အရက် သောက်နေပေမယ်လို့  အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ သခင် အောင်ဆန်း ခန စောင့်နေပါဦးလို့  ပြော လိုက်တာ၊ အချိန် တစ်နာရီလောက်ကျော် ကြာပြီးတော့ မှ ဂဠုံ ဦးစောက မတွေ့ နိုင် တော့ ဖူးလို့  လုပ်လိုက်လို့  ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဟင်္သာတ ဦးမြ ပြန်ရတယ်။ ဒီတော့ ကာ ဟင်္သာတ ဦးမြက ဒေါသလည်း ဖြစ်ပြီးတော့ အင်မတန် အားနာပြီးတော့ “ဒီလိုဆိုရင်နောက်မတွေ့ တော့နဲ့ ဗျာ” ဆိုပြီး ဦးအောင်ဆန်းကိုပြောတဲ့ အခါ ဦးအောင် ဆန်းက `“ဦးလေး မြရယ် -ကိစ္စမရှိပါဘူး၊ သူလဲ အရေးကြီးတဲ့ ကိစ္စတွေ ရှိလို့  ၊ တိုင်းပြည် ခေါင်းဆောင်ပဲ ၊ ဒါကြောင့် ဖြစ်မှာပါ၊ ကျွန်တော်တို့ သည်းခံ ရမှာပေါ့။ နောက် တစ်ကြိမ်တွေ့ ဖို့ လည်း ကြိုးစားရမှာပေါ့၊ တွေ့ ဖို့  ထပ်ကြိုးစား ကြတာပေါ့”လို့ ပြောတဲ့ အတွက် ဂဠုံပါတီဝင် ဦးမြဟာ ဂဠုံ ပါတီဝင်ဖြစ်ရက်နဲ့  ဦေးအာင်ဆန်းကိုလေးစားရတဲ့ အဆင့်ဖြစ်လာပါတယ်။အဲဒီသာဓကကို အတုယူပါ။

၃ ။တတိယ အချက်ကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြည့်ဆီးရေးမှာဆိုလို့ ရှိရင် အကြောင်းက အခုပေါ်နေပြီ။ သို့ သော် တန်ဖိုးကြီးကြီးတော့ ပေးရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မြင်ပါတယ်။ သို့ သော် ဒေါ်အောင်ဆန်း စုကြည် တန် ဖိုးပေးပါ။ ။တည်ဆောက်ယူပါ။ အဲဒီကနေ တစ်ဆင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အထွေ ထွေ အကြပ်အတည်းရဲ့ ထွက်ပေါက်ပါ။ မြန်မာနိုင်ငံနဲ့ ပြည်ထောင်စုကြီးရဲ့ ကျေးဇူးရှင်အဖြစ်နဲ့  မြန်မာ့သမိုင်းမှာ သွင်ကျန်ရစ် အောင် လုပ်ပါလို့  အကြံပြုချင်ပါတယ်။

၎။ စတုတ္တနဲ့ နောက်ဆုံး အချက် ပြောချင်တာကတော့ ကျွန်တော်တို့ ဖိအားပေးတယ်ဆိုတာတို့ ၊ ထိပ်တိုက်ရင် ဆိုင်တယ် ဆိုတာတို့  မသုံးစေချင်ပါဘူး။ အဲဒီလို သုံးနေမယ့်အစား ၊ မိမိကိုယ်တိုင်လွတ်မြောက်ရေး၊ မင်းကို နိုင်တို့  ကိုကိုကြီးတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ၊အဓိပ္ပါယ်ရှိတဲ့ နိုင်ငံ ရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေး၊ မြန်မာနိုင်ငံ ဒီမို ကရေစီ ပြန်လည် ထွန်းကားရေး ဆိုတဲ့ ကိစ္စတွေဟာ ဆိုရင်ဖြင့် ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ အလွန်တည်နေပါတယ်။ ဒါကြောင့်မိုလို့  ဖိအားပေးတာ ထိပ်တိုက်ရင်ဆိုင်တာ စတဲ့ ကိစ္စတွေကို တစ်ဖက်က ထိန်းသွားအောင် ကိုယ်၊စိတ်၊ နှလုံး-(၃)ပါး စလုံးဖြင့် စောင့်ထိန်းပါ။ ပြီးလို့ ရှိရင် မေတ္တာ ဗြဟ္မစိုရ်ဖြင့် ချဉ်းကပ်ပါ။ အထူးလေးလေးစား စား အကြံပြုလိုပါတယ်။

ဦးမျိုးညွန့်  (ထိုင်းနိုင်ငံ)

၁၀။၁၀.၀၉ ဦးကျော်ဇံသာ၏ ဗွီအိုအေ တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်းမှ
ဟစ်တိုင်းသတင်းစာမျက်နှာမှပြန်လှယ်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment