ondragstart="return false" onselectstart="return false"

Monday, November 16, 2009

နအဖ စကခ(၅)မှူး ခင်မောင်ဆင့် ကရင်အမျိုးသမီး နှင့် လူထုအပေါ် ယုတ်မာနေ။

၁၇၊ ၁၁၊ ၂၀၀၉

ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောဂလိကြီးတွင် အခြေချသော နအဖ စကခ(၅)မှူး ခင်မောင်ဆင့် သည် ၃၊ ၁၁၊ ၂၀၀၉ ရက်နေ့ မနက်ခင်းပိုင်းတွင် ဘောဂလိရွာ တွင်းသို့ ဆင်းလာပြီး ရွာရှိ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ၏မုန့် ဟင်းခါးဆိုင်တွင် နေပြီး ရွာသားများကို တနေကုန် အရက်တောင်း သောက်ခဲ့ပါသည်။ တနေကုန်အရက်သောက်ပြီး ညနေ (၈)နာရီ စခန်းသို့ ပြန်ချိန်တွင် ရွာသူ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ နှစ်ဦးအား သူနှင့်အတူ တပ်စခန်းသို့ လိုက်ရာခေါ်ပါသည်။ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ကလည်းကြောက်ရွံ့ ပြီးထွက်ပြေးပုန်းအောင်းနေရပါသည်။

သြဂုတ်လ ၂၀၀၉ တွင် စကခ(၅)မှူး ခင်မောင်ဆင့် မုဒိန်းကျင့်ခဲ့သော ကရင်အမျိုးသမီး(ဓါတ်ပုံ-FBR)

တဖန် စကခ(၅)မှူး ခင်မောင်ဆင့်က ဘောဂလိ ရွာသူလူကြီးတွေခေါ် ပြီး ထိုအမျိုးသမီးနှစ်ဦးကို မတွေ့ တွေ့ အောင်ရှာဖွေခိုင်းပါသည်။ ကျေးရွာလူကြီးမှ ရှာဖွေ၍ မတွေ့ ရှိသောအခါ ခင်မောင်ဆင့်က ဒေါသထွက်ပြီး သေနတ်တချက်ပစ်ဖေါက်ကာ ရွာရှိအမျိုးသမီးကြီး နော်ပရူးအား အကြပ်ကိုင်ဖမ်းဆီး ကာ ထွက်ပြေးပုန်းအောင်းနေသော ရွာသူနှစ်ဦးကို မတွေ့ တွေ့ အောင် ရှာခိုင်းပြန်ပါသည်။ ဆက်လက်ပြီး ခင်မောင်ဆင့်က ထိုသူနှစ်ဦးကို မတွေ့ ရင် နော်ပရူး ကိုယ်တိုင် ထိုသူနှစ်ဦး၏ နေရာ အစားထိုး တပ်စခန်းတွင် သွားနေရမည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၉၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင်လည်း ဘောဂလိရွာသား စောမောင်ကြီး၏ ကားကို ချောဆွဲကာ ဘူဒိုဇာ လမ်းဖောက်စက်၏ ရှေ့ တွင် မိုင်းရှင်းကရိယာအဖြစ် ဘောဂလိမှ ကော်သဲ့ဒိုး ရွာသို့ သွားခိုင်းပါသည်။ တဖန် ၁၀၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင် ကော်သဲ့ဒိုး ရွာသားလေးဦးကို အတင်းအဓ္ဒမဖမ်းဆီးကာ ဘူဒိုဇာ လမ်းဖေါက်စက် ရှေ့ တွင် လူသား မိုင်းရှင်းကရိယာအဖြစ် သွားခိုင်းပြန်ပါသည်။

ညောင်လေးပင်ခရိုင် ဒေသတွင်လည်း နအဖ စစ်တပ်များက ရွာသားများ၏ တောင်ယာစပါးခင်းများ ကို ၀င်ရောက်ဖျက်စီးပါသည်။ အဖျက်စီးခံရသော စပါးခင်းများမှာ လိုကလါး နယ် တောင်ယာ ၂၃ ခင်း၊ ထီးလိုဘောထာနယ် တောင်ယာ ၄ ခင်း၊ စော်ခါဒါးနယ် တောင်ယာ ၅ ခင်း၊ သည့်ပြင် စောဘီးဘေ စောဖလါးအယ်မွီ၊ စောတာမွေ့ တို့ ၏အိမ်များ ဖျက်စီးခံရပါသည်။ သည့်ပြင်ထိုအရပ်ဒေသရှိ ရွာများဖြစ်သော လိုကလါးဒါးနယ် အယောက်(၃၀)၊ ထီးလိုဘောထာ အယောက်(၂၀)၊ စောခါဒါး (၁၀)ယောက် တို့ သည် အပူချိန်တက်အဖျားရောဂါ၊ အသါးဝါ၊ ၀မ်းရောဂါ စသည့်တို့  ကိုရင်ဆိုင်ခံစားနေရသည် ဟုသတင်းရရှိပါသည်။
FBR သတင်းတွင်လည်း စကခ(၅)မှူး ခင်မောင်ဆင့်သည် ဘောကဂလိကြီးတွင် ကရင်အမျိုးသမီး နှစ်ဦးကို သြဂုတ်လ ၁၈ ရက်နေ့ တွင်လည်း မုဒိန်းကျင့်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။

သတင်းရင်းမြစ်။ ၊ကေအဲန်ယူ GS ရုံးထုတ်ပြန်ချက်။ ဓါတ်ပုံ FBR

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သောသီခို အဖွဲ့ သားများ၏ အမှာစကား

ကရင်အမျိုးသားအပေါင်းတို့ ………ကျွန်ပ်တို့ ကရင်လူမျိုးများအပေါ် ဗမာပြည်ကို ကြီးစိုးနေတဲ့ ဗမာ့တပ်မတော်သားတွေ က ညှင်းပန်းနိုပ်စက် နှမချင်းမစာနာ ယုတ်မာပက်စက်နေဒါတွေဟာ နေ့  စဉ်နဲ့  အမျှ ပါ။ ဗိုလ်မှူးချူပ် ခင်မောင်ဆင့်ဆိုဒါ ဗမာ့တပ်မတော်အရာရှိတစ်ယောက်ပါ။ ဒီလိုအရာရှိတစ်ယောက် ကျွန်ပ်တို့ ကရင်အမျိုးသမီးတွေကို မုဒိန်းကျင့် အမျိုးသားတွေကို မိုင်းရှင်းလူသားအဖြစ်အသုံးပြုဒါ ဦးနှောက်မရှိ၍ လုပ်နေခြင်းမျိုးမဟုတ်ပါ။ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ တို့ ကရင်တွေကို မျိုးဖြုတ်ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ အသိတရားအားနည်းပြီး ခင်မောင်ဆင့် တစ်ယောက် ရာဇ၀တ်မှူမြောက် ရလောက်အောင် လူသားတွေအပေါ် အပြစ်ကျူးလွန်မိပါတယ် လို့  ဆိုရလောက်အောင် ဗမာ့တပ်မတော်စစ်တက္ကသိုလ်မှ ဆင်းလာသူ ကြီးတစ်ဦးအနေနဲ့  ဥပဒေရှူထောက်အရ သူ့ မှာ Capacity-စဉ်းစားပိုင်းခြားနိုင်မှု မပြည့်စုံဘူးလို့  ဗမာ့တပ်မတော် က ပြောချင်ပါအုံးမယ်။

ရွာသားတွေရဲ့တောင်ယာခင်းကို ဖျက်ဆီးပစ်ဒါ ကရင်လူထုကို ငါတို့ ဗမာ့တပ်မတော် ကျဉ်ဆံမကုန်ပဲနဲ့ ဒီကရင်တွေ ငတ်သေကြပါစေ ဆိုပြီး ဗမာစစ်သားတွေ လုပ်နေကြ မျိုးဖြုတ်လမ်းစဉ်တွေထဲ က လုပ်ရပ်တစ်ခုပါ။

ဖက်ဆစ်ဂျပန်တွေ ထက်ဆိုးသွမ်းနေတဲ့ ဒီ နအဖ မဟာဗမာဝါဒီတွေကို ပြတ်ပြတ်သတ်သတ် တွန်းလှန်ကြဖို့  တိုက်တွန်းလိုပါတယ်။ ကျွန်ပ်တို့ ကရင်အမျိုးသားတွေလည်း အမျိုးသားရေးအသိ၊ နိုင်ငံရေးအသိ နိုးကြားပြီး နအဖ စစ်အုပ်စုရဲ့ သပ်လျှိုဖြိုခွဲမှု လက်နက်တွေ ဖြစ်တဲ့ ယာယီစီးပွားရေးမက်လုံးများကိုလက်ခံပြီး သူတို့ (နအဖ)ခိုင်းသမျှ လိုက်လုပ်ခြင်း၊ ဘာသာရေးအယူအဆကွဲများကို ကရင်တွေကြားမှာဖန်တီးခြင်း၊ ယခု နယ်ခြားစောင့်တပ်ဖြစ်ရေး စသည်တို့ ကို သတိအမြဲရှိစေချင်ပါသည်။

အနိုင်ကျင့်ဗိုလ်ကျလိုမှူ၊ ရက်စက်ယုတ်မာမှူ၊ လိမ်လည်လည့်ဖျားမှူ၊ တိုင်းရင်းသားတွေအပေါ် လူပေါ်လူဇော်လုပ်လိုမှူ စသည့်မဟာဝါဒ ရဲ့ ညီမျှခြင်းတဖက်မှာ သက်ရောက်မှုနဲ့ သာတူညီမျှတဲ့ တန်ပြန်တွန်းလှန်မှူ တုန့် ပြန်မှူ တွေပဲ ဆိုဒါ ဗမာ့တပ်မတော်သာ သိခဲ့မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစကို ရှာဖွေဖို့  မခက်ယဉ်းပါ။

ဒီလိုမှ မဟုတ်ရင် မိတ်ဆွေ ကရင်တွေ ကမ္ဘာမှာ လူမျိုးတစ်မျိုးအဖြစ် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရပ်သင့်ရတိုက်တဲ့ မွေးရာပါအခွင့်အရေးအတွက်၊ တန်းတူညီမျှမှု အတွက်၊ ကိုယ်ပိုင်ပြန်ဌန်းခွင့် အတွက် တခြားတိုင်းရင်းသားတွေနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်ရအုံးမည်သာဖြစ်သည်။

No comments:

Post a Comment