ondragstart="return false" onselectstart="return false"

Sunday, November 22, 2009

ဇိုရာဖန်းဖို့  ခွပ်ဒေါင်းအလံ



(အုပ်စု ဓါတ်ပုံ- ၀ဲမှယာ- ကိုသန့် ဇင်၊ ကိုဇော်ဝင်း၊ ကိုမိုးသီး၊ဇိုရာဖန်း၊ ဖိုးခွား၊ ကိုဇော်ဇော်အောင်( ဗကသ))

မနပုလောမကျခင် မန်းရှာအိမ်က ကျနော်တို့ အားလုံးအတွက် စားအိမ်သောက်အိမ်၊ နိင်ငံရေးပြသနာပေါင်းများစွားကိုအဖြေရှာတဲ့နေရာဖြစ်ခဲ့ဘူးတယ်။ ကျနော်တို့ နိင်ငံရေးအကြောင်းတွေကို အပြင်အထန်ဆွေးနွေးနေရင် ဆရာမန်းရှာဇနီး က ချက်ပြုတ်နေရင် နားစွင့်နေတယ်။ ဒီအချိန်မှာ မီးဖိုချောင် အပေါက်ဝ က ကုတ်ကုတ်လေးထိုင်ပြီးကြည့်နေတဲ့အသက် ၁၀ နစ်ခန့် ရှိတဲ့ ကလေးတယောက်ကိုလည်းသတိပြုမိတယ်။ ခုတော့ဒီကလေးက ကရင့်အမျိုးသားအလံတဖက်၊ ခွပ်ဒေါင်းအလံတဖက်ကိုကိုကိုင်ပြီး ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်လာရမယ်လို့ ကျနော် မထင်ထားမိခဲ့ပါဘူး။ သူကတော့ဇိုရာဖန်းပါ။
-----------------------------
ကျနော် အင်္ဂလန် သို့ ရောက်စဉ် ဇိုရာဖန်း နဲ့ တွေ့ ဆုံခဲ့တယ်။ ကျနော်တို့  တည်းနေရာ ဒက်ကနန် ဟိဝေး ရပ်ကွက်သို့ သူလာခဲ့သည်။ သူကိုမတွေ့ တာ ၁၀ နစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ မနပုလောမကျခင်မှာသူကိုနောက်ဆုံးတွေခဲ့တယ်။ သူရယ်၊သူအဖေမန်းရှာရယ်၊သူမိခင်ကြီး နန်းရွေကျင်ရယ်။ သူအကို စေးစေးရယ်။သူအဖေသည်ကရင်တော်လှန်ရေးတွင်ကျဆုံးခဲ့ပြီ၊သူမိခင်ကြီးသည်လည်း တော်လှန်ရေးရဲဘော်တဦးဖြစ်ခဲ့သည်။ စက်သွယ်ရေးရဲဘော်တဦး၊၁၉၇၀၀န်ကျင်းကာလ မဆလခေတ် ဖြတ်လေးဖြတ်ကာလတွင် ရိုင်ဖယ်သေနပ်ကိုလွယ်ပြီး ရေစီးကြမ်းသော စစ်တောင်းမြစ်ကိုဖြတ်ကူးခဲ့သည့် အကြောင်းကိုကျနော်တို့ နားထောင်လို့ မရိုးခဲ့ဘူး။ ကရင်အမျိုးသားလှုပ်ရှားမှုမှာ သူ့ မိဘ နစ်ပါးစလုံးအသက်ပေးခဲ့ကြပါပြီ။ သူဟာငယ်သေးတယ်။ လူငယ်တယောက်ရဲ့ ပျှော်ရွှင်မှုတွေအပူအပင်ကင်းမှုတွေ သူခံစားသင့်ပါတယ်။

--------------------------------
သူဘ၀မှ ဒီအခြေအနေမရှိခဲ့ပါဘူး။ ကရင့်အမျိုးသားလှုပ်ရှားမှုက သူဘ၀ကို နက်ရှိုင်းစွာတည်ရှိနေတယ်။
စစ်အစိုးရကြောင့် ဒုက္ခအထွေထွေခံစားနေရတဲ့ ရင့်အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေ
အတွက် သူဟာ မျက်မြင်သက်သေဖြစ်နေရ ပါပြီ။

သူမျက်နာကိုတွေ့ တော့ သူအဖေကိုသတိရလာမိတယ်။ သူမျက်နာသိပ်မပြောင်း၊ အလွန်းအမင်းရှက်တဲ့ပုံတော့မရှိတော့ဘူး ။ ကိုယ်ကိုကိုယ်ယုံကြည်မှုတွေရှိနေတယ်။ သူဖခင်ကြီးလိုပဲ ယုံကြည်မှုရှိတယ်။ ခင်မင်စရာကောင်းတာတွေရှိနေတယ်။ သူလုပ်နေတဲ့ လှုပ်ရှားမှု၊ နိင်ငံတကာ လှုပ်ရှားမှုအတွေ့ အကြုံတွေကို သူပြောပြတယ်။ သူရဲ့ ပြောင်းလဲတိုးတက်လာမှုတွေကို ကျနော် ၀မ်းသာမိတယ်။ သူရေးထားတဲ့သဘ၀အကြောင်းစာအုပ်ကိုကျနော်ကိုလက်ဆောင်ပေးတယ်။

အတုံးအရုံးပြုလဲမှုတွေကြားမှာ ရုမ်းကန်ထနိင်စွမ်းရှိနေတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့  ခွပ်ဒေါင်းအလံတလက်အမှတ်တရပေးခဲ့တယ်။ဒီအလံကိုသိမ်းထားပါ။ခွပ်ဒေါင်းအလံဆိုတာအဖိနပ်ခံပြည်သူတွေဖက်ကအမြဲရပ်တည်နေမယ်ဆိုတဲ့သဘောပါ။ ကရင်အမျိုးသားတွေအတွက်ကရင်ပြည်နယ် ရပါစေ သမီး။

- မိုးသီးဇွန် -
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်- FBF
ကိုမိုးသီးဘလော့မှပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment