ondragstart="return false" onselectstart="return false"

Sunday, November 29, 2009

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် လူကုန်ကူးမှုကွန်ယက်

ဒီသတင်းလေးကို အီးမေးမှ တဆင့်ပေးပို့ လာသော စစ်ငြမ်းချမ်းအား အထူးကျေးဇူးတင်ပါသည်။

စစ်ငြိမ်းချမ်း။ ၂၈ နိုဝင်္ဘာလ ၂၀၀၉

စစ်အစိုးရလက်ထက် မြန်မာ့စီးပွားရေးပျက်ကပ်ကြောင့် နိုင်ငံရပ်ခြားတွင် တရားမဝင် လာရောက်လုပ် ကိုင်နေရသော မြန်မာအလုပ်သများအား လူကယ်ရီများ၊ ထိုင်းဝန်ထမ်းအချို့နှင့် ဒီကေဘီအေတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ကြသည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီဖြစ်သည်။

ယခင်က အလုပ်သမားများအိမ်ပြန်ရာတွင် သက်ဆိုင်ရာလူကယ်ရီများနှင့် ချိတ်ဆက်ပြီး လိုင်းကားများ ဖြင့် ပြန်လာလေ့ရှိ၍ ဒီကေဘီအေဂိတ်အရောက်တွင် တစ်ယောက် ၁၂၀၀ဘတ်မှ ၁၅၀၀ ဘတ်ပေး ဆောင်ရလေ့ရှိသည်။ ယခုလ တွင် နောက်ထပ် ဒုက္ခတစ်မျိုးထပ်မံတွေ့ကြုံရပြန်သည်။
နိုဝင်္ဘာလ ၁၃ ရက်နေ့တွင် လိုင်းကားဖြင့် အိမ်ပြန်လာကြသော မြန်မာအလုပ်သမား ၄၂ ယောက်ကို ဘန်ကောက်မြို့အနီး နခွန်စဝမ် လဝကမှ ဖမ်းဆီးပြီး တယောက်လျှင် ၁၂၀၀ ဘတ်တောင်းယူခဲ့သည်။ မပေးနိုင်သူများကို ၄၅ ရက် ထောင်ချမည်ဟု ကြားသိရသည်။ ငွေပေးနိုင်၍ ပြန်လည်ပို့ဆောင်ခံရ သူများသည် ဒီကေဘီအေ တွင်လည်း ၁၂၀၀ သို့မဟုတ် ၁၅၀၀ ထပ်မံပေးဆောင်ရပြန်သည်။ အဆိုပါ ကိစ္စကို စုံစမ်းရာ မွန်အမျိုးသား မီးလောင်ဆိုသူနှင့် ထိုင်းလဝကမှ ၃ ပွင့်အဆင့်ရှိ ဖုကောင် စုံကိရတ်တို့ ပူးပေါင်း စားကွက်ထွင်ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုအကြောင်းများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ မြန်မာအလုပ်သမားတစ်ဦးမှ ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။ ၎င်းအလုပ်သမားမှာ ထိုင်းနှင့် မြန်မာ အစိုးရပူးပေါင်းဆောင်ရွက်လျှက်ရှိသော ယာယီပတ်စပို့ကို လုပ်ရန် အယုံအကြည် မရှိသဖြင့် အိမ်အပြန်တွင် ယခုလိုကြုံတွေ့ရခြင်းဖြစ်သည်။

၂၈ရက်နေ့တွင် အဆိုပါ နခွန်စဝမ် လဝကမှ ဝန်ထမ်းအချို့ မဲဆောက်မြို့သို့လာရောက်ပြီး မြန်မာ ဘက်ခြမ်းမှ လူကယ်ရီများနှင့် တွေ့ဆုံရန်ကြိုးစားကြောင်း၊ အကယ်၍ ၎င်းတို့လမ်းတဝက်တွင် ဖမ်းဆီးခြင်း မပြုစေလိုလျှင် တစ်ယောက် ၅၀၀ ဘတ် ပေးစေလိုကြောင်း လာရောက်ညှိနှိုင်းသည်ဟု သိရသည်။ သို့သော် လူကယ်ရီများနှင့် တွေ့ဆုံနိုင်ခြင်းရှိမရှိကိုမူစုံစမ်းဆဲဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့် တရားမဝင်အလုပ်သမားများအရေးကို လစ်လျူရှုထားသဖြင့် ယခုလို အနိုင်ကျင့်ခံနေရခြင်းသာ ဖြစ်သည်။

No comments:

Post a Comment