ondragstart="return false" onselectstart="return false"

Sunday, November 15, 2009

တိုက်ပွဲနှင့် နအဖ + ဒီကေဘီအေ တပ်တို့ လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

ကေအဲန်ယူတပ်မဟာ(၂) တောင်ငူခရိုင် သံတောင်ဒေသတွင် နအဖ တပ် ခလရ(၄၈)မှ ဆောလောခိုရွာ သူကြီး စောကဲတိုး(၄၅-နှစ်) အဘအမည် စောကျောကျော၊ ရွာသား စောကိုးဒို(၂၅ နှစ်) အဘအမည် စောဘူဟာ၊ စောလူးကါ (၃၀နှစ်) အဘအမည် စောဒါဒေးတို့ အား နိုဝင်ဘာ ၅ ရက်နေ့  ၂၀၀၉ နေ့ စွဲ့ တွင် အကြောင်းမဲ့ သတ်ပစ်လိုက်ပါသည်။ သတင်းအရ ဖမ်းဆီးထားသော တခြားရွာသူနှင့် ကလေးများကို ပြန်လွတ်ပေးသည်။
ဗမာ့တပ်မတော်ကို ပြောပါရစေ.....မင်းတို့ အပြစ်မဲ့ ရွာသား သုံးဦးကိုသတ်ပစ်ဒါ ကေအဲန်ယူ တပ်အင်အား ဘာမှထိခိုက်စရာ အကြောင်းမရှိပါ။ ဒါပေမယ့် မင်းတို့ ကရင်လူမျိုးတွေ အပေါ် အငြိုးထား သတ်ဖြတ်ဒါတွေဟာ အနာဂတ် ဗမာပြည်ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုဒါ ပုံပြင်တပုဒ်လို ဖြစ်နေပါတယ်။ မင်းတို့ ရရှိမှာက ကရင်လူထုတွေရဲ့ ရွံ့ ရှာမှုနဲ့ နာကြည်းမှုတွေပဲ....ဒါတွေကို မင်းတို့ နိုင်ငံတော်နဲ့ နိုင်ငံသားဆိုတဲ့ စကားလုံးတွေကို မီဒီယာတွေမှာသုံးတိုင်း ကျွန်ပ်တို့ တိုင်းရင်းသားလူမျိုးတွေအတွက် ရီစရာဖြစ်ပြီး ကြားနေရဒါ နားခါးလွန်းပါတယ်.......



Type the rest of your post here.

No comments:

Post a Comment