ondragstart="return false" onselectstart="return false"

Monday, November 9, 2009

ပြည်တွင်းပြည်ပရှိတိုင်းရင်းသားအင်အားစုများသို့ ပန်ကြားချက်

အီးမေးမှတဆင့် လက်ခံရရှိပါသည်။ ပေးပို့ သူအားအထူးကျေးဇူးတင်ရှိပါသည်။


ပြည်တွင်းပြည်ပရှိတိုင်းရင်းသားအင်အားစုများသို့ ပန်ကြားချက်

များမကြာမီအပြောင်းအလဲတွေဖြစ်တော့မည်။တည်ရှိနေသောအနေအထားမှပြောင်းလဲကြရတော့မည်။ မည်သည့်ဘက်သို့ ပြောင်း လဲကြမည်နည်း။ မိမိကိုယ်စားပြုရာ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများအရေးကို စွန့်လွှတ်ကျောခိုင်းပြီး (နအဖ) စစ်အစိုးရက ဟ ပေးထား သည့်မလွယ်ပေါက်ကနေခေါင်းငုံ့ဝင်ကြမည်လား။သို့တည်းမဟုတ်မိမိကိုယ်စားပြုရာတိုင်းရင်းသားလူမျိုးများအရေးကို ရဲရဲရင့်ရင့်ရပ်ခံပြီး (နအဖ) စစ်အစိုးရရဲ့ အကြပ်ကိုင်မှုတွေကို တွန်းလှန်ကြမည်လား တစ်ခုခုကိုပြတ်ပြတ်သားသားရွေးချယ်ကြရပေတော့မည်။
(နအဖ)စစ်အစိုးရက “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ”ဆိုတာနှင့်အပစ်ရပ်တိုင်းရင်းသားအင်အားစုများကိုအကြပ်ကိုင်နေပါပြီ။ တည်ရှိခဲ့သမျှ မိမိပါတီအဖွဲ့အစည်းနှင့်တပ်ဖွဲ့များကို ဖျက်သိမ်းပြီး (နအဖ) စစ်ဗိုလ်များက စီမံချုပ်ကိုင်ဗိုလ်လုပ်မည့်နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်းလဲဖွဲ့စည်းကြရမည်။

၁၉၈၈ /၁၉၉၀ ကာလများက မြို့ပေါ်တွင်နိုင်ငံရေးတိုက်ပွဲတွေကြီးကြီးမားမားဖြစ်နေသည်။ (န၀တ-နအဖ) စစ်အစိုးရအတွက် အကြပ်အတည်းတွေ့နေသည်။ ထိုအခါ ယာယီထွက်ပေါက်အဖြစ်လက်နက်ကိုင်တိုက်နေသော အင်အားစုများနှင့် “လက်နက်တစ်လက်/ ကျည်ဆံတစ်တောင့်/ နယ်မြေတစ်လက္မ” အပ်စရာမလိုပဲ အပစ်အခတ်ရပ်စဲခဲ့သည်။ “နိုင်ငံရေးပြဿနာကိုနောင်တက်လာမယ့်အစိုးရနဲ့ ဆွေး နွေး”လို့လေသံပစ်ခဲ့သည်။ ထိုနည်းဖြင့် မြို့ပြအုံကြွအုံမှုနဲ့လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်မသွားနိုင်အောင် (န၀တ-နအဖ) စစ်အစိုးရ ကဟန့်တားထားနိုင်ခဲ့သည်။ ယင်းနောက်မြို့ပြလူထုလှုပ်ရှားမှုကိုအကြမ်းဖက်ချေမှုန်းခဲ့သည်။ အပစ်ရပ်အဖွဲ့များကိုလည်း နိုင်ငံရေး မလုပ် ရင်ပြီးရော လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့သည်။ “ကျိုက္ကဆံညီလာခံ/ညောင်နှစ်ပင်ညီလာခံ” အထူးဖိတ်ကြားသင့်သူများခေါင်းစဉ်အောက် တွင်တက်ရောက်ခွင့်ပေးခဲ့သည်။ သို့သော်လည်း မိမိကိုယ်စားပြုရာလူမျိုးများ၏ အခွင့်အရေးများထည့်သွင်းချမှတ်နိုင်ခွင့်မရခဲ့ကြချေ။ ယခုတော့ ခင်ဗျားတို့ကိုယ်တိုင်တက်ရောက်ဆွေးနွေးချမှတ်ခဲ့ကြတာပဲ ဟူသောကြိုးဖြင့်ပင်ချည်နှောင်လာနေခဲ့ပြီ။
ယခု“ကျိုက္ကဆံညီလာခံ/ညောင်နှစ်ပင်ညီလာခံ”များတွင် (န၀တ-နအဖ) စစ်အစိုးရ စိတ်ကြိုက်ချမှတ်အတည်ပြုခဲ့သော မူများဖြင့် ရေးသားထားသည့် “အခြေခံဥပဒေ(၂၀၀၈) ”ဖြင့် ပါတီဖျက်/တပ်ဖွဲ့ဖျက်ခိုင်းနေပြီ။ (နအဖ) စစ်အစိုးရ၏အခြေခံဥပဒေထဲတွင် တိုင်းရင်းသား အင်အားစုများတိုက်ပွဲဝင်တောင်းဆိုခဲ့သည့် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့်အရေးကိစ္စများ တစ်လုံးတစ်ပါဒမျှ မပါသည်ကို အင်အားစုတိုင်းသိကြသည်။
“၂၀၁၀ရွေးကောက်ပွဲ”ဆိုသည်မှာ ထိုအခြေခံဥပဒေကို အသက်သွင်းမည့်ရွေးကောက်ပွဲသာဖြစ်သည်။ တနည်းအားဖြင့် ၀ါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးပြောသလို “ယာယ်ီစစ်အာဏာရှင်စနစ်ကို ထာဝစဉ်စစ်အာဏာရှင်စနစ်” ဖြစ်အောင်အတည်ပြုပေးကြရမည့် ရွေးကောက်ပွဲဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်မြို့ပေါ်နိုင်ငံရေးအင်အားစုတို့သာရင်ဆိုင်ကြရမည့်ကိစ္စသက်သက်မျှမဟုတ်ပါ။
တိုင်းရင်းသားအဖွဲ့အစည်းတိုင်း၏အနာဂတ်နှင့်လမ်ကြောင်းကိုရွေးချယ်ကြရမည့်တိုက်ပွဲကြီးတစ်ခုဖြစ်ပါသည်။အကြွင်းမဲ့လက်နက် အပ်လိုက်သူများကိုတော့ အကြွင်းမဲ့ဒူးထောက်အညံ့ခံလိုက်ကြသူများအဖြစ် သမိုင်းကမှတ်တမ်းတင်ပါလိမ့်မည်။ (နအဖ) စစ်အစိုးရထံ နိုင်ငံရေးအရ အကြွင်းမဲ့ဒူးထောက်လိုက်လျှင် မိမိကိုယ်စားပြုရာတိုင်းရင်းသားလူမျိုးများပြည်သူများကို သစ္စာဖောက်ခြင်းသာဖြစ်ပေမည်။
သို့ပါ၍ ပြည်တွင်းပြည်ပတိုင်းရင်းသားအင်အားစုများအနေဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲ” ကိုပြတ်ပြတ်သားသားဆန့်ကျင်သပိတ်မှောက်ရေး တပြည်လုံးလှုပ်ရှားမှုကြီးတွင် အင်တိုက်အားတိုက်ပါဝင်ကြပါရန် ပန်ကြားတိုက်တွန်း အပ် ပါသည်။

No comments:

Post a Comment