ondragstart="return false" onselectstart="return false"

Wednesday, November 25, 2009

ဟက်ကြီးရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြ

24 November 2009 - VOA

ထိုင်း-မြန်မာနယ်ခြား သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မယ့် ဟက်ကြီး ရေကာတာ (Hat Gyi Dam) စီမံကိန်းကို ရုတ်သိမ်းဖို့ ထိုင်းနိုင်ငံအခြေဆိုက် လူထုအခြေပြု လူ့အဖွဲ့အစည်းနဲ့ နိုင်ငံသားများအခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။ ဒီ စီမံချက်ဟာ ကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသမှာ မြန်မာစစ်တပ်ရဲ့  လူ့အခွင့်အရေး ချိုးဖော်မှုတွေ ပိုပြီးများလာအောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်ဆိုပြီး ဒီနေ့ မနက်က ထိုင်းအစိုးရရုံးရှေ့ မှာ စုဝေး ဆန္ဒပြကြပါတယ်။ ဘန်ကောက်မြို့ ကနေ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦး က သတင်းပေးပို့ထားပါတယ်။



Type the rest of your post here.

No comments:

Post a Comment