ondragstart="return false" onselectstart="return false"

Monday, November 9, 2009

KPF အတွင်း ရာထူးပဋိပက္ခကြောင့် တပ်ရင်းမှူးတစ်ဦးကို မြန်မာတပ်ရင်းမှ ခေတ္တခေါ်ထား

ဘော်ဒါဂတ် ကိုလက်ခံတဲ့ အဖွဲ့ အစည်းတွေ အတွက် သင်ခန်းစာ ယူစရာ သတင်းတစ်ပုဒ်ပါ ခင်ဗျား။ ဒီကေဘီအေရေ... မင်းတို့ လည်းအသင့်ပြင်ထား ငါ့ညီအစ်ကိုတို့ ရေ....မင်းတို့ လည်းမကြာမီ မျှော်ပဲ.....


Moစn 09 Nov် 2009, လွတက်လပ်သောမွန်သတင်းအေဂျင်စီ

ကရင်ငြိမ်းချမ်းရေး (KPF) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးစောလေးဝါး၏နေရာ၌ ဗဟိုကော်မတီဝင် စောဝါးချဲ့ ရယူခြင်းနှင့်ပတ်သတ်၍ ပဋိပက္ခဖြစ်ပွားရာမှ ဘုရားသုံးဆူရှိ မြန်မာစစ်တပ်ရင်းတို့က ဒုတိယဗိုလ်မှူးကြီးစောလေးဝါးကို ယနေ့တွင် ခေတ္တခဏ ခေါ်ယူထားသည်ဟု သိရသည်။

ယနေ့နံနက်တွင် ဘုရားသုံးဆူဒေသ ကေပီအက်ဖ်တပ်ရင်းအမှတ် ၃ မှ တပ်ရင်းမှူး ရာထူး တာဝန်အလွှဲအပြောင်းရေးကိစ္စနှင့်ပတ်သက်၍ သုံးဆူအခြေစိုက်မြန်မာစစ်တပ်မှ တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးတို့က စောလေးဝါးအား ၄င်းတို့တပ်ရင်းအခြေစိုက်တွင် ခေတ္တခေါ်ယူထားသည်ဟု KPF အသိုင်းအဝန်းမှ သိရသည်။

“စောဝါးချဲ့က တာဝန်လွှဲပြောင်းဖို့အတွက်လာပြောတဲ့အချိန်မှာ စောလေးဝါးက ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ရဲ့ ညွှန်ကြားစာပါလာလို့ ပြောတယ်။ ပါးစပ်နဲ့ညွန်းကြားရင် လက်မခံနိုင်ဘူးလို့ပြောတယ်၊ အဲဒီအချိန်မှာ စောဝါးချဲ့က သေနတ်နဲ့ချိန်တယ်” ဟု KPF အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့ကြောင့် မြန်မာတပ်ရင်းက စောလေးဝါးကို ခေတ္တခေါ်ထားလိုက်သည့်အတွက် စောလေးဝါးကို ထိန်းသိမ်းလိုက်မှာကို ကေပီအက်ဖ်တို့က စိုးရိမ်နေသည်ဟု KPF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကော်မတီဝင် စောဝါးချဲ့ လာရောက်ပြောဆိုမှုကို ဒုတိယဗိုလ်မှူးကြီးစောလေးဝါးက လက်မခံနိုင်သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု KPF အသိုင်းအဝန်းမှ ပြောပါသည်။ ၄င်းရာထူးနေရာပြောင်းရွေ့ရေးမှာ ဌာနချုပ်မှလာခြင်းဖြစ်ပြီး ၄င်းအမိန့်အရ စောလေးဝါးမှာ ရာထူးမရှိဟု စောဝါးချဲ့ပြောဆိုမှုကို ကိုးကား၍ KPF အဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။

“ဒီအမိန့်က တိုင်းစစ်ဌာနချုပ်ကလာတာဖြစ်နိုင်တယ်။ ကျွန်တော်တို့ကြားတာကတော့ စောလေးဝါးက နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ဘူး၊ ဒါကြောင့် ဖြုတ်ချလိုက်တာနေမှာ” ဟု ၄င်းက ဆက်ပြောသည်။

ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) သည် ၁၉၉၇ ခုနှစ်တွင် ကေအန်ယူ တပ်မဟာ (၆) မှ တပ်ရင်း (၁၆) မှူးဟောင်း စောသူမူဟဲက နအဖထံမှ လက်နက်ချ ငြိမ်းချမ်းရေး ယူခဲ့ပြီး ၄င်းအချိန်တွင် အင်းအား ၃၀၀ ခန့်ရှိသည်ဟု ကရင်သတင်းစဉ်က ဆိုပါသည်။

စောလေးဝါးသည် ဘုရားသုံးဆူဒေသ ဝါကနိုင်းမှ သုံးဆူနယ်မြေရှိ ကေပီအက်ဖ်တပ်ရင်း အမှတ် ၃ မှ တပ်ရင်းမှူးဖြစ်ပြီး ဗဟိုကော်မတီဝင် စောဝါးချဲ့မှာ သံဖြူဇရပ်မြို့ အရှေ့တောင်ဘက် (၉) မိုင်ဝန်းကျင်ရှိ ရဲတံခွန်ကျေးရွာအနီးတွင် တာဝန်ယူထားသည်။

လွန်ခဲ့သည့် ဇူလိုင်လတွင် ကရင်းအမျိုးသားအစည်းအရုံး ကေအန်ယူမှ စောလေးဝါးအား ခေတ္တဖမ်းဆီးထားပြီ KPF သို့ပြန်ရောက်လာချိန်တွင် စောလေးဝါးအပေါ်တွင် KPF မှ ယုံကြည်မှုလျော့နည်းသွားသည်ဟု သုံးဆူရှိ KPF အရာရှိတစ်ဦးက ပြောသည်။

ကေပီအက်ဖ်မှ အိုင်အိုအရာရှိတစ်ဦး၏ အဆိုအရ အချို့သူများမှာ စောလေးဝါးအား ဆန့်ကျင်သူများလည်းရှိသည်။

လွန်ခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် နေပြည်တော်မှ ထိပ်တန်းမြန်မာအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း တို့နှင့် KPF ခေါင်းဆောင် စောသမူဟဲ (ဥက္ကဌ)၊ စောဒေါဒေါ (ဒု-ဥက္ကဌ)၊ မန်းအောင်တင်မြင့် (အတွင်းရေးမှူး)၊ စောဝါးချဲ့ (ဗဟိုကော်မတီဝင်) တပ်ရင်းမှူးများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး စောသြဘာ၊ ဒုတိယဗိုလ်မှူးကြီးစောအယ်ဆေး၊ ဒုတိယဗိုလ်မှူးကြီးစောလေးဝါး၊ တို့အား ရတခတွင် ခေါ်ယူတွေ့ဆုံစဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF သို့ ပြောင်း လဲရန် ညွှန်ကြားခဲ့သည် ကောင်းဝါသတင်းဌာနက ဆိုပါသည်။

No comments:

Post a Comment