ondragstart="return false" onselectstart="return false"

Monday, September 14, 2009

ဘုရားသုံးဆူမြို့ အနီး နအဖစစ်ကြောင်း မိုင်းထိခိုက် သေကြေဒဏ်ရာများရရှိ

နောက်ဆုံးအတည်ပြုချက်အတင်းအရ ငါးယောက်သေ ကိုးဦးဒဏ်ရာရ အနက် သုံးဦးပြင်းထန်

Kaowao Newsgroup

စံခလပူရီ(စက်တင်ဘာ-၁၃)။ ။ KNU တပ်မဟာ ၆ အားထိုးစစ်ဆင်ရန် နောက်ထပ်ဝင်ရောက်လာသည့် နအဖစစ်ကြောင်းတစ်ကြောင်း ယနေ့ညနေ ၃ နာရီ ခန့်၌ ချောင်းဆုံလှေဂိတ်မရောက်မီ တစ်မိုင်ခန့်အလို တွင် မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားတွေ့မိခဲ့ကြောင်း အကူအညီ ပေးခဲ့ရသူများ ပြောပြချက်အရ သိရသည်။

အဆိုပါ မိုင်းဒဏ်ကြောင့် နအဖစစ်သား ၄ ဦးပွဲချင်း ပြီး ကျဆုံးခဲ့သည်၊ ဘုရားသုံးဆူမြို့ ဆေးရုံသို့ သို့ပို့ ဆောင်လာသော ဒဏ်ရာရသူ စစ်သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ယင်းဒဏ်ရာရသူ များအား အကူအညီပေး ထမ်းပို့လာသူများက ဆိုပါသည်။

အဆိုပါတိုက်ပွဲဖြစ်သည့်နေရာမှာ ဘုရားသုံးဆူမြို့မှ အနောက်မြောက်ဖက် ၁၁ မိုင်ခန့်ရှိပြီး သံဖြူဇရပ်မြို့သို့သွားရာ မော်တော်ကားလမ်းဖြစ်သည်။ မိုးတွင်း၌ မော်တော်ကားများ မသွားနိုင်ပေ။

၎င်းစစ်ကြောင်းသည် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မိုးမင်းသိမ်းဦးစီးသည့် ခမရ ၃၅၆ ၊ စစ်ကြောင်း ၁ ဖြစ်ပြီး မိုင်းဒဏ် မခံရစဉ်တွင် စစ်သားစုစုပေါင်း အင်အား ၅၀ မပြည့်ဟု အနန်းကွင်းဖက်မှ တက်လာသူ လမ်းပြတစ်ဦးက ပြောပြ ပါသည်။

ယင်းမိုင်းပေါက်ကွဲမှုမှာ KNU တပ်မဟာ ၆ ၏ ရှေ့ထွက်မိုင်း M 18 A1 APERS MINE လက်ချက်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်သူများ ပြောကြားကြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အထွက် မဲ့ကသာရွာဖက်သို့အသွား DKBA ဂိတ် စခန်းတစ်ခုအနီး ပေါက်ကွဲမှု နှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ရာ ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ ဒုရင်းမှူး ထိုနေရာကို မရောက်မီ မိနစ်ပိုင်းအလိုတွင် ဖြစ်သည်။

တပ်မဟာ ၆ သို့ဧရိယာအတွင်း KNU နှင့် DKBA တပ်ဖွဲ့ဝင်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ကို မတွေ့ရှိရ သေးပါ။
DKBA ဝင်ရောက် စခန်းချရာနောက်သို့ နအဖတပ်ဖွဲ့များ မသိမသာဝင်ရောက် လာနေသည်။ နအဖတပ်များကို KNU မှ အမြဲမပြတ်စောင့်ကြည့်၍ ပျောက်ကြားတိုက်ခိုက်သွားမည်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။
သတင်းထပ်မံပြင်ဆင်ဖြည့်စွက်ချက်(အချိန်- ၁၁ နာရီ၊ စက်တင်ဘာ- ၁၄)

ယခုဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းနှင့်ပတ်သက်၍ အချက်အလက်အချို့လွဲမှားမှုရှိခဲ့သဖြင့် အနီးစပ်ဆုံးမှန်ကန်မှုကို ထပ်မံဖြည့်စွက်ပါသည်။ ။ အယ်ဒီတာ

မိုင်းဒဏ်ခံလိုက်ရသော ယခုစစ်ကြောင်းမှာ ခမရ ၃၅၆ စစ်ကြောင်း ၂ ၊ ဒုရင်းမှူးဗိုလ်မှူး အောင်မိုးမြင့်ဖြစ်သည်ဟု ပြင်ဆင်ဖတ်ရှုပါရန်။ မိုးမင်းသိမ်းမှာ တပ်ခွဲ ၁ ခွဲမှူးဗိုလ်ကြီးတစ်ဦးဖြစ်သည်။

ခမရ ၃၅၆ စစ်ကြောင်း ၁ ၊တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး အောင်မိုးဟိန်းဖြစ်ပြီး အနန်းကွင်းစစ်ဗျူဟာအနီး လွှတ်ရှမ်း၌ အခြေပြုလျှက်ရှိသည် သိရသည်။

နောက်ဆုံးအတည်ပြုချက်များအရ ယင်းမိုင်းပေါက်ကွဲမှုကြောင့် ခမရ ၃၅၆ တွင်ပါရှိလာသော အင်အား ၄၈ ဦး အနက် ၅ ယောက်သေ၊ ၃ ယောက်ဒဏ်ရာစိုးရိမ်ရ၊ ၆ ယောက်ဒဏ်ရာမစိုးရိမ်ရ၊ အခြားထိရှဒဏ်ရာအနည်းငယ် ၉ ယောက်ရှိပြီး ဘုရားသုံးဆူမြို့ ဆေးရုံသို့ မပို့ပါ။

No comments:

Post a Comment