ondragstart="return false" onselectstart="return false"

Tuesday, September 1, 2009

ကိုးကန့်ပြဿနာ တခြားအပစ်ရပ်ဒေသအတွင်း ကယက်ရိုက်

တနင်္လာနေ့၊ 31 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့်အပတ်က ကိုးကန့်ဒေသအတွင်း စစ်အစိုးရအင်အားသုံး ၀င်ရောက်သိမ်းပိုက်ချိန်မှစ၍ ယနေ့အထိ သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားဒေသ နှင့် တောင်ပိုင်းပိုင်း ၀ တပ်ဖွဲ့များ အတွင်းအထူး ကယက် ရိုက်ခဲ့ကြောင်းနယ်စပ်သတင်း ရပ်ကွက် က ပြောပါသည်။

“မိုင်းလားဒေသအတွင်း ထောက်ခံချက်မပါတဲ့ တစ်လနီးပါးလောက်ကအသစ်ရောက်လာသူ ဗမာရွေ့ပြောင်း အလုပ်သမား ၄၇၀ ယောက်ကို မိုင်းလား အာဏာပိုင်တွေဖမ်းပြီးတော့ (ကျိုင်းတုံ - မိုင်းလားကြား) တာ့ပင်း နမ့်လွေတံတားအထိ သွား သွန်ချလိုက်တယ်။ လုံခြုံရေးပိုတင်း ကြပ်လာတယ်။ မျက်နှာစိမ်းတွေသတိထားစစ်ဆေး တယ်” - ဟု မိုင်းလားဒေသခံ တဦးကပြောပြပါတယ်။

ကိုးကန့်အရေးအခင်း သတင်းကြောင့် မိမိလုံခြုံရေးအတွက် စိုးရိမ်သည့် မိုင်းလားရှိ စစ်အစိုးရဌာနဆိုင်ရာဝန်ထမ်း အချို့ ရှောင်တခင်ခွင့်ဖြင့် နေရပ်ပြန်သူ ဆယ်ဂဏန်းခန့်ရှိကြောင်း ပြောပါသည်။

ထို့အတူ တောင်ပိုင်း ၀ ဒေသတွင် မိုင်းဆတ်အခြေစိုက် စကခ (၁၄) မှူး ဗိုလ်မှူးသန်းထွန်းဦး နှင့် ၎င်း G.1 တို့ မိုင်းယွန်းရှိ ၀ တပ်မှူးအားတွေ့ဆုံဆွေးနွေးရန် သွားရောက်သ်ာလည်းအတွေ့မခံကြောင်း၊ သြဂတ်စ် ၂၇ ရက်နေ့ မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကျော်သူကလည်း ကြိုတင်သတိပေးမှုတစုံတရာမရှိဘဲ မိုင်းတုံ BP 1 ၁ ကားလမ်း အနောက်ဘက်ခြမ်းရှိ ၇-၈ နေရာကျော် ၀ တပ်စခန်းများအားလုံး ချွန်းချက်မရှိ ချက်ချင်းတပ်ရုပ်ပေးရန် သတိပေးလိုက်ကြောင်း ပြောပါ သည်။

“၀ တပ်တွေပြန်ဖို့မဆိုထားနဲ့ သူတို့ တောင်ပေါ် တပ်စခန်းတွေဆီတောင် အင်အား ထပ်ဖြည့် နေရာယူကြသေးတယ်။ စားနပ်ရိက္ခာပိုစုဆောင်း သိုလှောင်လာတယ်။ ကိုးကန့်ဘက်တိုက်ပွဲဖြစ်နေတုန်း မိုင်းဆတ်မြို့နယ်အတွင်းရှိ လားဟူ ပြည်သူ့ စစ်တွေ ခေါ်ပြီး အင်အားဖြည့်ခိုင်းထားတဲ့ဟာတွေတော့ ဌာနေပြန်ခိုင်းပေမယ့် ၀ အပေါ် ဆက်ဆံပုံလှုပ်ရှားမှု က ပိုတင်းမာ လာတယ်” - ဟု မိုင်းတုံ ဒေသခံတဦးက ပြောပြ၏။

တာချီလိတ် - မိုင်းဆတ် - မိုင်းတုံ - ဟွေအော့ဘက် အတက်အဆင်းပြုသည့် ၀ အဆက်အသွယ် အရပ်ကားများ၊ ၀ တပ်ဖွဲ့ ပိုင်ကားများအား နအဖဒေသခံတပ်လမ်းကင်းစခန်းများက ပိုမိုကြပ်မတ် စစ်ဆေးရှာဖွေလာကြောင်း၊ မိုင်းဆတ် ၀မ့်ဟုန့်ရှိ ၀ ဓါတ်ဆီဆိုင် ကုန်စုံဆိုင်လည်း ပိတ်လိုက်ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းများအရ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွင်းရှိငွေရေးကြေးရေး ပြည့်စုံသော မိသားစု ၁၀၀ နီးပါး ကျိုင်းတုံ၊ တာချီလိတ်ဘက်သော်လည်းကောင်း၊ တရုပ်ပြည်တွင်းသို့သော် လည်းကောင်း ရွေ့ပြောင်း နေကြပြီဖြစ်ကြောင်း၊ ထို့အတူ တရုပ်ပြည်ဘက်ခြမ်း နယ်ခြားမျဉ်းတလျှောက်တွင်လည်း တရုပ်စစ်တပ်ရာနှင့်ချီ ဖြည့်တင်း နေရာယူလာကြောင်း အပစ်ရပ် အသိုင်းအ၀ိုင်းက ပြောပါသည်။

No comments:

Post a Comment