ondragstart="return false" onselectstart="return false"

Saturday, September 19, 2009

ဆန်ဈေးတက်၍ ပညာရေးဝန်ထမ်းများ စိတ်ဓါတ်ကျ

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းဆရာ၊ ဆရာမ တွေရဲ့ ဘ၀ဟာ မလွယ်ပါလားနော်...မင်းတို့  ရဲ့လစာဟာ စစ်အာဏာရှင်ဗိုလ်ချူပ်တွေ၊ တပ်မှူးတွေ ရဲ့သားသမီးတွေ နိုက်ကလပ်တွေမှာ တနာရီ ဖြုန်းစာ လောက်တောင်မရှိဘူး....ဒီနအဖ စစ်တပ် တိုင်းပြည်ကို အုပ်ချူပ်နေသ၍ တိုင်းပြည်ကတော့ အဖတ်ဆယ်လိုံ့ ရမှာ မဟုတ်ပါ...တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆို ပြီးသူတို့ အော်နေဒါတွေကိုနားထောင်ရဒါနဲ့  ယှဉ်ရင်...တောင်ယာဟောင်းတွေမှာ အော်နေတဲ့ ပုစဉ်းရင်ကွဲ ကောင်တွေရဲ့အသံက ပိုပြီးနားဝင်ချိုပါသည်...

မော်တခဲ/ စက်တင်ဘ ၁၉၊ ၂၀၀၉

ဆန်ဈေးတက်သောကြောင့် ကျောင်းဆရာ၊မများ ဆန်မ၀ယ်စားနိုင်ကြ၍ ၀န်ထမ်းလုပ်ရသည်ကို စိတ်ဓါတ်ကျနေကြရသည်ဟု ကရင်နီပြည်နယ်မှ ပညာရေးဝန်ထမ်းတဦးက ပြောသည်။
“ကျောင်းသားတွေကို စေတနာ ရှိပေမဲ့ မလောက်မငတ်လို့ စိတ်ညစ်ရတယ်” ဟု ၎င်းဝန်းထမ်းက ပြောသည်။
ကျောင်းဆရာ၏ အမြင့်ဆုံး လစာမှာ ၄၀၀၀၀ ကျပ်ရှိပြီး လခထုတ်သည့်နေ့တွင် အထက်အရာရှိများ၏ ပွဲလမ်းသဘင်သော်လည်းကောင်း၊ အခမ်းအနားတခုခု၏ ကျင်းပစရိတ်ကိုသော်လည်းကောင်း၊ ကျောင်းစစ်ဆေးရေးဝင်သော်လည်းကောင်း ကျွေးရမွေးရသည်နှင့် လစာအဖြတ်ခံရသည်မှာ လုံးပါးပါး နေကြရသည်ဟု ပညာရေးဝန်ထမ်း မိသားစုဝင်တဦးက ပြောသည်။
၎င်းက “ဟိုဖြတ်ဒီဖြတ်နဲ့ ဆန်တောင် ၀ယ်စားဖို့ မလောက်ဘူး” ဟု ပြောသွားသည်။

ပညာရေးဝန်ထမ်း ဖြစ်သော မိဘများ၏ ၀င်ငွေမှာ မစားလောက်သောကြောင့် သားသမီးများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုအောင်မြင်သောအခါ တက္ကသိုလ်ဆက်လက်ပြီး ပညာဆည်းပူးရန် မတတ်နိုင်တော့၍ ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ကြမ်းများ လုပ်ကိုင်ကြရသည်ဟု အဝေးသင်တက္ကသိုလ် ပထမနှစ် ပြီးဆုံးသွားသော ကျောင်းသားတဦးက ပြောသည်။
ယခုနှစ်များတွင် မိုးခေါင်ရေရှားသည့်အပြင် ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်အောင် ဆန်ပွဲစားများကလည်း လိုက်လံရှာဝယ် စုဆောင်းသောကြောင့် ယခင်က ဆန်တအိတ်လျှင် ၁၄၀၀၀ ကျပ်မှ ယခု ၁၈၀၀၀ ကျပ်သို့ တက်ရခြင်း ဖြစ်သောကြောင့် ၀န်ထမ်းများနှင့် ဒေသခံများ ဆန်ဝယ်စားရန် မတတ်နိုင်ရခြင်း ဖြစ်သည်ဟု ကရင်နီပြည်ရှိ ဆန်စက်ရုံတရုံမှ ၀န်ထမ်းတဦးက ပြောပြပါသည်။
ကန္တရ၀တီတိုင်းမှကူးယူသည်။

No comments:

Post a Comment