ondragstart="return false" onselectstart="return false"

Monday, September 14, 2009

ကရင်လူထု ၇,၀၀၀ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံနေရ

သောင်းကျန်းသူ အဖျက်သမား နအဖ စစ်တပ် တွေ တိုင်းပြည်ကို အုပ်ချူပ်နေသ၍ ငါတို့ ကရင်လူမျိုးတွေ ဒီအဖြစ်ဆိုးတွေနဲ့ တော့ လွတ်အုံးမှာ မဟုတ်သေးဘူး.....ကရင်အမျိုးသားအပေါင်းတို့  .....စည်းလုံးညီညွတ်ကြ....ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကို ၀ိုင်းရံအားပေးကြ....ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အတူ လက်တွဲပြီး....သောင်းကျန်းသူ..အဖျက်သမား...နအဖ..စစ်တပ်...မုဒိန်းကောင်တွေကို...အပြတ်ချေမုန်းကြ...

စက်တင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ဘူးသိုနှင့် လူသောမြို့နယ်အတွင်းရှိ ကရင်လူထု ၇,၀၀၀ကျော်သည် ၂၀၀၉ခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

အဆိုပါ ကရင်လူထုများသည် ၎င်းတို့အခြေချရာ နေရပ်ရင်းများ၌ စစ်အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကြောင့် နီးစပ်ရာ တောတွင်းသို့ မကြာခဏ ပုန်းရှောင်ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ နေရာအတည်တကျ မရှိဘဲ မိသားစုဝမ်းစာ တောင်ယာစပါးများနှင့် ကောက်ပဲသီးနှံများ မစိုက်ပျိုးနိုင်ခြင်းအပြင် စိုက်ခင်းတွင် ပိုးကျခြင်းများကြောင့် ယခုလို ရိက္ခာပြတ်လပ်မှု ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ် သည်။

“စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်တာတော့ ပြီးခဲ့တဲ့နှစ်မှာ ရှိတော့ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုများလာတယ်။ ဒီဒေသက လူထု တွေဟာ နအဖ စစ်တပ်ကို အတွေ့မခံရဲကြတဲ့သူတွေ။ စစ်တပ်က သူတို့ရွာကို ရောက်လာရင် သူတို့က ရှောင်နေလိုက်တယ်။ စစ် တပ်က စခန်းအခြေကျလို့ မပြောင်းတော့ သူတို့လည်း နေရပ်ပြန်မရတော့ဘူး။ တခါ စစ်တပ်က လှုပ်ရှားမှု ထပ်တိုးရင် သူတို့က တခြားနေရာကို ထပ်ရွှေ့။ ဒီလိုနဲ့ပဲ တောင်ယာတွေ၊ လယ်တွေကို ဖြစ်သလိုလုပ်ရတော့ စပါးက ထင်သလောက်မစားရဘူး။ နောက် စပါးပိုးကျလိုက်၊ ကြွက်ကျလိုက်နဲ့ စားနပ်ရိက္ခာက ပြတ်လပ်လာပြီး အခုနှစ်ဆို ငတ်လာရတဲ့ အခြေအနေထိ ဖြစ်လာတယ်”ဟု ကေ အဲန်ယူ ဖာပွန်ခရိုင် အတွင်းရေးမှူး ပဒိုစောထူးလယ်ဝါးက ကေအိုင်စီကို ပြောသည်။

ထိုဒေသရှိ စပါးခင်းများတွင် ကြွက်ကျမှုများမှာ နှစ်စဉ် အနည်းနှင့် အများဖြစ်တတ်သော်လည်း ကြွက်များကို ထောင်ချောက်သုံးကာ ဖျက်ဆီးသတ်ဖြတ်သော်လည်း အကောင်သေးသည့်အတွက် ထိရောက်မှုမရှိဘဲ အချို့လူထုမှာ ကြွက်သတ်ဆေးများ ကူညီပေးရန် တောင်းဆိုလာသည်အထိ စိုက်ပျိုးရေးမှာ ဆိုးရွားလာသည်ဟု သိရသည်။

“ကြွက်တွေဟာ အကောင်သေးလွန်းတော့ ထောင်ချောက်ကို တက်နင်းမိလည်း ထောင်ချောက်မထိဘူးလေ။ အဲဒီတော့ ရွာသားတွေ က ကြွက်သတ်ဆေးနဲ့ သတ်ဖို့ စဉ်းစားလာကြတယ်။ ကျနော်တို့အနေနဲ့က ကြွက်သတ်ဆေးဟာ လူတွေအတွက်လည်း အန္တရာယ် ရှိတော့ စီစဉ်ပေးဖို့ ခက်နေတယ်”ဟု စောထူးလယ်ဝါးက ဆိုသည်။

ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (စီအိုင်ဒီကေပီ)၏ အတွင်းရေးမှူး စောစတိဗ်ကလည်း “လူထုတွေ ဒုက္ခ ရောက်တာတော့ အမှန်ပဲ။ အရင်က တရက်ဆိုရင် ဆန်ပြုတ်နှစ်ခါ သောက်ရမယ့်အစား အခုတခါလောက်ပဲ သောက်ရတာတော့ ရှိတယ်။ ဒါပေမယ့် ငတ်တဲ့အဆင့်လောက်တော့ မရှိသေးဘူးပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့အဖွဲ့တွေ တတ်နိုင်သလောက် သူတို့ကို သွားရောက်ကူညီပေးမှုတွေ ရှိတယ်။ နောက် သူတို့အချင်းချင်းကလည်း ရှိတဲ့ဆန်နဲ့ အခြားစားစရာကို မလောက်မငှ ခွဲဝေ စားသောက်ကြရတယ်”ဟု ပြောသည်။

စီအိုင်ဒီကေပီအနေဖြင့် ယခု စားနပ်ရိက္ခာပြဿနာနှင့် ရင်ဆိုင်နေသော ဘူးသိုနှင့် လူသောမြို့နယ်မှ ဒုက္ခရောက် ကရင်ပြည်သူများ အတွက် နိုင်ငံတကာရောက် ကရင်များနှင့် အခြားလူသားစာနာထောက်ထားသည့် နိုင်ငံတကာမှ အဖွဲ့အစည်းများထံ တင်ပြတောင်း ဆိုကာ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း စောစတိဗ်က ဆက်ပြောသည်။

ဖာပွန်ခရိုင်ရှိ ဘူးသိုနှင့် လူသောမြို့နယ်တွင် ရွာပေါင်း ၂၆၄ရွာရှိပြီး လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ အဆိုပါဒေသရှိ ကွင်းနယ်မြေဒေသ ရှိ လူထုများ နေထိုင်ရာသို့ နအဖ စစ်တပ်များ ၀င်ရောက်နေရာယူသည့်အတွက် ပြည်သူများ ကစဥ့်ကလျားဖြစ်ကာ ယခုအချိန်ထိ အတည်တကျ နေထိုင်နိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းနေထိုင်နေရသည်။

လက်ရှိအချိန်တွင် ဘူးသိုမြို့နယ်၌ ဖာပွန်စခန်းထိုင် နအဖ တပ်ရင်း (၆)ရင်းနှင့် လူသောမြို့နယ်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၃) နည်း ဗျူဟာ အမှတ်(၁)နှင့် (၃) လက်အောက်ခံ တပ်ရင်း (၈)ရင်းတို့ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

No comments:

Post a Comment