ondragstart="return false" onselectstart="return false"

Thursday, September 24, 2009

သွေးသံရဲရဲ ဓါတ်ရိုက် ဓါတ်ဆင် အနီရောင် ၅၀၀၀ ကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေခြင်း

တိုင်းပြည်ရဲ့ကျပ်တည်းနေတဲ့ စီးပွားရေးပြသနာများကို ဖြေရှင်းရန်အတွက် ငွေစက္ကူသစ်ရိုက်ထုတ်ခြင်း ဖြင့်ဖြေရှင်းသည့်နည်းလမ်း တစ်ခုကိုသာနားလည်တဲ့ နအဖ ရဲ့စီးပွားရေးပေါ်လစီမူဝါဒ တွေကို အံ့သြံ့စွာ နောက်တစ်ခုထပ်တွေ့ ရပြန်ပြီ။ ဗမာပြည်မှာ ငွေကြေးတွေဖောင်းပွပြီး ကုန်ဈေးနှူန်းတွေ အရင်ကထက် အဆမတန် ထိုးတက်တော့မည်ဖြစ်ကြောင်း ဆိုဒါကို မကြာခင်တွေ့ မြင်ကြရတော့မှာဖြစ်ပါသည်။ ဒါတွေကို ပြည်သူတွေချည်းပဲ ခံစားကြရမှာ မဟုတ် ဒီငွေဖေါင်းပွမှူ အကျိုးဆက်ကို သူတို့ စစ်မိသားစုပါ ကိုယ်တိုင်ခံစား ကြရမည်ဖြစ်သည်။ ယေဘုယျ အားဖြင့် သုံးသပ်ကြည့်မယ်ဆိုရင် တိုင်းပြည်ကိုယ်မင်းလုပ်အုပ်ချူပ်နေတဲ့ စစ်အစိုးရ ရဲ့ စီးပွားရေး ဦးနှောက်ဟာ ဖြုတ်ဦးနှောက်သာသာ လောက်သာ ရှိကြောင်းသုံးသပ်မိပါသည်။

စာဖတ်ပရိတ်သတ်များခင်ဗျား

ပြည်တွင်းရှိ စစ်ဖက်နီးစပ်သူများက နအဖမှ ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ စ၍ ၅၀၀၀ ကျပ်တန် ထုတ်ဝေမည်ဖြစ်ကြောင်း ဒီကနေ့ည သတင်းကြေညာချက်အား ပေးပို့ လာပါတယ်။ အခုလို ပေးပို့လာတဲ့အတွက် စစ်ဖက်နီးစပ်သူများအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါတယ်။
၅၀၀၀ ကျပ်တန် ငွေစက္ကူသစ် အရွယ်အစားမှာ အလျား (၁၅) စင်တီမီတာ အနံ (၇) စင်တီမီ


ီတာ ဖြစ်ပြီး ပေါ်လွင်သည့် အရောင်မှာ အနီရောင် ဖြစ်ပါတယ်။ မျက်နှာဖက် ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတမ်းကို ရိုက်နှိပ်ထားပါတယ်။ အလယ်ပိုင်းတွင် ဆင်ဖြူတော်ပုံနှင့် ငွေစက္ကူတန်ဘိုး ၅၀၀၀ ကျပ်တို့ကို ဖော်ပြထားပါတယ်။ အောက်ခြေတွင် ကနုတ်ပန်းများ ရိုက်နှိပ်ထားပါတယ်။ ထောင့်(၃) ထောင့်တွင် ငွေစက္ကူရဲ့ တန်ဘိုးကို ဂဏန်းဖြင့် ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူနံပါတ်ကို အင်္ဂလိပ် - မြန်မာ (၂) မျိုး ရိုက်နှိပ်ထားပါတယ်။ လက်ယာဘက်ပိုင်းတွင် ဆင်ဖြူတော်ပုံ “ရေစာ” ပါရှိပြီး လုံခြုံရေး ကြိုးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။
ကျောဘက်ထိပ်ပိုင်းတွင် Central Bank of Myanmar ရိုက်နှိပ်ထားပြီး အောက်ခြေတွင် အင်္ဂလိပ်လို 5000 Kyat ရိုက်နှိပ်ထားပါတယ်။ အလယ်ပိုင်းတွင် လွှတ်တော်အဆောက်အအုံပုံတွေကို ရိုက်နှိပ်ထားပါတယ်။ ထောင့် (၃) ထောင့်တွင် ငွေစက္ကူ၏ တန်ဘိုးကို ဂဏန်းများနှင့် ရိုက်နှိပ်ထားပါတယ်။

လက်ရှိ ငွေကြေးစက္ကူများကိုတော့ တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း သိရှိရပါတယ်။
ပြည်သူလူထုက ငြီးတွားနေကြသည်မှာ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဘိုးဟာ ကျဆင်းလာပြီ ဖြစ်ကြောင်း ငွေစက္ကူဟာ စက္ကူစုတ်သဖွယ် သဘောထားလာပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံပါရှိသော ငွေစက္ကူနှင့် နှိုင်းယှဉ်ရင် အဆင့်အတန်း အရည်အသွေး အဆမတန် ကွာခြားကြောင်း၊ နိုင်ငံတကာက သူတို့ရဲ့ အမျိုးသားခေါင်းဆောင်တွေကို အထွဋ်အမြတ်ထားကာ ငွေစက္ကူထုတ်ကြပေမဲ့ စစ်အာဏာရှင်တွေကတော့ ဗိုလ်ချုပ် အောင်ဆန်းကို ဒေါ်အောင်ဆန်းစုကြည်အား နှိမ်ချင်လို့ ငွေစက္ကူတွေမှာ ဖော်ပြခွင့် မပေးတော့ကြောင်း၊ ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အရောင်းအ၀ယ်လုပ်ရင် ငွေစက္ကူများကို ဂုန်နီအိတ်နှင့် ထုပ်ပြီး ရှင်းရတာ အမောဆို့မတတ် ဖြစ်နေရကြောင်း၊ ပိုက်ဆံအကြွေ ကျပ်တန်အငယ်စားများမှာ အလုအယက် ရှာဖွေသိမ်းဆည်း နေရကြောင်း၊ ယခုပိုက်ဆံ ၅၀၀၀ ကျပ်တန် ထုတ်မဲ့ သတင်းကြောင့် ဆန်ဈေး၊ ဆီဈေးများ ခုန်တက်မှာကို စိုးရိမ်နေကြကြောင်း စသဖြင့် ရန်ကုန်ကနေ သတင်းပေးပို့လာပါတယ်။ ဒါ့အပြင် ငွေစက္ကူရဲ့  အရောင်ကို အနီရောင် အသုံးပြုထားတာဟာ ဒေါ်ကြိုင်ကြိုင်ရဲ့  အစီအမံ ယတြာဖြစ်ကြောင်းနဲ့ သွေးသံရဲရဲဖြစ်ခဲ့ရတဲ့ စက်တင်ဘာ တော်လှန်ရေးလိုမျိုး နောက်ထပ်မဖြစ်ပွါးနိုင်ရန် ယခုလို အချိန်မှာ ထုတ်ဝေခြင်း ဖြစ်ပါကြောင်း၊ စက်တင်ဘာ ၂၆၊ ၂၇ အမှီ ကြိုတင် ကြေငြာခြင်း ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျား။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment