ondragstart="return false" onselectstart="return false"

Wednesday, September 16, 2009

ကရင်နီခရိုင် ၂ မှ ရွာသားများ စစ်မြေပြင်တွင် လမ်းပြအဖြစ် ပုံမှန်အသုံးပြုခံနေရ

နှောင်းလှိုင်/ စက်တင်ဘာ ၁၆၊ ၂၀၀၉

ကရင်နီပြည် အမှတ် ၂ ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်တို့သည် စစ်အစိုးရတပ်မှ ရှေ့တန်းစစ်မြေပြင်တွင် လမ်းပြအဖြစ် အသုံးပြုနေသည့်အတွက် ရွာသားများ နေအိမ်မှ မကြာခဏ ထွက်ပြေးပုန်းရှောင်နေရသည်။
စစ်တပ်မှ ရွာထဲသို့ ဝင်လာပါက ရွာထဲတွင် ကျောင်းတက်နေသော ကလေးငယ်များနှင့် အဖိုးအို၊ အဖွားအိုများသာ ကျန်ရှိပြီး လူရွယ် ကောင်းများ အားလုံးမှာ စစ်တပ်များ ရွာထဲမှ မပြန်မချင်း တောထဲတွင် ပုန်းအောင်းနေကြရသည်ဟု တောတွင်း၌ ထွက်ပြေးပုန်းအောင်း နေသော အမျိုးသမီးတဦးက ပြောသည်။
“လာရင် ပုံမှန်ပြေးရတယ်။ မပြေးရင် ပေါ်တာခေါ်တယ်။ သူတို့ ၂ ပတ်တခါ တလတခါ လာတယ်။ အခုလည်း သတင်းကြားရတယ်။ စစ်တပ်က စပါးကို လာဖျက်မယ်” ဟု အမှတ် ၂ ခရိုင်အတွင်းရှိ ဂီလိုရွာမှ အမျိုးသမီးတဦးက ပြောသွားသည်။

“သူတို့က များသော အားဖြင့်က ရွာထဲကို ရောက်တယ်ဆိုရင် ရွာသားကို လမ်းပြအဖြစ် ခေါ်တယ်။ နောက်လမ်းပြ ပြောလို့ ရတယ်။ တချို့က လမ်းပြဖြင့် ခေါ်ပြီးမှ သူတို့အတွက် ကမ္ဘာ တခုလို သူတို့ သုံးတာပေါ့။ အကယ်၍ ရွာသားနဲ့ ပေါင်းပြီး သွားတယ်ဆိုရင် ကျနော်တို့ ကရင်နီတွေက သူ့ကို အရမ်းမလုပ်ရဲဘူးဆိုတာ သူတို့ သိတယ်လေ။ ခေါ်တဲ့ လူတိုင်းဆိုရင် သူတို့ လမ်းပြအနေနဲ့ ခေါ်တယ်။ ဒါမဲ့ သူတို့ ပို့တဲ့ လမ်းက တိုက်ပွဲ မဖြစ်ရဘူး။ တိုက်ပွဲ တစုံတရာဖြစ်ရင် အဲလူကို အရေးယူတယ်” ဟု အမှတ် ၂ ခရိုင်တွင် ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေသော ဦးဖားမူးက ပြောပါသည်။
အမှတ် ၂ ခရိုင်အတွင်းရှိ ဂူဂေါ်ဘေါ်၊ ကော်တူတိုး၊ ထိုဒိုလေးခို၊ လေလော်ထီး၊ လော်ခါးလို ၅ ရွာတို့သည် မော်ချီးအနီး ပတ်ဝန်းကျင်တွင် ရှိပြီး ပုန်းရှောင်ရန်နေရာ မရှိသည့်အတွက် သူတို့သည် လမ်းပြအနေဖြင့် အခေါ်မခံရသော်လည်း စခန်းသန့်ရှင်းရေး၊ ကားလမ်း သန့်ရှင်းရေး၊ စခန်းအတွက် လိုအပ်သည့် သစ်ဝါးများ ခုတ်ပေးခြင်းများ ပြုလုပ်ပေးနေရသည်ဟု ဆိုသည်။
၂၀၀၄- ၂၀၀၅ ခုနှစ် တပ်မ ၅၅ လှုပ်ရှားသည့် အချိန်တွင် ရွာသားများ တပတ်တကြိမ် ပုံမှန် ထွက်ပြေးပုန်းရှောင်နေကြရသည်။ အမှတ်၂ ခရိုင်သည် ကရင်နီပြည် ဖာဆောင်းမြို့နယ်ဖက်တွင် တည်ရှိသည်။

No comments:

Post a Comment