ondragstart="return false" onselectstart="return false"

Tuesday, September 15, 2009

တောင်ပိုင်း “၀” တပ်ဖွဲ့မိသားစု ၃၀၀ ကျော် ထိုင်းမြန်မာနယ်စပ် အနီးရွှေ့ပြောင်းလာ

စစ်ရေးပြင်ဆင်ထား ညီနောင် "o" တို့ ရေ.....ဒီအမျိုးတွေကို ဘယ်သောအခါမှယုံစားလို့  မရပါ....သမိုင်းကြောင်းတွေကို ပြန်လှန်ပြီးလေ့လာလိုက်ကြပါ....သစ္စာမဲ့ ကတိမတည်တဲ့ကောင်တွေ...လူပေါ်လူဇော်လုပ်ချင်တဲ့ကောင်တွေ...ဘယ်သောအခါမှ ဦးမညွတ်နဲံ့ ...စစ်တိုက်၍သေဒါ....ဒီကောင်တွေရဲ့ကျွန်ဖြစ်ရဒါထက်မြတ်တယ်.....ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်စောက်ရှောက်ကြ....မင်းတို့ ချစ်ပါတယ်...မင်းတို့ ဒေသဖွံ့ ဖြိုးအောင်လုပ်မယ်ဆိုတဲ့ သူတို့ ရဲစကားတွေ သွားယုံရင်တော...လူယုတ်မာတွေ တော်ဒါမဟုတ်ဘူး...မင်းတို့ ညံ့ဒါ.....

ဇော်ကြီး။
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့် ၀ တပ်ဖွဲ့တို့ နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာမှုအပေါ် တိုက်ပွဲများ ဖြစ်ပွား မည်ကို စိုးရိမ်သဖြင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ၀ တောင်ပိုင်း စခန်းသို့ ၀ အိမ်ထောင်စု သုံးရာကျော် ရွှေပြောင်း လာသည်။

ထိုင်းမြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် BP-1 ခေါ် နောင်အုတ်ဂိတ်နှင့် မျက်နှာချင်းဆိုင်ရှိ ၀ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် UWSA တောင်ပိုင်းတပ်စခန်းတခုသို့ ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

“မိန်းနရဲ့တဖက်ကမ်းက နောင်ဟွိုင်လို့ပြောတဲ့ စခန်းမှာ စစ်ပြေးဒုက္ခသည်စခန်းလိုမျိုး လုပ်ထား တယ် ။ အိမ်ထောင်စု ၃၀၀ ကျော်လောက်ရှိတယ်။”

စက်တင်ဘာလ ၉ ရက်နေ့က တောင်ပိုင်း“၀”တပ်ဖွဲ့မှ တပ်မှူးများအစည်းအဝေးကျင်းပ ပြီးနောက် “၀” ကျေးရွာ သားများအား ယခုလိုနယ်စပ်နှင့်နီးသည့်ဒေသသို့ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။

ရွှေ့ပြောင်းလာသူအများစုမှာ အသက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးများသာပါဝင်ပြီး လူငယ်လူလတ်ပိုင်းနှင့် တပ်သားဟောင်းများအား “၀”တပ်ဖွဲ့မှ လက်နက် တပ်ဆင်ပေးကာ စစ်မှုထမ်းခိုင်းထားသည် ဟု အဆိုပါနီးစပ် သူက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လက ကိုးကန့်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည့် မြန်မာစစ်အစိုးရ တပ်များသည် UWSA နယ်မြေအတွင်းခေတ္တနားမည်ဟု ဆိုကာ တပ်ချထားရာမှ ပြန်လည် ထွက်ခွာခြင်းမရှိဘဲ တပ်အင်အားများ ပို မိုတိုးချဲ့လာမှုကြောင့် “၀” တပ်မတော်ဖက်ကလည်း စစ်ရေးအရ ပြင်ဆင်မှု များ ပိုမို ပြုလုပ်ခဲ့သည်။

ထိုသို့ နှစ်ဖက်တပ်များပြင်ဆင်လာမှုအပေါ် တိုက်ပွဲများဖြစ်ပွားလာမည်စိုးရိမ်၍ အရပ်သားများအား ဘေးကင်းရာ သို့ ပြောင်းရွှေ့ရန် UWSA တောင်ပိုင်းတပ်ဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ၌လည်း လွန်ခဲ့သည့်လက စစ်အစိုးရ ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး အရပ်သားများ တရုတ်မြန်မာနယ်စပ် သို့ ထွက်ပြေးလာခဲ့သည်။

တပ်မဟာ ၁၇၁ စစ်ဒေသ လက်အောက်ရှိ တောင်ပိုင်း“၀”တပ်ဖွဲ့များအား ဝေလျှောက်ကန်း မှ ဦးဆောင်ထားပြီး ဌာနချုပ်အား BP-1 အနောက်ဖက်ခြမ်းရှိ မိုင်းကျွတ်မြို့တွင် အခြေစိုက်ထားသည်။

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စကို အခြေခံ၍ ကိုးကန့်တပ်ဖွဲ့အား စစ်ရေးနည်းအရ ဖြေ ရှင်းခဲ့မှုအပေါ် ကျန်အပစ်ရပ်အဖွဲ့များကလည်း စိုးရိမ်မှုဖြစ်ပေါ်ပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည် ဟု စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
Networkmedia group သတင်းမှကူးယူသည်

No comments:

Post a Comment