ondragstart="return false" onselectstart="return false"

Wednesday, September 2, 2009

ဘုရားသုံးဆူ ဒေသတွင်း KNU နှင့် DKBA တင်းမာမှုဖြစ်

RFA
KNU တပ်မဟာ ၆ ထိန်းချပ်ြထားရာ နယ်မြေဖြစ်တဲ့ မရန်ပြည်နယ် ဘုရားသုံးဆူနားက မဲကသာရွာအတွင်းကို DKBA တပ်ရင်း ၉၀၇ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင်တဲ့ တပ်တွေက သြဂုတ်လ ၃၀ ရက်နေ့ ည၁၀နာရီလောက်မှာ ဝင်ရောက် တပ်စွဲလိုက်တာကြောင့် KNU နဲ့ DKBA ကြား စစ်ရေးအရ တင်းမာမှု့တွေ ရှိနေတယ်လို့ သိရပါတယ်။
DKBA ဒုဗိုလ်မှူးကြီး စောနော်တယာရဲ့ တပ်တွေဟာ စစ်စခန်းဆောက်လုပ်ဖို့နဲ့ ခံတုတ်ကျင်းတွေ ဆောက်လုပ်ဖို့ စက်တင်ဘာ ၁ ရက် နေ့လည်မှာ ရွာသူရွာသားတွေကို လုပ်အားပေး ဆင့်ခေါ်ခဲ့ကြောင်း သိရပါတယ်။

DKBA တပ်တွေ KNUနယ်မြေထဲကို ဝင်လာတယ်ဆိုပေမဲ့ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို ဖြစ်မဲ့ စစ်ပွဲမျိုးကို ရှောင်ရှားလိုတာကြောင့် မဲကသာရွာထဲကို ဝင်ခွင့်ပြုခဲ့ကြောင်း KNUတပ်မဟာ ၆ က ဗိုလ်ကြီးထွဲနေက RFA ကို ပြောပါတယ်။
ဗိုလ်ကြီးထွဲနေ။ ။ “ဒီ DKBA တပ်ရင်း အမှတ် ၉၀၇ ဗိုလ်မှူး စောနော်တယာ သူ့ စစ်ကြောင်းက လူအင်အား ၄၀ သူတို့က ပထမက ခွင့်တောင်းတာက သူတို့ တချက်လောက် မဲကသာကို ရောက်အောင် သွားမယ်တဲ့။ အထက်ကညွန်ကြားချက် ဖြစ်လို့ အဲဒါ ကျွန်တော်တို့က ဒီ ကရင်အချင်းချင်း ဖြစ်တော့ ထိပ်တိုက်မှု့ပြသနာ မဖြစ်အောင် အဲဒီမှာ ကျွန်တော်တို့ လူတွေ အကုန်လုံး ပြန်ဆွဲနှုတ်ပြီးတော့ အဲဒါ ဟိုဒင်း ခွင့်ပြုတယ်ပေါ့။ ဒီ မဲကသာ ရောက်တော့ မနက်ထဲက သူပြန်မထွက်ပဲနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီ အချိန်မှာ မဲကသာ ရွာသူရွာသားများကို ဒီ လုပ်အားပေးတွေ တောင်းတယ်ပေါ့။ အခု သူ မဲကသာရဲ့ အရှေ့ဖက် တောင်ကုန်းကို ကတုတ်ကျင်းတွေ တူးတယ်။ ရွာနဲ့ ဒီတောင်ထိပ်ကြားမှာ စခန်းတခု ပြန်ဆောက်တယ်။”
တကယ်တော့ မဲကသာရွာတဝိုက်နဲ့ မယ်ဇလီချောင်းတဝိုက် ဒေသတွေဟာ KNUရော DKBAတပ်တွေပါ ပြိုင်တူ လှုပ်ရှားနေကြတဲ့ နေရာဖြစ်ကြောင်း ဒေသခံတွေက RFAကို ပြောပါတယ်၊ ဘုရားသုံးဆူ မဲကသာရွာတဝိုက် ဒေသဟာ သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းတွေ ထူထူထပ်ထပ် ရှိတဲ့နေရာဖြစ်ကြောင်း သိရပါတယ်။
မြန်မာစစ်အစိုးရက DKBAတပ်ရဲ့ ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့ကို သစ်တန်ချိန် ၅၀၀၀ ထုတ်လုပ်ခွင့် ပေးထားတာကြောင့် ၊ သစ်တောထူထပ်တဲ့ မဲကသာဒေသကို DKBA တပ်တွေ အခုလို ဝင်သိမ်းရတာပဲ ဖြစ်ကြောင်း၊ KNUကို စစ်ရေးအရ ထိုးနှက်လာရင်တော့ KNUအနေနဲ့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ KNU တပ်မဟာ ၆ ရဲ့ ဗိုလ်ကြီးထွဲနေက ပြောဆိုပါတယ်။
ဗိုလ်ကြီးထရဲနေ။ ။ “ကျွန်တော်တို့ သတင်းရရှိတာက ဟို ဗိုလ်နှုတ်ခမ်းမွှေးကို နအဖက သစ်တန် ၅,၀၀၀ အဲဒါ ထုတ်ခွင့်ပြုတယ်။ တခြား သစ်တောမှာ သစ်တန် ၅,၀၀၀ ထွက်ရှိဖို့က မရှိတော့ဘူး။ အဲဒီမဲကသာ တောတခုပဲ ရှိတော့တယ်ဆိုတော့ အဲဒါ မဲကသာကို ခြေကုတ်ယူတယ်၊ မဲကသာကို ယူလိုက်ခြင်းအားဖြင့် လမ်းဆုံလမ်းခွလည်း ဖြစ်တယ်။ ဇုံနယ်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် KNU နယ်မြေ ကျဉ်းမြောင်းသွားအောင် ဟို KNU ကို မောင်းထုတ်တဲ့ သဘောမျိုး ဖြစ်တယ်ပေါ့။ ဒါပေမဲ့၊ ကျွန်တော်တို့ဖက်ကိုတော့ ဝင်မတိုးဖို့ လိုတယ်ပေါ့။ ဝင်တိုးလာလို့ ရှိရင်တော့ ဒါ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ တာဝန်ရှိသေးတယ်ပေါ့။”
မဲကသာရွာမှာ ရွာဟောင်းနဲ့ ရရာသစ်ရှိပြီး စုစုပေါင်းအိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။

No comments:

Post a Comment