ondragstart="return false" onselectstart="return false"

Tuesday, September 15, 2009

ဗိုလ်ချုပ်ရဲမြင့်နှင့်ဆွေးနွေးနေစဉ် ကေအိုင်အို အမြောက်ကြီးပစ်ခတ်

တနင်္လာနေ့၊ 14 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

စက်တင်ဘာ ၉ ရက်နေ့တွင် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ၄င်းတို့တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အမြောက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်ဘက် လိပ်ခဲတင်းတင်းဖြစ်နေကြသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ ဗိုလ် ချုပ်ရဲမြင့် နှင့်ဆွေးနွေးရန် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမြို့သို့ ထွက်ခွာသွားချိန်နှင့် တိုက်တိုက် ဆိုင်ဆိုင်ပင် ယခုလို အမြောက်ကြီးများ ပစ်ခတ်စမ်းသပ်လိုက်ခြင်းဖြစ်သည်။

၎င်းနေ့နံနက်ပိုင်းက ကေအိုင်အေ ဂိုဒေါင်အတွင်း၌ သိမ်းဆည်းထားသည့် အမြောက်ကြီးတစ်လက်အား စစ်တပ် စခန်းရှိရာ တောင်ကုန်းများသို့ ကားဖြင့်ယူဆောင်သွားသည်ကို မြင်တွေ့လိုက်ရသည့် မျက်မြင်ဒေသခံ တစ်ဦးက အခုလိုပြောသည်။

“ဟာဝိုင်ဇာအမြောက်လားမသိဘူး ကားပေါ်မှာမိုးကာနဲ့အုပ်ပြီး တောင်ကုန်းပေါ်မောင်းတက်သွားတာ တွေ့လိုက် တယ် သူတို့လည်း လာပြောထားတယ် လက်နက်ကြီးပစ်စမ်းမယ် အထိတ်တလှန့်မဖြစ်ကြဖို့ ” လို့သူကပြောသည် ။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ကေအိုင်အိုက လိုင်ဇာဒေသခံများအား လက်နက်ကြီးပစ်ရန် ကြိုတင် အကြောင်းကြား မှုရှိခဲ့ကြောင်း ထပ်ပြောသည်။

“ကေအိုင်အေက လိုင်ဇာမှာရှိတဲ့ ဒေသခံတွေကို ကြိုတင်ပြီးအကြောင်းကြားတယ်လေ အခုလို လက်နက်ကြီး ပစ်မဲ့အကြောင်းပေါ့ မကြောက်ကြဖို့ပေါ့ လိုင်ဇာမှာဆိုပေမဲ့ လိုင်ဇာနဲ့တော့ဝေးတယ် စစ်တပ်တွေထိုင်တဲ့ တပ်စ ခန်းမှာပစ်ခတ်မယ်ထင်တယ် အသံတော့မကြားလိုက်ရဘူး ” လို့ ဒေသခံနောက်တစ်ဦးက ပြောသည်။

ကေအိုင်အိုတပ်ဖွဲ့များအနေဖြင့် တဘက်ကဆွေးနွေးပွဲများပြုလုပ်နေသလို တဘက်ကလည်း စစ်ရေးအရ ပြင်ဆင်မှု ပြုလုပ်နေသည်ကို ယခုလုပ်ရပ်က ဖေါ်ပြနေသည်။

အလားတူ နအဖစစ်တပ်များက ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့ အနီးတ၀ိုက် နေရာများအထိ စစ်အင်အား အလုံးအရင်းဖြင့် တပ်စွဲနေရာယူမှုများရှိနေကြောင်း သိရသည်။

ယခုနောက်ဆုံး သတင်းအရ မြစ်ကြီးနားမြို့တွင် နအဖစစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်နှင့်ဆွေးနွေး ခဲ့ကြသည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ဌာနချုပ်လိုင်ဇာသို့ ယနေ့ပြန်လည်ရောက်ရှိလာကြောင်းနှင့် နှစ်ဘက် ဆွေးနွေးပွဲတွင် နအဖဘက်မှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ပြုလုပ်ရန်သာ ဇောင်းပေးပြောဆိုခဲ့ ကြောင်း သိရသည်။

ကေအိုင်အိုဘက်မှ မည်သို့ဆက်လုပ်မည်ဆိုသည်ကို စောင့်ကြည့်ကြရန်သာရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စအား လာမည့်အောက်တိုဘာလ နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်သည်။

ကေအိုင်အိုကမူ နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့စည်းရေးကို တင်ပြတောင်းဆိုထားသည်။

လတ်တလောတွင် လိုင်ဇာမြို့တွင်းအခြေအနေသည် တည်ငြိမ်မှုရှိနေသေးကြောင်း ဒေသခံများကဆိုသည်။

No comments:

Post a Comment