ondragstart="return false" onselectstart="return false"

Sunday, September 27, 2009

“စဉ်းစားချက် ( ၁ )”

အမျိုးသားပြန်လည်သင့်မြတ်ရေး(သို့) အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားဟာ အင်မတန် ပြောလို့ကောင်းတဲ့ ၊ ငြိမ်းချမ်းရေး ဆန်တဲ့ တူရူချက်ကို တိမ်းညွတ်တဲ့စကားလုံး မျိုးဖြစ်နေသလို ၊ နိုင်ငံတကာအခင်းအကျင်းမှာ ထောက်ခံမှုရစေမယ့်စကားလုံးမျိုး ဖြစ်ပါတယ် ၊၊
သို့ပေမယ့် ဗမာပြည်နဲ့ပြည်သူလူထုအတွက်ကတော့ သေသေချာချာဆန်းစစ်ကြည့်မယ်ဆိုရင်-စစ်အာဏာရူးလူတစ်စုရဲ့ တိုင်း ပြည် အချုပ်အချာအာဏာကို မတရားရယူထားဖို့နဲ့ သူတို့ရဲ့ရပ်တည်ချက် ရှည်ကြာရေးအတွက်သက်သက်သာဖြစ်တယ်ဆိုတာကို တွေ့ရလိမ့်မယ်၊၊

ဘာကြောင့်ဆို ပြည်သူလူထုနဲ့စစ်တပ်ကြားမှာ ဘာနိုင်ငံရေးပြဿနာမှမရှိပါဘဲ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြား တိုင်းပြည် အာဏာဝေခွဲရေးအတွက် အချင်းများပြီးဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ် မရှိဘဲ ( စစ်အာဏာရှင်ကနေ တိုင်းရင်းသားအင်အားစုများနဲ့ လူမျိုးစုပြည်သူများကို ချေမှုန်းတိုက်ခိုက်နေတဲ့ ဒေသအလိုက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မျိုးတော့ရှိနေတယ်) ၊အမျိုးသား ညီ ညွတ် ရေးပျက်ပြားနေသယောင်၊တိုင်းပြည်ပြိုကွဲတော့မလိုလို၊ တိုင်းတပါးကလာပြီး သိမ်းပိုက်တော့မလိုလို ၊အဲဒီ့ ယောင်ယောင် တွေ၊လိုလိုတွေနဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ကာကွယ်ရမယ့် အမျိုးသားစစ်တပ်ကို ဖက်ဆစ်တပ်လိုအသွင်ပြောင်းစေပြီး၊ ပြည် သူ တွေရဲ့အချုပ်အချာအာဏာကို ပြည်သူ့သဘောဆန္ဒမပါဘဲ မတရားသိမ်းပိုက်ထားပြီး ၊တိုင်းပြည်ရဲ့မြေ ပေါ်မြေအောက် သယံ ဇာတတွေကို အလွဲသုံးစားပြုနေတဲ့ ၊ စစ်ခေါင်းဆောင်တချို့ကြောင့် ဖြစ်ပေါ်နေတဲ့ ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လူမျိုးတုံး သတ် ဖြတ်မူတွေ ၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ၊ ဥပဒေမဲ့ အနိုင်ကျင့် အုပ်ချုပ်မူတွေ ၊ တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ် နေ မှုတွေသာဖြစ်တယ်၊၊

တကယ်က တိုင်းပြည်တခုရဲ့အချုပ်အချာအာဏာဆိုတာ ပြည်သူလူထုထံကသာဆင်းသက် တာဖြစ်သလို ၊ အမျိုးသားစစ်တပ် ဆိုတာ လူတန်းစားတစ်ရပ် မဟုတ်သလို ၊ လူမျိုးစုတရပ် လည်းမဟုတ်ပါဘူး၊၊စစ်တပ်ဆိုတာ တိုင်းပြည်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုသာဖြစ်ပြီး ၊ ပြည်သူ ကို အလုပ်အကျွေးပြုဖို့သာဖြစ်ပါတယ် ၊တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်တွေ ၊ ပြဌာန်းပိုင် ခွင့်တွေ ဆိုတာ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းရမှာသာဖြစ်ပါတယ်၊ ဒါကြောင့် စစ်ခေါင်း ဆောင်တွေပြောနေသလို အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာဟာ၊ စစ်အာဏာရူးလက်တ ဆုပ်စာလူတစ်စုနဲ့ ပြည်သူလူထုကြားမှာ ဘာမှလုပ်စရာမလိုအပ်သလို ၊ ရှိလဲမရှိ ပါဘူး ။
တကယ်ဖြစ်ပေါ်နေတဲ့ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာအားလုံးဟာ စစ်အာဏာရှင်လူတစုကြောင့်သာ ဖြစ်ပေါ်နေတာဖြစ်ပြီး၊ လက်ရှိ မှာ ဖြစ်ပေါ်နေတာကလည်း ပြည်သူလူထုရဲ့အာဏာကို ပြည်သူလူထုရဲ့လက်ထဲပြန်လည်ရောက်ရှိပြီး ၊ ပြည်သူလူထုရဲ့အကျိုး စီး ပွားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုသူတွေနဲ့ ပြည်သူလူထုရဲ့အာဏာကို လက်နက်နဲ့အနိုင်ကျင့် သိမ်းပိုက်ထားပြီး၊ကိုယ်ကျိုး စီး ပွားရှာနေသူတွေကြားက တိုက်ပွဲသာဖြစ်တယ်၊၊
ဒါကြောင့် ဗမာပြည်ကို ( ပြည်သူတစ်ရပ်လုံးရဲ့ဘဝတွေ ) တည်ငြိမ်ဖို့ ၊ ငြိမ်းချမ်းဖို့ ၊ တိုးတက် စေဖို့ဆိုတဲ့ အဖြေမှန်ကတော့ စစ် အာဏာရူးတစ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားနိုင်မှသာဖြစ်တယ်၊၊

တခါတရံမှာ နိုင်ငံရေးစကားလုံးတွေကို ဖယ်ရှားပြီးကြည့်ဖို့လိုအပ်ပါတယ်၊ဘာ့ကြောင့်လဲဆို စကားလုံးတွေကိုအကာအကွယ်လုပ် ပြီး စစ်တပ်ကိုမှိုင်းတိုက်ထားတဲ့ ၊ ပြည်သူကို ခြိမ်းခြောက် ထားတဲ့ ၊ နိုင်ငံတကာကိုလိမ်လည်ထားတဲ့ စစ်အာဏာရူးတစုရဲ့အရွေ့ နဲ့အတွင်းသရုပ်ကို ရှင်း ရှင်းလင်းလင်းမြင်နိုင်အောင်လို့ပါပဲ၊၊ဘယ်နိုင်ငံမှာမဆို စစ်အာဏာရှင်စနစ်ကို တည်ဆောက်ခွင့်၊ အသက် ရှင်ခွင့်ပေးနေသရွေ့ ၊ ပြည်သူဟာ အဖိနှိပ်ခံဘဝနဲ့ဆင်းရဲတွင်းက ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ပါဘူး ၊၊

အခုအချိန်မှာ ဗမာပြည်ရဲ့အနေအထားဟာ ဒီမိုကရေစီရေးလှုပ်ရှားမူအတွက်သက်သက်သာ မကတော့ပါဘူး၊ပြည်သူ တစ်ရပ်လုံး အတွက် စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက် ဖို့ပါရုန်းကန်ရမယ့် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု တိုက်ပွဲ ပုံ သဏ္ဍာန်အဆင့်ကို ဦးတည် သွားပြီဖြစ်ပါတယ်၊၊
ဒီနေရာမှာ အလွန်ကြီးမားတဲ့အခက်အခဲတစ်ခုက စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ကြိုးစားနေသူတွေကြား ရှုမြင်ပုံတွေထွေပြား ဝေဝါးနေတဲ့ ကိစ္စဟာ တနေ့တခြား ပိုမို ရှုပ်ထွေးလာကြပြီး ကွဲပြားမှုတွေကပိုမိုနက်ရိုင်းလာတာပဲဖြစ်တယ်။ဦးစွာစဉ်းစားကြည့်ရင် အတွေးအခေါ်ပိုင်းအရ စိန်ခေါ်မူတွေဖြစ်ပေါ်လာသလို ရှိနေခဲ့ပေမယ့် ၊ တကယ့်ဖြစ်စဉ်တွေအရကတော့ အတွေးအခေါ် မတူညီ ကြသယောင်ယောင်နဲ့ (တကယ်ကတော့) ရပ်တည်ချက် မတူညီကြတဲ့ပြဿနာ ဖြစ်ပါတယ်။ အတွေးအခေါ်တိုက်ပွဲလို့ ပြောလို့ မရတာကတော့ စစ်တပ်အုပ်ချုပ်တာမကောင်းကြောင်းနဲ့ စစ်ခေါင်းဆောင်တွေမကောင်းကြောင်းကို သိပါတယ်လို့ တဖွဖွပြောနေ သူတွေ တချို့ကပဲ စစ်ခေါင်းဆောင်တွေကို တိုင်းပြည်ကယ်တင်ရှင်လိုလို တိုင်းပြည်ကိုတရား ဝင်အုပ်ချုပ်နေသူတွေလိုလို သတ် မှတ်ပေးနေကြတဲ့ကိစ္စက ရပ်တည်ချက်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မြင်နေတာဖြစ်တဲ့အတွက် အတွေးအခေါ်လမ်းကြောင်း ပေါ် ကနေ သွေခွာပြီးအကျိုးစီးပွားဆိုတဲ့ဘက်ကိုရောက်သွားတဲ့အတွက် ဒီလုပ်ရပ်မျိုးဟာ တိုင်းပြည်တစ်ခုအတွက် လမ်းကြောင်းမှန် ကို ရှာဖွေကြတဲ့အခါမှာတော့ တော်တော်အကြည့် ရဆိုးတဲ့ပြဿနာဖြစ်တယ်၊၊

ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားပေါ်ကနေ ကြည့်မြင် ချဉ်းကပ်ကြတာဟာ ကြီးကျယ်တဲ့ပြဿနာ တစ်ခုမဖြစ်ပေ မယ့် တိုင်းပြည်တစ်ခုလုံးအတွက် (သို့) ပြည်သူတစ်ရပ်လုံးအတွက်ကျတော့ ပုဂ္ဂိုလ်အကျိုးစီးပွားကနေ ဖယ်ခွာပြီး ရှုမြင်သင့် ချဉ်းကပ် သင့်ပါတယ်။
ဒါကြောင့် ပြည်သူအတွက်လုပ်နေသူတွေပါလို့ကြွေးကြော်နေကြသူတွေအားလုံးမှာ ငါ ဘာဖြစ်ချင်တာလဲဆိုတာထက် တိုင်းပြည် အတွက် ပြည်သူအတွက် ဘာဖြစ်ချင်တာလဲဆိုတာက ပိုအရေး ကြီးပါတယ်၊၊
အတွေးအခေါ်ပိုင်းအရ ပြည်သူလူထုအတွက်အခြေခံပြီးတော့ စဉ်းစားတယ်ဆိုရင် ပြည်သူတွေ ငတ်နေတယ်ဆိုတာလောက်နဲ့ မလုံလောက်တော့ပါဘူး။ ငတ်နေတာကိုကျွေးထားနိုင်ဖို့ စီးပွား ရေးအထိုင်တစ်ခုထဲကနေ ရှုမြင်နေလို့မရနိုင်တဲ့အကြောင်း အ ချက် က စီးပွားရေးစနစ်တခု တည်ငြိမ်ဖို့ တိုးတက်ဖို့ရာ ခိုင်မာတဲ့နိုင်ငံရေးဖြစ်စဉ်မရှိဘဲ မရနိုင်လို့ဖြစ်ပါတယ်။ ဘာကြောင့်ဆို ကြိုးနီစနစ်နဲ့ထိန်းချုပ်ထားတဲ့ ဘယ်လိုစီးပွားရေးစနစ်မျိုးမှ မှန်မှန်ကန်ကန်တိုးတက်မှု မရနိုင် သလို ၊ အချက်အချာကျတဲ့စီးပွား ရေး ဖြစ်စဉ်တွေအားလုံးဟာ လူတန်းစားတစ်ခု ဒါမှမဟုတ် လက်တစ်ဆုပ်စာ လူတွေလက်ထဲမှာပဲ ရှိနေမှာဖြစ်လို့ဖြစ်တယ် ၊၊

ဒါကြောင့်….. လွတ်လပ်တဲ့ဘဝတည်ဆောက်မှုနဲ့ တည်ငြိမ်ခိုင်ခန့်တဲ့လူ့အဖွဲ့အစည်းမျိုး မဖြစ် ပေါ်နိုင်တဲ့အနေအထား မျိုးမှန် သ မျှကို ဖယ်ရှားပစ်ဖို့ရာ အရေးအကြီးဆုံးကိစ္စရပ်ဖြစ်လာတယ်။ အခြေခံ မမှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြည်သူကို စစ် စစ် မှန်မှန်အကျိုးရှိစေဖို့ဆိုတာကတော့ အတ္တမာန်မာနနဲ့ စိတ်ကူးယဉ်ဆန်တဲ့သူတွေရဲ့ ပြည်သူတွေဘဝ လွတ်လပ်အေးချမ်းဖို့ ရာအတွက် အကောင်အထည်ဖြစ်မလာနိုင်တဲ့ နိုင်ငံရေးချဉ်းကပ်မှုမျိုးသာဖြစ်ပေလိမ့်မယ်၊၊

တစ်စုံလုံး ပြောင်းလဲမှရမယ့်အဆောက်အအုံတစ်ခုကို ဟိုနေရာပြောင်း ၊ ဒီနေရာလဲ လုပ်ရုံနဲ့ ပြည်သူတွေရဲ့ စစ်ကိုလိုနီလက် အောက်က နင်းပြားဘဝနဲ့အကျပ်အတည်းအားလုံးဟာ ကောင်းမွန်လာစရာမရှိပါဘူး။ ခွဲစိတ်ပစ်ဖို့လိုနေတဲ့ စစ်အာဏာရှင် ကင်ဆာ စနစ်ဆိုးအောက်ကနေ လုံးဝ လွတ်မြောက်မှသာ ပြည်သူတွေရဲ့ဘဝဟာ လူချင်းတူတူ သူချင်းမျှမျှ ဘဝမျိုးကို ရောက် နိုင်မယ် ဆိုတာ သိထားဖို့လိုပါတယ်။ စစ်အာဏာစနစ်ဆိုးရဲ့ တဖြည်းဖြည်းလှိုက်စားလာမှုကြောင့် (ဘဝရပ်တည်မှုနဲ့ ဆက်လက် အသက်ရှင်သန်ရေးအတွက်ရုန်းကန်ရွေ့ရှားကြရင်း) မသိမသာ အခြေအနေကနေ ခုဆိုရင်သိသိသာသာဖြစ်ပေါ်လာပြီဖြစ်တဲ့ ပြည် သူတစ်ရပ်လုံးရဲ့ စိတ်ဓါတ် ပိုင်းဆိုင်ရာ ချို့ယွင်းပျက်ဆီးနေမှုဟာ အနာဂတ်မျိုးဆက်အားလုံးအတွက် အရေးအကြီးဆုံး စိန်ခေါ်မူတစ်ရပ်ဖြစ်နေပြီဆိုတာ နိုင်ငံရေးဝန်းကျင်တစ်ခုလုံးအနေနဲ့ကို ထည့်သွင်းတွက် ချက်ရမယ့်အချက်ဖြစ်တယ်၊၊

အဓိကကျတဲ့ ကြောက်စရာအကောင်းဆုံး အနေအထားနှစ်ရပ်ကတော့ အကြောက်တရားလွှမ်းမိုးခံထားရတဲ့စိတ်နဲ့ ကိုယ်ကျင့် တရားကို တန်ဘိုးမထားတတ်တော့တဲ့စိတ်ပဲဖြစ်တယ်။
ဒီအခြေအနေကို ဘာကြောင့်ရောက်လာရသလဲဆိုတော့ ဥပဒေမဲ့ မတရားဖိနှိပ်ရက်စက်မှုများကို အသက်သွင်းကြီးထွားနေစေတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဒီစနစ်ကိုမောင်းနှင်နေသူတွေကြောင့်ဖြစ်ပြီး ၊ တဖက်မှာလျော်ကန်သင့်မြတ်တဲ့ နိုင်ငံရေးဝန်းကျင် တစ် ရပ် မရှိတဲ့အတွက် မိမိတို့ရဲ့ မူရင်းလူ့အဖွဲ့အစည်းမှာရှိတဲ့ စံတန်ဘိုးတွေကို ပစ်ချပြီး ဘဝကိုရပ်တည်နေရတဲ့အရွေ့ တွေကြောင့် ပဲဖြစ်တယ် ၊၊

ဒါကြောင့်…
တိုင်းပြည်ကိုချစ်တယ်၊ ပြည်သူကိုချစ်တယ်ဆိုပြီး ကောင်းအောင်လုပ်ချင်သူများအနေနဲ့၊ပြည်သူလူထုအတွက်စား ရရုံ ၊ ဝတ်ရရုံ ၊ နေရရုံ စဉ်းစားပေးကြမယ့်အစား ၊စိတ်ပိုင်းနဲ့ရုပ်ပိုင်းနှစ်ခုစလုံး လွတ်လပ်၊ရှင်သန်တဲ့ ဘဝမျိုးတွေဖြစ်ပေါ်လာအောင် အခြေခံစဉ် စားချက်တွေကို ပြင်ဆင်ကြမယ်ဆိုရင် ပိုကောင်းတဲ့ချဉ်းကပ်မှုဖြစ်ပါလိမ့်မယ်၊၊
(တကယ်က လူ့ဘဝဆိုတာ စားဝတ်နေမှုဆိုတဲ့ ဘောင်ထက်ကျော်လွန်တယ်ဆိုတာကို ထည့် သွင်းပုံဖော်ပေးနိုင်ဖို့ လိုအပ် ပါတယ်၊၊)

သက်ထွန်း---၂၅။၉။၀၉
ဟစ်တိုင်သတင်းစာမျက်နှာမှကူးယူဖေါ်ပြသည်

No comments:

Post a Comment