ondragstart="return false" onselectstart="return false"

Monday, September 28, 2009

တိုက်ပွဲသတင်း

စာဖတ်ပုရိတ်သတ်များခင်ဗျား ကြေးနန်းစာ တိုက်ပွဲသတင်း များကို အကျဉ်းချုပ်မြန်မာလိုပြန်ဆိုထားပါသည်။ ဗမာ့စစ်တပ်အတွက် ကျဆုံး ထိခိုက် ဒဏ်ရာ ရသော DKBA တပ်သားများအတွက် ၀မ်းနည်းရမလား ၀မ်းသာရမလါး မဝေခွဲတတ်တော့ပါ။ ဒါပေမယ့် ကျဆုံးသွားတဲ့ ဗမာ့တပ်မတော်သား နဲ့ ဒဏ်ရာ ရသူတွေ အတွက်ကတော့ သေချာဒါက မင်းတို့ တွေပေးဆပ်ဒါ တွေဟာ ဗမာပြည်ထောင်စုကြီးအတွက်မဟုတ်ဘူးဆိုဒါပဲ.နအဖ စစ်အာဏာရှင် သန်းရွေ၊မောင်အေး၊ နဲ့ ထိပ်ပိုင်းလူတစု ကောင်းစားရေးအတွက်သာဖြစ်ကြောင်း ဆိုဒါ သိစေလိုပါသည်။

တပ်မဟာ(၅) ဖာဖွန်ခရိုင်

၂၁၊၀၉၊၂၀၀၉ - အချိန် ၀၉း၅၅ - ဘိုးနာကြိုး တမေခီး နယ်မြေရန်သူကိုချောင်းမြောင်းပစ်ခတ်ရန် နအဖ စစ်သား(၁)ဦးသေ။ တဆက်တည်း ထီးဖာဒိုခီး နေမြေ၌ ဆွဲမိုင်းဖြင့်တိုက်ရန် နအဖ စစ်သား (၄)ဦးဒဏ်ရာရ၊ ဆက်လက်ပြီး ထိုနေ့ တွင် တဆက်တည်း၎င်းတပ်ကို ထီးဖာဒိုခီး နှင့် ဒွယ်လွန်းပိုအရှေ့ ပိုင်းနေရာတွင် ပြောက်ကျားပစ်ခတ်ရန် နအဖ တပ် (၆)ဦးဒဏ်ရာရအထည့်တွင် (၃)ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိ။
23/09/2009 – အချိန်- 15:16 - ခမရ(၂၁၇) နှင့် ကျွန်ပ်တို့ အထူးပြောက်ကျား ဆောဆေးဒေး နယ်မြေ၌ ရင်ဆိုင်တိုက်ပွဲဖြစ်- နအဖ (၁)ဦးဒဏ်ရာရ
၂၄၊၀၉၊၂၀၀၉ - အချိန်- ၁၉း၃၀ - လေးအိမ်စုရှိ DKBA ကိုဝင်ရောက်ပစ်ခတ်ရန် အားလုံးထွက်ပြေး- အသေအပျောက်ထိခိုက်ဒဏ်ရာရ မသိရသေး- ကာဘိုင်တလက်နှင့် စကားပြောစက်တစ်လုံး သိမ်းပိုက်ရရှိ။ တဆက်တည်း ထိုနေ့ တွင် ပြောက်ကျားပစ်ခတ်ရန် DKBA ဖက်မှ အရာခံဗိုလ်(၁)ဦးကျဆုံး၊ (၄)ဦးဒဏ်ရာရ။

၂၅၊၀၉၊၂၀၀၉ - အချိန်- ၁၃း၂၅ - ဖေါနာဒေး တမေခီး နယ်မြေ၌ ရန်သူကို ချောင်းမြောင်းပစ်ခတ်ရန် နအဖ တပ် (၁)ဦး ဒဏ်ရာရ၊ တဆက်တည်း ၁၄း၁၅ နာရီအချိန်တွင် ဆာလော်ပူ တမေခီးနယ်မြေ၌ ရန်သူကို ချောင်းမြောင်းပစ်ခတ်ရန် နအဖတပ် (၁)ဦးသေ။
၂၆၊၀၉၊၂၀၀၉ - အချိန် - ၁၆း၂၀ - ရန်သူတပ်ကို နိုခဲထာကားလမ်းပေါ်တကြိမ် ပြောက်ကျားပစ်ခတ်ရန် နအဖတပ် (၁)ဦးသေ (၂)ဦးဒဏ်ရာရ။ တဆက်တည်း ထိုနေ့ ၀၆း၀၀ နာရီအချိန်တွင် နိုခဲထာ ကိုဝင်ရောက်တိုက်ခိုက်ရန် နအဖ (၅)ဦးသေ၊ (၂)ဒဏ်ရာရ၊ K-3 M79 တလက်၊ K-3 တလက် သိမ်းပိုက်ရရှိ။

တပ်မဟာ(၇) ဖားအံ့ခရိုင်

၂၇၊၀၉၊၂၀၀၉ - အချိန် - ၁၁း၃၀ - ဘော်သိုထာ နယ်မြေ၌ DKBA ပြောက်ကျားအပစ်ခံရ - (၂)ဦးဒဏ်ရာရ။ တဆက်တည်း ၁၈း၀၀ အချိန်တွင် ထီးလေးခီးအရပ်၌ DKBA ပြောက်ကျားအပစ်ခံရ ရာတွင် (၁)ဦးဒဏ်ရာရ။ တဆက်တည်း ၁၈း၁၀ အချိန်တွင် ကရေထ တွင် ဒီကေဘီအေ ပြောက်ကျားအပစ်ခံရပြန် (၁)ဦးကျဆုံး။ ဆက်လက်၍ ၁၈း၃၀ အချိန်တွင် နော်တထာ အရပ်၌ ဒီကေဘီအေ ပြောက်ကျားအပစ်ခံရ (၁)ဦးဒဏ်ရာရ။
၂၈၊၀၉၊၂၀၀၉ - အချိန် - ၀၆း၃၀ - ဘော်ဆောမီအရပ်၌ ဒီကေဘီအေ ဆက်လက်ပြီး (၁)ဦးဒဏ်ရာရ။

Information)

No comments:

Post a Comment