ondragstart="return false" onselectstart="return false"

Thursday, September 17, 2009

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

ဗုံးတွေပေါက်တာ ဘယ်သူ့ လက်ချက်မှ မဟုတ်ဘူး...နအဖ ကသူ့ ဟာသူ ဖေါက်ဒါ...ရွေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်..ကြိုတင်ပြင်ဆင်ဒါ...ဖြစ်လာရင်..လူထုကို လက်နက်ဖြင့်ပစ်သတ်ဖို့ ကြိုတင်ဖန်တီးမှုဖြစ်ပါသည်။ ဟိုအဖွဲ့ ဒီအဖွဲ့ ဆိုပြီး လက်ညိုးထိုးပြီးရင်...သူတို့ ထောင်ချခြင်တဲ့လူ မကြာခင်ဖမ်းတော့မည်...ဒါတွေရိုးနေပြီဗျို့ ....

မျိုးချစ်သူ/ ၁၇ စက်တင်ဘာ ၂၀၀၉။ ခေတ်ပြိုင်

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ချိန်ကိုက်အသေးစားဗုံးလေးတွေပါပဲ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု အဆိုပါရဲအရာရှိက ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့စက်ရုံက ဘယ်သူမှ ထိခိုက်မှုဖြစ်တာ မရှိဘူး။ ကျနော်တို့ထင်တာက ထရန်စဖော်မာ ပေါက်တာထင်လို့ လျှပ်စစ်ကို အကြောင်းကြားတာ။ သူတို့တွေလာမှ ဗုံးပေါက်မှန်း သိရတာပါ။ ပေါက်ကွဲတဲ့နေရာအနီးမှာတော့ စက်ရုံနံရံကို ထိသွားတယ်၊ ပြိုကျသွားတယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန် ဂျိုနာအထည်စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။

“ဘယ်သူ့ လက်ချက်လဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ စက်မှုဇုန်တွေကိုမှ ဘာလို့ အဲဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့လည်း စဉ်းစားနေတယ်” ဟု စက်မှုဇုန်၊ စီမံခန့်ခွဲရေးလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်သူ အကြီးအကဲတဦးက ပြောသည်

No comments:

Post a Comment